Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဖရီးမီယံ သို့တည်းမဟုတ် အမြည်းပေးဈေးရောင်းစနစ်

Posted on March 8, 2015September 3, 2025 by Han Zaw
ဖရီးမီယံ
ဖရီးမီယံ

လုပ်ငန်းတစ်ခု၏ စီးပွားရေးပုံစံတစ်ခုသည် ရောင်းခြင်းနှင့်ဝယ်ယူခြင်းတွင် အခြေခံလေ့ရှိကြသည်။ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုနှင့် ဉာဏဆိုင်ရာ၊ လုပ်အားဆိုင်ရာများကို ရယူအသုံးပြုခြင်းအတွက် ပေးရသည့် ငွေကြေးတစ်စုံတရာအတွက်ကိုလည်း ရောင်းဝယ်ခြင်းအဖြစ် မှတ်ယူကြလေသည်။

ကုန်ပစ္စည်းတစ်ခုကို လိုအပ်သူက ရောင်းသူထံမှ အခကြေးငွေဖြင့် ဝယ်ယူမည်ဖြစ်သည်။ ထို့အတူ ရုပ်ဝတ္ထုပစ္စည်းမဟုတ်သည့် ဝန်ဆောင်မှုတစ်ခုကိုလည်း လိုအပ်သူက ရယူအသုံးပြုလို၍ ပေးလိုက်ရသော အခကြေးငွေတွင် လိုအပ်သူသည် ဝယ်ယူသူဖြစ်ပြီး ဝန်ဆောင်မှုပေးသူသည် ရောင်းချသူဖြစ်သည်။ ထို့အတူ ကော်လာဖြူလုပ်သားများနှင့်ကော်လာပြာလုပ်သားများ၏ လုပ်အားခအတွက် ငွေကြေးပေးသူကို လုပ်အားဝယ်ယူသူအဖြစ် သတ်မှတ်ပြီး အလုပ်လုပ်ကိုင်ပေးသူကို လုပ်အားရောင်းချသူအဖြစ် သတ်မှတ်ကြ သည်။ ထို့ကြောင့် လုပ်ငန်းများအားလုံးသည် ရောင်းခြင်းနှင့်ဝယ်ယူခြင်းဆိုသော စီးပွားရေးပုံသဏ္ဍာန် တစ်ခုအပေါ်တွင် ရပ်တည်ကြသည်။
ထိုအခြေခံအပေါ်တွင် မူတည်၍ သို့တည်းမဟုတ် အခြေခံ၍ ဝင်ငွေရရှိသော စီးပွားရေးပုံသဏ္ဍာန်များသည် ကွဲပြားစွာ ထွက်ပေါ်လာခဲ့သည်။ နည်းပညာဈေးကွက်အပါအဝင် အခြားသောလုပ်ငန်းများတွင်လည်း ပုံစံအသစ် စီးပွားရေးပုံသဏ္ဍာန်များကို အသုံးပြုလာကြသည်။

ဖရီးမီယံ(Freemium)
ဖရီးမီယံ(Freemium)သည် အင်္ဂလိပ်ဝေါဟာရဖြစ်သော Free နှင့် Premium စကားလုံးနှစ်ခုကို ပေါင်းစည်းထား သော ဝေါဟာရဖြစ်သည်။ Free ၏ မူလအဓိပ္ပါယ်မှာ လွတ်လပ်ခြင်းနှင့်အခမဲ့ခြင်းဖြစ်သည်။ Premium ၏ မူလအဓိပ္ပါယ်မှာ အာမခံခြင်းဖြစ်သည်။ Free နှင့် Premium ဝေါဟာရနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် Freemium စကားလုံးအသစ်ပေါ်ပေါက်လာရာ ဆိုလိုရင်းအဓိပ္ပါယ်များသည်လည်း မူလစကားလုံး၏ မူရင်း အဓိပ္ပါယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အခမဲ့၊ လွတ်လပ်ခြင်းအဓိပ္ပါယ်ရသော Free နှင့် အာမခံခြင်း အဓိပ္ပါယ်ရသော Premium တို့နှစ်ခုပေါင်းစည်းထားခြင်းကြောင့် လွတ်လပ်၍ အခမဲ့ရသောအာမခံဟု အဓိပ္ပါယ်ကောက်ယူလျှင် မှားယွင်းနေမည်ဖြစ်သည်။
ဖရီးမီယံ(Freemium)၏ ဆိုလိုရင်းသဘောသဘာဝသည် ထိုသို့မဟုတ်ပါ။ Freemium ကိုလည်း မြန်မာဘာသာအတွက် ဘာသာပြန်စကားလုံးအဖြစ်လည်း မပြုလိုပါ။ Freemium ကို မွေးစားစကားလုံး အဖြစ် အသံဖလှယ်၍ ဖရီးမီယံဟုသာ သုံးစွဲလိုပါသည်။ ထိုမှသာ စကားလုံး၏ ဆိုလိုရင်းကို တိုက်ရိုက် နားလည်နိုင်မည်ဟု ယူဆရသည်။ သို့တည်းမဟုတ်ပါက အမြည်းပေးဈေးရောင်းစနစ်ဟု ဘာသာပြန်ဆို ကောင်း ပြန်ဆိုနိုင်မည်ဖြစ်သည်။

အမြည်းပေးခြင်း
မြန်မာ့ဓလေ့ရောင်းဝယ်မှုပုံစံတွင် ရောင်းကုန်တစ်ခု သို့တည်းမဟုတ် စားသောက်ကုန်တစ်ခုကို ဝယ်ယူသူ အနေဖြင့် အပြီးအပိုင်ဝယ်ယူမှု မပြုမီ စမ်းသပ်အသုံးပြုနိုင်ရန် ရောင်းချသူက နမူနာသဘောပေး၍ အသုံးပြုစေသည်။ ထိုသို့ပြုမှုခြင်းကို စမ်းသုံးကြည့်ခြင်းဟု ဆိုကြပြီး စကားအားဖြင့် စမ်းသုံးကြည့်ပါ၊ ကြိုက်မှ ဝယ်ပါ ဟုဆိုကြသည်။ ထို့အတူ စားသောက်ကုန်များကို ဝယ်ယူမည်ဆိုပါက မဝယ်မီကာလတွင် အဆင်သင့်စီမံထားသော စားသောက်ကုန်နမူနာများကို စမ်းသပ်မြည်းကြည့်စေပြီး ကြိုက်နှစ်သက်မှသာ ဝယ်ယူသူကိုလိုအပ်သ၍ ဝယ်ယူစေသည်။ ထိုသို့ ပြုမူခြင်းကို အမြည်းပေးသည်ဟု သုံးနှုန်းကြသည်။ ထိုအသုံးအနှုန်းကို စားသောက်ကုန်တွင်သာ အထူးသဖြင့်အသုံးပြုကြသော်လည်း အခြားသောဝန်ဆောင်မှု များနှင့်ထုတ်ကုန်များရောင်းချရာတွင် နမူနာပေးသုံးခြင်းကို အမြည်းပေးသည်ဟုလည်း ရံဖန်ရံခါ သုံးစွဲကြသည်။ ထိုသို့အမြည်းပေးသောအလေ့ကို မန္တလေးမြို့ရှိ ထိုးမုန့်ဆိုင်များ၊ ကျိုက်ထီးရိုးစေတီအနီး ဝန်းကျင်ရှိ ယိုမျိုးစုံဆိုင်များတွင် တွေ့ရလေ့ရှိပြီး မြန်မာနိုင်ငံအနှံအပြားတွင်လည်း အမြည်းပေးဈေးရောင်း သောစနစ်ကို အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။

ဖရီးမီယံ၏ သဘောသဘာဝ
ဖရီးမီယံစနစ်တွင် ဝန်ဆောင်မှုတစ်ခု သို့တည်းမဟုတ် ထုတ်ကုန်တစ်ခုကို အခြေအနေအတိုင်းအတာ တစ်ခုအထိ အခမဲ့ပေး၍ အသုံးပြုစေသည်။ ထိုအခမဲ့အခြေအနေတွင် အသုံးပြုသူသည် အခြေခံလုပ်ငန်း ဆောင်တာများကို ကောင်းမွန်လုံလောက်စွာ အသုံးပြုနေနိုင်မည်ဖြစ်သည်။ မိမိ၏ လုပ်ငန်းသို့တည်း မဟုတ် မိမိအသုံးပြုရသောအခြေအနေသည် အခမဲ့စနစ်တွင်ပေးထားသည်နှင့် မလုံလောက်ပါက အခကြေး ငွေယူသော အာမခံထုတ်ကုန်ကို ဝယ်ယူရမည်ဖြစ်သည်။
ထို့ကြောင့် ဖရီးမီယံ၏ စီးပွားရေးပုံသဏ္ဍာန်သည် ထုတ်ကုန်၊ ဝန်ဆောင်မှုတစ်ခုကို အတိုင်းအတာတစ်ခု အထိ မိမိလိုအပ်သည့်အခြေအနေအလိုက် အခမဲ့အသုံးပြုနေနိုင်သည်။ ထိုအခြေအနေထက် ပိုမိုလိုအပ်လာ ပါက ထိုထုတ်ကုန်၊ ဝန်ဆောင်မှု၏ အခြားသောအဆင့်မြင့်အစိတ်အပိုင်းများကို အခကြေးငွေပေး၍ ဝယ်ယူသုံးစွဲရမည်ဖြစ်သည်။ ထို့ကြောင့် ဖရီးမီယံစနစ်သည် အမြည်းပေးဈေးရောင်းသောစနစ်နှင့် သဘောသဘာဝတူညီသည်ဟု ဆိုနိုင်သည်။

စကားလုံးထွင်သည့် နှစ်၊ လူပုဂ္ဂိုလ်
ဖရီးမီယံ (Freemium) စကားလုံးကို Jarid Lukin ဆိုသူက ၂၀ဝ၆ ခုနှစ် တွင်စတင်တီထွင်ခဲ့သည်။ ဖရီးမီယံ စီးပွားရေးပုံသဏ္ဍာန်သည် ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလတွင် အစပြုခဲ့သည်။ အိုင်စီတီဆိုင်ရာထုတ်ကုန် များကို အခမဲ့ပေးသုံးခြင်းနှင့်လိုအပ်သောအစိတ်အပိုင်းများကိုသာ အခကြေးငွေပေး၍ အသုံးပြုစေခြင်း ဖြစ်စတင်ခဲ့သည်။ ထိုစနစ်ကို အိုင်စီတီနည်းပညာနယ်ပယ်တွင်သာမက အခြားသောလုပ်ငန်းနယ်ပယ်များ တွင်လည်း အသုံးပြုလာကြသည်။ ဖရီးမီယံအကြောင်းကို အသေးစိတ်လေ့လာလိုပါက အင်တာနက် စာမျက်နှာဖြစ်သည့် http://www.freemium.org တွင် ဝင်ရောက်လေ့လာနိုင်သည်။

ဟန်ဇော်
ကိုးကား-ဝီကီပီးဒီးယား

၂၀၁၅ ခုနှစ် ဇန်နဝါရီလထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင်
ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။

Category: Tech

Post navigation

← ရိုးစင်းခြင်း၊ လှပခြင်းနှင့် ကြော်ငြာကင်းစင်းခြင်းဖြင့် Ello လူမှုကွန်ရက်
ဘစ်ကွိုင်ငွေကြေး →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme