မြန်မာယူနီကုဒ်နှင့်ပတ်သက်၍ ဆရာမကြီး ဒေါက်တာမြင့်မြင့်သန်း ပြောကြားခဲ့သည်ကို မှတ်တမ်းအနေ ဖြင့် ၂၀၁၀ ပြည့်နှစ်ထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ထိုမှတ်တမ်းကို အကိုးအကားအားဖြင့် မှီငြမ်းနိုင်ရန် ဤနေရာတွင် သိမ်းဆည်းဖော်ပြအပ်ပါသည်။ ဇော်ဂျီနဲ့ မြန်မာသရီးက စံ(Standard)လုံးဝမတူဘူး။ လုံးဝ ပြောင်းနိုင်မှရမယ်။ ယူနီကုဒ်ကို လိုက်မယ်ဆိုရင်တော့ ဇော်ဂျီက လုံးဝယူနီကုဒ် မစစ်တဲ့အတွက် မသုံးရင် ကောင်းတယ်။ သူ(ဇော်ဂျီ)က တိုင်းရင်း သားဘာသာစကားတွေအတွက် ကျွန်မတို့ပေးထားတဲ့ ကုဒ်ကို မသုံးထားဘူး။ ပြီးတော့ သူ့ဂုဏ်သတ္တိတစ်ခုက ရရစ်ဆိုလည်း အရင် ဝင်းအင်းဝတို့ စီအီးတို့အတိုင်း ရရစ်မျိုးစုံရှိနေတယ်။ ဒါကြောင့် သူက လွယ်နေ တာလို့ ထင်ရတာပေါ့။ ကြုံတုန်းလေး သတင်းပေးချင်တာက ကွန်ပျူတာထဲမှာရှိတဲ့ control panel ထဲက Regional Setting က အလကားပေး…
Tag: Tech | နည်းပညာ
ဖိုတိုဗုံး
‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို…
လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း
သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယနေ့ကာလတွင် ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်ဝေါဟာရအားဖြင့် misinformation ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation ဟု ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။ တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း) (disinformation) လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်ပေါ်ခြင်း၊ လုပ်ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်သော ပုံစံရရှိအောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့အောင်အကောင်အထည်ဖော်ဆောင်လိုက်သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အခြေအနေကို ပုံစံဖျက်၍ မိမိအလိုရှိသောသဏ္ဍာန်အတိုင်း လုပ်ကြံကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်သော သတင်းအချက်အလက်များကို…
ကလစ်စာချခြင်း
ကလစ်တစ်ချက်၏ တန်ဖိုးသည် ဒီဂျစ်တယ်ခေတ် တနည်း အွန်လိုင်းယဉ်ကျေးမှုတွင် အလွန်အရေးပါသော တန်ဖိုးတစ်ခုဖြစ်လာ သည်။ အင်တာနက်စာမျက်နှာတစ်ခု၏ ကလစ်ရရှိမှုကြိမ်နှုန်းသည် ထိုအင်တာနက်စာမျက်နှာကို တည်ထောင်ထားသူ လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု၏ ငွေကြေးအားဖြင့် အကျိုးအမြတ်သော်လည်းကောင်း၊ ငွေကြေးမဟုတ်သော အခြားတန်ဖိုး တစ်ခုကိုသော်လည်းကောင်း အလွန်အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိလာသည်။ ထို့ကြောင့် အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများအတွင်း ကလစ်ရရှိမှုအရေအတွက် ရရှိစေရန် ကြိုးပမ်းအားထုတ်လာကြတော့သည်။ ထိုသို့ကြိုးပမ်းရာတွင် တရားသဖြင့် အားထုတ်ကြိုးပမ်းကြသကဲ့သို့ မသမာသောနည်း လမ်းများဖြင့် မိမိစာမျက်နှာသို့ လာရောက်လည်ပတ်စေရန် အားထုတ်ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ ထို့အတွက် လူကြိုက် သူကြိုက်များသော အကြောင်းအရာများကို လွှင့်တင်လာကြသည်။ လူကြိုက်သူကြိုက်များသော အကြောင်းအရာများတွင် အညှီအဟောက်ပါဝင်သော အကြောင်းအရာများ အများစုဖြစ်နေတတ်သည်။ လိင်မှုဆိုင်ရာကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများ၊ ကျန်းမာရေးအယောင်ပြ လိင်မှုကိစ္စဆိုင်ရာအကြောင်းအရာ များနှင့်လူစိတ်ဝင်စားမှုမြင့်တက်စေရန်စသည့်အကြောင်းအရာများကို ပုံစံဖျက်ထုတ်လွှင့်သော သတင်းအတုအယောင်များသည်…
အင်တာနက်သုံးအတိုကောက်စကားစုများ
အီးမေးလ်ပို့သောအခါမှာ စကားတိုများကို အသုံးပြုခြင်းသည် စာစီစာရိုက်ရသည့်အချိန်ကာလကို သက်သာစေသည်။ အချိန်ကုန် သက်သာပြီး မိမိပေးပို့လိုသော စာသားကိုလည်း ကျစ်လစ်စေပါသည်။ ယခုတင်ပြမည့် စကားတိုများသည် အင်္ဂလိပ်စကားတိုများ ဖြစ်သည်ကို သတိချပ်စေလိုပြီး အီးမေးလ်တိုင်းမှာလည်း စကားတိုကို အသုံးပြုဖို့ မသင့်တော်ဘူးဆိုသည်ကိုလည်း သတိချပ်သင့် ပါသည်။ အထူးသဖြင့် ရုံးပိုင်းဆိုင်ရာကိစ္စများနှင့်ခန့်ခန့်ညားညားရေးသားရမည့်စာများတွင် စကားတိုများကိုအသုံးပြုရန် မသင့်တော်ဟု ယူဆမိပါသည်။ မည်သည့်အချိန်တွင် မည်သို့အသုံးပြုသင့်သည်ဆိုသည်ကို မိမိကိုယ်တိုင်သာဆုံးဖြတ်သင့်ပါသည်။ Acronym နှင့် Netcronym acronym ဆိုသောဝေါဟာရအဓိပ္ပါယ်ကို Winner အင်္ဂလိပ်-မြန်မာ အသံထွက်အဘိဓာန်မှာ ‘‘စကားလုံးတစ်ခု၏ အစ စာလုံးများဖြင့် ဖွဲ့စည်းထားသည့် အတိုကောက်စကားစု’’ဟု ဖွင့်ဆိုထားပါသည်။ Cambridge Advanced Learner’s Dictionary တွင် စာရေးသူအနေဖြင့် ဆက်လက်တင်ပြမည့် စကားတိုများကို netcronym ဟု သုံးစွဲထားပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ…