Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Tag: အနုပညာပြပွဲ

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

Posted on July 15, 2016September 3, 2025 by Han Zaw

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ‌ကျော်ကာလမှာ ‌မွေးဖွားပြီး‌တော့ ၉ဝ ‌ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ က‌လေးများအတွက်‌တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်း‌တွေပါပဲ။ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌နေ့လည်စာ ထမင်းပန်းကန်ကို ‌ပေါင်‌ပေါ်တင်လို့…

Read more

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

Posted on July 7, 2016September 3, 2025 by Han Zaw

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့‌နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘‌လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အ‌ပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအ‌ခြေခံဖြစ်ခြင်းတို့ အ‌ပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အ‌ခြေခံကျ‌သောသ‌ဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်‌လျှောညီ‌ထွေ‌နေထိုင်ရင်း အလွယ်တကူထိ‌တွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်‌ပေးစဉ်းစား‌နေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်‌လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီ‌ပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် ‌လောကသဘာဝမှ တစ်စုံတစ်ရာကို…

Read more

ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

Posted on June 10, 2016September 3, 2025 by Han Zaw

The Ash(1970-)ဟု အမည်‌ပေးထား‌သော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ည‌နေပိုင်းက ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။ The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်‌ပေးထား‌သောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်‌ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့‌သော နိုင်ငံ‌တော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲ‌ပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ‌ခေတ်‌ပြောင်း‌တော်လှန်‌ရေးသမိုင်းဝင်မိန့်ခွန်း‌ပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏…

Read more

ဟန်ဆန်း ပါဝင်ပြသခဲ့သော အနုပညာပြပွဲများ

Posted on February 14, 2015September 3, 2025 by Han Sann

ဟန်ဆန်း ပါဝင်ပြသခဲ့သော အနုပညာပြပွဲများ

Read more

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2026 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme