Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

Book

သံမဏိနှင်းဆီ

Posted on December 19, 2018September 3, 2025 by Han Sann

‌ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်‌ရေး ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူ‌နေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုး‌တော်စပ်သည်ဆိုသူက ‌ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်‌သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်း‌သော အပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီ‌ပေါ်ခြင်းကိုပင် ‌ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူ‌နေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီပေါ်ခြင်းကိစ္စကို ‌ဖြေရှင်းခဲ့ရသည်။ အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်‌ထောင်ချ‌ပေးခြင်းခံရသည်။ အိမ်‌ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်‌ထောင်တစ်ခု ကို ထူ‌ထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်‌ကျေးကျွန်ဘဝကို ရင်ဆိုင်ရပြန်သည်။ ထို့‌နောက် ပြည့်တန်ဆာအိမ်သို့ ‌ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရခြင်း၊ ဧည့်သည်‌ပေါင်းများစွာဖြင့် ‌နေ့စဉ်ထိ‌တွေရပြီး လူ့ငရဲခန်းတွင်…

Read more

နိုင်ငံတော်အကျဉ်းသား(စာအုပ်)

Posted on November 26, 2018September 3, 2025 by Han Sann

တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ နိုင်ငံ‌ရေးပြစ်မှုဖြင့် ‌နေအိမ်အကျယ်ချုပ်ကျခံခဲ့ ရသည့် နိုင်ငံ‌ရေးအကျဉ်းသား ‌ကျောက်ကျိယန် ကိုယ်တိုင်‌ရေးသားမှတ်တမ်းတင်ခဲ့သည့် လျှို့ဝှက်နိုင်ငံ‌ရေးမှတ်တမ်းစာအုပ်ဖြစ် သည်။ ထိုမှတ်တမ်းကို ‌နေအိမ်အကျုယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရစဉ်အတွင်း ကက်ဆက်‌ခွေများဖြင့် နှစ်နှစ်ခန့်ကြာမြင့်‌အောင် လျှို့ဝှက်အသံသွင်းထားခဲ့သည်။ အသံသွင်းထားသည့် တိတ်ခွေသုံးဆယ်ကို ပြည်ပသို့ ခိုးထုတ်ခဲ့သည်။ ‌ကျောက်ကျိယန်ကွယ်လွန် သွား‌သောအခါ ထိုမှတ်တမ်းတိတ်‌ခွေကို စာအုပ်အဖြစ် ထုတ်‌ဝေခဲ့ကြသည်။ ‌ကျောက်ကျိယန် ဆိုသူမှာ ကျောက်ကျိယန်သည် ၁၉၆၅ ခုနှစ်၊ အသက် ၄၆ နှစ်အရွယ်တွင် ကွမ်တုန်ပြည်နယ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ပြည်နယ် တွင် စီးပွား‌ရေးလုပ်ငန်များ၌ သူ၏ စွမ်း‌ဆောင်‌အောင်မြင်မှုများ‌ကြောင့် ‘‘ထမင်းဝချင်က ကျိယန်ကို တ’’ဟု ‌ဒေသခံများက ကာရန်ကိုက်စာချိုး ‌ပြောဆိုကြသည်။ ၁၉၈ဝ ပြည့်နှစ်တွင် ‌ကျောက်ကျိယန်ကို ‌ပေကျင်းသို့‌ခေါ်ပြီး မကြာမီတွင် စီးပွား‌ရေးကိုင်ရ‌သော ဝန်ကြီးချုပ်ရာထူးတွင်…

Read more

စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် (စာအုပ်)

Posted on November 16, 2018September 3, 2025 by Han Sann

စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်သည် မဂ္ဂဇင်းများတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေဆိုင် ရာ‌ဆောင်းပါး(၁၈)ပုဒ်ကိုစုစည်း၍ နှစ်ကာလများ စာအုပ်တိုက်က ၂ဝ၁၄ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ၌ ထုတ်‌ဝေခဲ့‌သော စာအုပ်ဖြစ် သည်။ ထိုစာအုပ်သည် စာ‌ပေဆိုင်ရာအယူအဆ၊ အ‌ကောက်အယူ၊ နားလည်မှုနှင့်ပညာရည်မပြည့်ဝခြင်း‌ကြောင့် ခံစားရသည့် အကျိုးဆက်များကို ‌ဝေဖန်‌ထောက်ပြထား‌သော ‌ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်ကို စာအုပ်စီစဉ်သူ(စာအုပ်တိုက်)က တူညီရာအ‌ကြောင်း အရာနှင့်အမျိုးအစားအလိုက် အမျိုးအစားခွဲခြင်း၊ ကဏ္ဍခွဲခြင်းနှင့်ဖွင့်ဆိုရှင်းလင်းခြင်းများကို မပြုထား‌သော်လည်း (က)ဘာသာ ပြန်ခြင်းနှင့်ပတ်သက်၍ (ခ)တက်ကျမ်းများနှင့်ပတ်သက်၍ (ဂ)‌မော်ဒန်/ပို့စ်‌မော်ဒန်နှင့်ပတ်သက်၍ (ဃ)စာ‌ရေးဆရာနှစ်ဦး၏ စာ‌ပေလက်ရာများနှင့်ပတ်သက်၍ ဟူ‌သောအ‌ကြောင်းအရာများကို တင်ပြထား‌သော၊ ‌ထောက်ပြ‌ဝေဖန်ထား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်တွင် ဘာသာပြန်ခြင်းနှင့်ပတ်သက်၍ ဗမာဘာသာစကား မဟုတ်‌သော ‌ဝေါဟာရ၊ စကားလုံးများကို အသံဖလှယ်ယူရာတွင် မူမမှန်သည့် ကိစ္စများ၊ လွဲမှားခြင်းများ၊…

Read more

နေမျိုးကြီး ကဗျာတွေ ဖတ်မလား

Posted on November 9, 2018September 3, 2025 by Han Sann

‘‘‌နေမျိုးကြီး ကဗျာ‌တွေ ဖတ်မလား’’ဆို‌သော စာသားအစုအဖွဲ့သည် ကဗျာဆရာ‘‌နေမျိုး’၏ ‘လက်‌ရွေးစင်ကဗျာများ’ စာအုပ်တွင် ‌ဖော်ပြပါရှိခဲ့‌သော ‘‘လူဖြစ်ရတာ ‌ကောင်းတယ်’’ကဗျာအတွင်းမှ ဖြစ်ပါသည်။ ‘‌နေမျိုး၏ လက်‌ရွေးစင်ကဗျာ များ’စာအုပ်ကို နှစ်ကာလများစာ‌ပေက ၂ဝ၁၇ ခုနှစ် မတ်လတွင် ထုတ်‌ဝေလိုက်ပါသည်။ ‘‘၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်‌တွေမှာ ကြီးပြင်းခဲ့တဲ့ စာ‌ပေဝါသနာပါသူ လူငယ်‌တွေအတွက် ‌နေမျိုးရဲ့ ‌ရေးဟန်‌တွေဟာ ဆန်းသစ်မှု‌တွေ အပြည့်နဲ့။ တစ်လ၊ တစ်လ မဂ္ဂဇင်းမှာ ‌နေမျိုးရဲ့ ဝတ္ထုပါ‌လေမလား၊ ကဗျာပါ‌လေမလားဆိုပြီး ‌စောင့်ဖတ်ခဲ့ရတဲ့ အ‌နေအထားတစ်ခု’’ဟု နှစ်ကာလများစာ‌ပေ၏ ထုတ်‌ဝေသူလည်းဖြစ်၊ ကဗျာဆရာတစ်ဦးလည်းဖြစ်‌သော မိုး‌ဝေးက ‘‌နေမျိုး၏ လက်‌ရွေးစင်ကဗျာများ’စာအုပ်တွင် မှတ်ချက်ပြုထားခဲ့သည်။ စာအုပ်တွင် ‌နေမျိုး၏ ကဗျာလက်ရာ ၅၈ ပုဒ်ကို ‌ဖော်ပြထားသည်။ ‘လက်‌ရွေးစင်ကဗျာများ’ဟု စာအုပ်အမည်ကို‌ပေးထား၍ ‌နေမျိုး၏ ကဗျာလက်ရာများအနက်မှ ၅၈ ပုဒ်သာဖြစ်သည်ဟု…

Read more

နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်(စာအုပ်)

Posted on November 6, 2018September 3, 2025 by Han Sann

နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ၌ ‘ငါတို့စာပေ’စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဝတ္ထုတိုပေါင်း ချုပ်စာအုပ်တွင် နေမျိုး၏ ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် စကားပြေအရေးအသား(၁၁၆)ပုဒ် ပါဝင်သည်။ ‘ကြေးရုပ်မြို့တော်’၊ ‘တော ကျီးကန်း’၊ ‘ရုပ်ရှင်’အစရှိသည့် စကားပြေလက်ရာများအပါအဝင် နေမျိုး၏ ထင်ရှားသည့်စာပေလက်ရာများကို ဝတ္ထုတိုပေါင်း ချုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။ နေမျိုး၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုတိုစုစည်းမှုဟုဆိုသော်လည်း ဝတ္ထုလတ်ဟုသတ်မှတ်နိုင်သော ‘ရုပ်ရှင်’ဝတ္ထုကဲ့သို့ ဝတ္ထုအမျိုးအစားများကိုလည်း တွေ့ရသည်။ ဝတ္ထုတိုပေါင်းချုပ် ဟုဆိုသော်လည်း စာအုပ်ပါအရေးအသား အားလုံးကို ဝတ္ထုတိုများဟုဆိုရန် ခက်ခဲပေလိမ့်မည်။ နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ပါ စကားပြေအရေးအသားများကို ဝတ္ထုတို၊ ဝတ္ထုလတ်၊ အက်ဆေး၊ စာစုနှင့် စမ်းသပ်အရေးအသားများဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ‘ငါတို့စာပေ’အနေဖြင့် အမျိုးအစား ခွဲခြားပေးထားခြင်း၊ ဖွင့်ဆိုရှင်းပြထားခြင်းနှင့်အမှာစာထည့်သွင်းခြင်းအစရှိသည့် ထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းမပြုထားဘဲ စာမူများကို စုစည်း၍သာထုတ်ဝေထားသည်ကို တွေ့ရသည်။…

Read more
  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • Next

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme