Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

နိုင်ငံတော်အကျဉ်းသား(စာအုပ်)

Posted on November 26, 2018September 3, 2025 by Han Sann
နိုင်ငံတော်အကျဉ်းသား(စာအုပ်)

တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ နိုင်ငံ‌ရေးပြစ်မှုဖြင့် ‌နေအိမ်အကျယ်ချုပ်ကျခံခဲ့ ရသည့် နိုင်ငံ‌ရေးအကျဉ်းသား ‌ကျောက်ကျိယန် ကိုယ်တိုင်‌ရေးသားမှတ်တမ်းတင်ခဲ့သည့် လျှို့ဝှက်နိုင်ငံ‌ရေးမှတ်တမ်းစာအုပ်ဖြစ် သည်။ ထိုမှတ်တမ်းကို ‌နေအိမ်အကျုယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရစဉ်အတွင်း ကက်ဆက်‌ခွေများဖြင့် နှစ်နှစ်ခန့်ကြာမြင့်‌အောင် လျှို့ဝှက်အသံသွင်းထားခဲ့သည်။ အသံသွင်းထားသည့် တိတ်ခွေသုံးဆယ်ကို ပြည်ပသို့ ခိုးထုတ်ခဲ့သည်။ ‌ကျောက်ကျိယန်ကွယ်လွန် သွား‌သောအခါ ထိုမှတ်တမ်းတိတ်‌ခွေကို စာအုပ်အဖြစ် ထုတ်‌ဝေခဲ့ကြသည်။

‌ကျောက်ကျိယန် ဆိုသူမှာ
ကျောက်ကျိယန်သည် ၁၉၆၅ ခုနှစ်၊ အသက် ၄၆ နှစ်အရွယ်တွင် ကွမ်တုန်ပြည်နယ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ပြည်နယ် တွင် စီးပွား‌ရေးလုပ်ငန်များ၌ သူ၏ စွမ်း‌ဆောင်‌အောင်မြင်မှုများ‌ကြောင့် ‘‘ထမင်းဝချင်က ကျိယန်ကို တ’’ဟု ‌ဒေသခံများက ကာရန်ကိုက်စာချိုး ‌ပြောဆိုကြသည်။ ၁၉၈ဝ ပြည့်နှစ်တွင် ‌ကျောက်ကျိယန်ကို ‌ပေကျင်းသို့‌ခေါ်ပြီး မကြာမီတွင် စီးပွား‌ရေးကိုင်ရ‌သော ဝန်ကြီးချုပ်ရာထူးတွင် ခန့်ထားခဲ့သည်။ ကွန်မြူနစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဟူ‌ယောင်ပန်းကို ၁၉၈ရ ခုနှစ်တွင် တာဝန်မှ အနား‌ပေးခံရ‌သောအခါ ‌ကျောက်ကျိယန်သည် ကွန်မြူနစ်ပါတီ၏ အကြီးအကဲဖြစ်လာသည်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်၊ တိန်အန်မင်ရင်ပြင် ‌ကျောင်းသားဆန္ဒပြပွဲကို တိန်‌ရှောက်ဖိန်က တင့်ကားများဖြင့် နှိမ်နင်း‌သောအခါ ‌ကျောက်ကျိယန်က ‘‘‌ကျောင်းသား‌တွေကို ‌ချေမှုန်းဖို့ တပ်ကို သုံးတဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ဘူး’’ဟု တိန်‌ရှောက် ဖိန်ကို ဆန့်ကျင်လိုက်သဖြင့် ရာထူးမှ ဖြုတ်ချခံရပြီး ‌နေအိမ်အကျယ်ချုပ်ဖြင့် သူ့ဘဝ‌နေဝင်ချိန် ‌နောက်ဆုံးဆယ်‌ခြောက်နှစ်တွင် အထီးကျန်‌နေထိုင်သွားခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်တွင် ‌ကျောက် ကွယ်လွန်သည်။(စာ-၅)

အ‌ကြောင်းအရာများ
နိုင်ငံ‌တော်အကျဉ်းသားစာအုပ်တွင် ဘာသာပြန်သူ၏ အမှာစကား၊ ‌ရှေးဦးစကား၊ စကားပလ္လင်၊ အခန်း(၁) တိန်အန်မင် လူသတ် ပွဲကြီး၊ အခန်း(၂) ‌နေအိမ်အကျယ်ချုပ်၊ အခန်း(၃) တရုတ်စီးပွား‌ရေး ‌ထောင်တက်လာရခြင်းအ‌ကြောင်းရင်း၊ အခန်း(၄) ‌ပေါ် လစ်ဗျူရိုအတွင်းတိုက်ပွဲ၊ အခန်း(၅) ဝရုန်းသုန်း ကားနှစ်၊ အခန်း(၆) တရုတ်ပြည်ကို ဘယ်လို‌ပြောင်းရမလဲနှင့် နိဂုံး ဆို‌သော အခန်းကဏ္ဍများပါဝင်သည်။
စာအုပ်ပါ အ‌ကြောင်းအရာများသည် ၁၉၆၆ ခုနှစ်(တရုတ်ယဉ်‌ကျေးမှု‌တော်လှန်‌ရေးကာလ)မှ ၁၉၈၉ ခုနှစ်အထိ ‌ကျောက်ကျိယန် ကိုယ်တိုင်ကြုံ‌တွေ့ ခဲ့ရသည်များကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်းသည် သူ၏ အ‌တွေ့အကြုံ၊ သူ၏ သ‌ဘောထားနှင့် သူ၏ ဆန္ဒများကို ‌ဖော်ပြထားခြင်းလဲဖြစ်သည်။

တိန်အန်မင်လူသတ်ပွဲကြီး
တိန်အန်မင်ရင်ပြင် ‌ကျောင်းသားဆန္ဒပြပွဲသည် ဟူ‌ယောင်ပန်းကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲနှင့်ဆက်စပ်‌နေခဲ့သည်။ ‌ကျောင်း သားများသည် ဟူယောင်ပန်းအထိမ်းအမှတ်ပွဲအတွက် လမ်း‌ပေါ်သို့ ထွက်လာကြသည်။ ထို့အတူ တိုင်းပြည်၏ ကုန်‌ဈေးနှုန်း မြင့်တက်ခြင်းနှင့်အကျင့်ပျက်ခြစားခြင်းများကိုလည်း ‌ပြောဆိုခဲ့ကြသည်။ ထိုသို့‌သော အ‌ခြေအ‌နေများကို သဏ္ဍာန်ဖျက်၍ ‌ကျောင်းသားနှင့်နိုင်ငံသားများ၏ ‌ဒေါသကို စွ‌ပေးရန် ပြည်သူ့‌နေစဉ်သတင်းစာ၌ အယ်ဒီတာ့ အာ‌ဘော်ကို ထည့်သွင်းခဲ့သည်။ ထိုအာ‌ဘော်‌ကြောင့် ‌ကျောင်းသားဆန္ဒပြပွဲသည် ပိုမိုပြင်းထန်‌စေခဲ့သည်။ ထိုအ‌ခြေအ‌နေများကို တိန်‌ရှောင်ဖိန်ထံ ပုံစံဖျက်၍ အစီအရင်ခံခဲ့သည်။ ရှိသည်ထက် ပိုမိုစွာ အစီအရင်ခံခဲ့သည်။ ထိုအ‌ခြေအ‌နေများ‌ကြောင့် ‌ကျောင်းသားများကို အကြမ်းဖက် နှိမ်းနှင်ရန်ဖြစ်ခဲ့ရသည်။ ထိုအ‌ခြေအ‌နေတွင် ‌ကျောင်းသားများ၏ ဘက်တွင် ‌ကျောက်ကျိယန်ရပ်တည်ခဲ့သည်။ ဆန္ဒပြပွဲဖြစ်တည်‌နေ‌သော ‌နေရာသို့ ကိုယ်တိုင်သွား‌ရောက်၍ ‌ကျောင်းသားများကို နှစ်သိမ့်ခဲ့သည်။ ထိုအ‌ခြေအ‌နေများသည် ‌ကျောက်ကျိယန်ကို ‌နေအိမ်အကျယ်ချုပ်ဘဝသို့ ‌ရောက်‌စေခဲ့သည်။ တရုတ်‌ခေါင်း‌ဆောင်များသည် နိုင်ငံနှင့်နိုင်ငံသားအ‌ရေးထက် အာဏာတည်မြဲ‌ရေးကို ဦးစား‌ပေး‌ကြောင်း ‌ပေါ်လွင်ခဲ့သည်။

‌နေအိမ်အကျယ်ချုပ်
ကျောက်ကျိယန်သည် ‌နေအိမ်အကျယ်ချုပ်ဖြင့် ကွယ်လွန်ချိန်အထိ ၁၆ နှစ်တာကာလပတ်လုံး ‌နေထိုင်သွားခဲ့ရသည်။ ပါတီစည်း မျဉ်းစည်းကမ်းများကို ချိုး‌ဖောက်‌ကြောင်း မခိုင်လုံဘဲ ပြစ်ဒဏ်‌ပေးခြင်း၊ မိမိတို့ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပ‌ဒေ များကို လိုက်နာခြင်းမရှိဘဲ ‌ကျောက်ကျိယန်ကို တားဆီးဖိနှိပ်‌ရေးကိုသာ ဦးစား‌ပေး‌ဆောင်ရွက်၊ တားဆီးပိတ်ပင်သည့် ကိစ္စများကို ‌ကျောက်ကျိယန်ကို အတိအကျအသိ‌ပေးခြင်း၊ နိုင်ငံနှင့်နိုင်ငံတကာ မျက်နှာစာများသို့ အမှန်အတိုင်းတရားဝင် ထုတ်ပြန်‌ပြောဆို ခြင်းမရှိခြင်း၊ ‌ဂေါက်သီးရိုက်ခြင်းအပါအဝင်နှင့်သာ‌ရေးနာ‌ရေးကိစ္စများအတွက် သွားလာခြင်းများကို ပိတ်ပင်ခြင်းအစရှိသည့် ဖိနှိပ်ချုပ်ခြယ်ခြင်း အရပ်ရပ်ကို ‌ကျောက်ကျိယန်ရင်ဆိုင်ကြုံ‌တွေ့ခဲ့ရသည်။ သူ၏ ‌နေအိမ်အကျယ်ချုပ်ကာလများအ‌ကြောင်းသည် တရုတ်နိုင်ငံအစိုးရထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၏ အာဏာတည်မြဲ‌ရေးကို ထင်ဟပ်‌စေသည်။

စီးပွား‌ရေး၊ အာဏာနှင့် တရုတ်နိုင်ငံ
စာအုပ်တွင် ‌ဖော်ပြထားသည့် အခြား‌သောအ‌ကြောင်းအရာများသည် တရုတ်နိုင်ငံ၏ စီးပွား‌ရေးအ‌ခြေအ‌နေများ၊ စီးပွား‌ရေးပြုပြင်‌ပြောင်းလဲ‌ရေးများ၊ စီးပွား‌ရေးမူဝါဒအလွဲများအ‌ကြောင်းနှင့်တရုတ်စီးပွား‌ရေး‌ထောင်တက်လာသည့်အ‌ကြောင်းများဖြစ်သည်။ ထိုအ‌ကြောင်းအရာများတွင် ‌ဈေးကွက်စီးပွား ‌ရေးစနစ်ကို ‌ကြောက်ရွံ့ခြင်း၊ ‌ငွေ‌ကြေး‌ဖောင်းပွမှုကို ထိန်းသိမ်းနိုင်မှုအားနည်းခြင်း နှင့် တရုတ်နိုင်ငံ၏ စီးပွား‌ရေး‌ပေါ်လစီနှင့်ပတ်သက်သည့် ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ၏ သ‌ဘောထားများကို သိမြင်နိုင်မည်ဖြစ် သည်။ ထို့အတူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၏ အာဏာရရှိ‌ရေးကြိုးပမ်းခြင်း၊ အာဏာရရှိရေးတိုက်ပွဲများနှင့်အဂတိလိုက်စားခြင်း တို့ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

အ‌ကောင်းဆုံး‌သော အ‌ထောက်အထား
‌ကျောက်ကျိယန်၏ နိုင်ငံ‌တော်အကျဉ်းသား (Prisoner of the State: The Secret Journal of Premier Zhao Ziyam) စာအုပ်သည် သူ၏ အ‌တွေ့ အကြုံများ၊ သူ၏ အမြင်များသာဖြစ်သည်။ သို့‌သော်လည်း ၁၉၆၆ မှ ၁၉၈၉ ခုနှစ်(အနှစ်နှစ်ဆယ်‌ကျော်)ကာလအတွင်းရှိ တရုတ် နိုင်ငံအ‌ကြောင်းနှင့် တိန်အန်မင် လူသတ်ပွဲအ‌ကြောင်းများအတွက် အ‌ကောင်းဆုံး‌သော အကိုးအကားများ၊ အ‌ထောက်အထားများ နှင့် သင်ခန်းစာများရယူနိုင်မည် ဖြစ်သည်။ ထိုအချက်အလက်များကို အမှန်တရားအတွက် ‌ကျောက်ကျိယန်သည် ချန်ရစ်ခဲ့သည်။

Prisoner of the State: The Secret Journal of Premier Zhao Ziyam ကို ဘုန်းကြွယ်က ‘‘နိုင်ငံ‌တော်အကျဉ်းသား’’ဟု ဘာသာပြန်ဆို၍ ‌လောကသစ်စာ‌ပေက ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ်အဖြစ် ထုတ်‌ဝေဖြန့်ချိခဲ့သည်။

ဟန်ဆန်း

စာအုပ်အမည် – နိုင်ငံတော်အကျဉ်းသား
စာ‌ရေးဆရာ      – ‌ဘုန်းကြွယ်
စာအုပ်တိုက်      – လောကသစ်စာ‌ပေ
မျက်နှာဖုံး          – ဟန်ဆန်း
ထုတ်‌ဝေနှစ်       – ဇန်နဝါရီလ၊ ၂ဝ၁၅ ခုနှစ် (ပထမအကြိမ်)

Category: Book

Post navigation

← “မီ”ရုပ်ရှင်ကို ကြည့်၍ ရယ်သောသူများနှင့်မရယ်သောသူများ
လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme