Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အီးအဲလ် ဂျိမ်း ဆိုသူမှာ

Posted on June 27, 2015September 3, 2025 by Han Sann
အီးအဲလ် ဂျိမ်း
အီးအဲလ် ဂျိမ်း

အီးအဲလ် ဂျိမ်း(E. L. James) ဆိုသူမှာ ဗြိတိန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ Fifty Shades of Grey စာအုပ်ဖြင့် အောင်မြင်ထင်ရှားလာသည့် စာရေးဆရာမတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအသားပေးထားသည့် အချစ်ဇာတ်လမ်းများကို ရေးသားထားခြင်းဖြစ်ပြီး စာအုပ်အရေအတွက်ပေါင်း ၁၂၅ သန်းခန့်ရောင်းချခဲ့ရသည်။ အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့တွင် စာအုပ်အရေအတွက်ပေါင်း ၃၅ သန်းခန့်ကို ရောင်းချခဲ့ရပြီး ဗြိတိန်နိုင်ငံ၏ အချိန်အတိုအတွင်းရောင်းအားကောင်းခဲ့သည့် အရောင်းရဆုံးစာရေးဆရာစာရင်း မှတ်တမ်းသို့ဝင်ခဲ့သည်။ ကမ္ဘာကို လွှမ်းမိုးထားခဲ့သည့် လူ ၁၀ဝ စာရင်းတွင် ဂျိမ်းကို တိုင်းစ်မဂ္ဂဇင်း(Times)က ၂၀၁၂ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။

၁၉၆၃ ခုနှစ် မတ်လ ၇ တွင် ဂျိမ်းကို လန်ဒန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ University of Kent တွင် သမိုင်းပညာရပ်ကို လေ့လာ သင်ယူခဲ့သည်။ ဂျိမ်း၏ ဖခင်ဖြစ်သူမှာ ဘီဘီစီ၏ ကင်မရာဆရာတစ်ဦးဖြစ်ပြီး သူမသည်လည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သည်။

Fifty Shades စီးရီးအဖြစ် Fifty Shades of Grey, Fifty Shades Darker, Fifty Shades Freed စာအုပ်တို့ကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့အတွင်း ထုတ်ဝေ ခဲ့သည်။ ယခုလ ဇွန် ၁၈ ရက်တွင် Grey: Fifty Shades of Grey As Told by Christian စာအုပ်ကို နယူးယောက်မြို့၌ မိတ်ဆက်ခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ဂျိမ်း တက်ရောက်ခဲ့ပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သည်။ Grey: Fifty Shades of Grey As Told by Christian စာအုပ်သည် မဖြန့်ချိမီဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည်ဆိုသောသတင်းများ ထွက်ပေါ်ခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသို့ တိုင်ကြားမှုများရှိခဲ့ သော်လည်း ဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည့်စာအုပ်များနှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားတစ်စုံတရာ မတွေ့ရှိကြောင်း ဒေသဆိုင်ရာရဲအရာရှိများက မီဒီယာများသို့ ပြောကြားခဲ့သည်။

Fifty Shades of Grey ကို ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်ပြသခဲ့သည်။ ဝင်ငွေစံချိန်တင်ရရှိခဲ့သော ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့သည်။ Fifty Shades Darker, Fifty Shades Freed တို့ကိုလည်း ရုပ်ရှင်ဇာတ်ကားများအဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီလတို့ တွင် ရုံတင်ပြသသွားမည်ဟု သတင်းများက ဆိုသည်။

ဟန်ဇော်

၂၀၁၅ ခုနှစ် ဇွန် ၂၂ ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ် ၈၆၀ တွင် ဖော်ပြခဲ့သော စာမူဖြစ်သည်။

Category: Literature

Post navigation

← You are now a sculptor
ခံစားမှုဆိုတာ ကဗျာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကဗျာဆိုတာ ပညာရပ်ပုံစံတစ်ခုဖြစ်တယ် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme