Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ခါလစ် ဟိုဆေနီ ဆိုသူမှာ

Posted on May 5, 2015September 3, 2025 by Han Sann
ခါလစ် ဟိုဆေနီ
ခါလစ် ဟိုဆေနီ

ခါလစ် ဟိုဆေနီ (Khaled Hosseini) ဆိုသူမှာ အာဖဂန်နစ္စတန်နိုင်ငံဖွား အမေရိကန်စာရေးဆရာတစ်ဦးဖြစ်သည်။ The Kite Runner လုံးချင်းဝတ္ထုဖြင့် ကမ္ဘာ့စာပေအသိုင်းအဝန်းတွင် ထင်ရှားသူဖြစ်သည်။ ခါလစ် ဟိုဆေနီကို ၁၉၆၅ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ အာဖန်ဂန်နိုင်ငံခြားရေးဌာနတွင် အလုပ်လုပ်ကိုင်သော သံတမန်တစ်ဦးဖြစ်သည်။ မိခင်ဖြစ်သူမှာ အထက်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သည်။

၁၉၇၆ ခုနှစ်တွင် ဟိုဆေနီ၏ မိသားစုသည် ပြင်သစ်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူ၏ သံတမန်ရေးရာတာဝန် များကြောင့် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် ကဘူးမြို့သို့ ပြန်လာရန်စီစဉ်ခဲ့သော်လည်း အာဖဂန်နစ်စတန်၏ နိုင်ငံရေးသွေးစွန်းနေမှုများကြောင့် ပြန်လည်ပြောင်းရွေ့ခွင့်မရခဲ့ပါ။ ထို့ကြောင့် ဟိုဆေနီ၏ မိသားစုသည် အမေရိကန်နိုင်ငံကို နိုင်ငံရေးခိုလုံခွင့် တောင်းဆိုခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်ခဲ့ကြသည်။

၁၉၈၄ ခုနှစ်တွင် ဟိုဆေနီသည် အထက်တန်းပညာကို အောင်မြင်ခဲ့သည်။ Santa Clara တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဇီဝဗေဒအဓိကဖြင့် ဘွဲ့ရခဲ့သည်။ ထို့နောက် ကယ်လီဖိုးနီးယားတက္ကသိုလ်ကို ဆက်လက်တက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ဆေးပညာဆိုင်ရာဘွဲ့ကို ရရှိခဲ့သည်။ ဆရာဝန်တစ်ဦးအဖြစ် လော့ အန်ဂျလစ်ရှိ Cedars-Sinai Medical Center တွင် အလုပ်လုပ် ကိုင်ခဲ့သည်။

The Kite Runner လုံးချင်းဝတ္ထုကို ၂၀ဝ၁ ခုနှစ်၊ မတ်တွင် စတင်ရေးသားခဲ့သည်။ ထိုစာအုပ်သည် ဟိုဆေနီ၏ ပွဲဦးထွက်စာ အုပ်တစ်အုပ်ဖြစ်သကဲ့သို့ သူ၏ ပထမဆုံးစာပေလက်ရာလည်းဖြစ်သည်။ ၂၀ဝ၃ ခုနှစ်တွင် The Kite Runner ကို Riverhead စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ စာအုပ်ထုတ်ဝေပြီး အချိန်တိုအတွင်းတွင် ထိုစာအုပ်သည် ရောင်းအားအကောင်းဆုံးစာအုပ် စာရင်းသို့ ဝင်ခဲ့သည်။ The Kite Runner ကို ရုပ်ပြစာအုပ်အဖြစ် ၂၀၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ရုပ်ရှင်အဖြစ်လည်း ၂၀ဝ၇ ခုနှစ်တွင် ရိုက်ကူးခဲ့သည်။ စာပေရေးသားရာတွင် အောင်မြင်မှုရရှိခဲ့သော ခါလစ် ဟိုဆေနီသည် ဆရာဝန်တစ်ဦးဘဝကို စွန့်လွှတ်ခဲ့ပြီး စာရေးဆရာဘဝကို ထူထောင်ခဲ့သည်။

A Thousand Splendid Suns စာအုပ်ကို ဟိုဆေနီက ဆက်လက်ရေးသားခဲ့သည်။ ထိုစာအုပ်သည် သူ၏ ဒုတိယမြောက်လုံးချင်း စာအုပ်ဖြစ်ပြီး ၂၀ဝ၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည်လည်း ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းသို့ အချိန်တို အတွင်းရောက်ရှိခဲ့သည်။ ခါလစ် ဟိုဆေနီ၏ တတိယမြောက်စာအုပ်ဖြစ်သော And the Mountains Echoed ကို ၂၀၁၃ ခုနှစ် မေ လ ၂၁ ရက်တွင် ထုတ်ဝေခဲ့သည်။

ဟိုဆေနီ၏ စာပေလက်ရာများသည် အာဖဂန်နစ္စကို နောက်ခံထားသောအကြောင်းအရာများဖြစ်ပြီး အာဖဂန်၏ ရေမြေသဘာဝနှင့်လူမျိုးများအကြားတည်ရှိနေသော အကြောင်းအရာများကို ဖွဲ့ ဆိုထားသော လက်ရာများဖြစ်သည်။ ငယ်စဉ်ကတည်းက ကဗျာဆရာကြီး အိုမာခရမ်ကဲ့သို့ ကဗျာအကျော်အမော်ကဗျာနှင့်ရင်းနှီးခဲ့သူဖြစ်၍ သူထံတွင် ကိန်းအောင်နေသော ရသဝမ်းစာသည် လက်ရာကောင်းများကို မွေးဖွားပေးလာနိုင်သည်။ ရုပ်မြင်သံကြားသတင်း ဌာနတစ်ခု၏ မေးမြန်းခန်းတစ်ခုတွင် သူသည် စာရေးခြင်းအမှုကို နံနက်စောစောပိုင်းဖြစ်သည့် ၆ နာရီခွဲ၊ ၇ နာရီခန့်တွင် ပြုလုပ်လေ့ရှိကြောင်း၊ The Kite Runner ဝတ္ထုကို ပုံနှိပ်မီအချိန်အထိ လေးငါးကြိမ်ခန့် အကြိမ်ကြိမ်တည်းဖြတ်၍ အဖန်ဖန် ရေးသားခဲ့ကြောင်း ပြောကြားခဲ့သည်။

ခါလစ် ဟိုဆေနီ၏ စာအုပ်သုံးအုပ်ကို မြန်မာဘာသာသို့ပြန်ဆို၍ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ The Kite Runner နှင့် A Thousand Splendid Suns ကို ဝင့်ပြုံးမြင့်က တိမ်ယံသစ္စာ၊ နေအင်္သချေ လအနန္တ အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။ And the Mountains Echoed ကို ဟိန်းလတ်က တောင်တွေ ပဲ့တင်ထပ်သောအခါ အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။

ဟန်ဇော်

Ref: www.khaledhosseini.com

Category: Literature

Post navigation

← ပါးလ် ဆိုက်ဒမ်စတွစ်ကာ ဘတ်ခ် ဆိုသူမှာ
ရုရန်ဒဲလ် ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme