Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

တိုနီ မော်ရီစန် ဆိုသူမှာ

Posted on February 15, 2014September 3, 2025 by Han Sann
တိုနီ မော်ရီစန်
တိုနီ မော်ရီစန်

တိုနီ မော်ရီစန်(Toni Morrison)ဆိုသူမှာ အာဖရိကနွယ်ဖွား အမေရိကန်စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆု နှင့်ပူလစ်ဇာဆုတို့ကို ရရှိထားသူဖြစ်သည်။ လူမည်းစာရေးဆရာ၊ အယ်ဒီတာနှင့် ပါမောက္ခတစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။

မော်ရီစန်ကို ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အိုဟိုင်းအို၌ မွေးဖွားခဲ့သည်။ ကလေးဘဝကတည်းက ဂျိမ်းအော့စတင်နှင့် လီယိုတော်စတွိုင်းတို့၏ စာပေလက်ရာများကို ဖတ်ရှုခဲ့သည်။ ဖခင်ဖြစ်သူကလည်း လူမည်းအဖွဲ့အစည်းအတွင်းရှိ ရိုးရာပုံပြင် များကို ဖတ်ပြခဲ့သည်။ မော်ရီစန်၏ ကလေးဘဝစာပေအတွေ့အကြုံများသည် စာရေးဆရာမတစ်ဦးဖြစ်လာရန်အတွက် အထောက်အကူပြုခဲ့သည်။

Howard တက္ကသိုလ်သို့ ၁၉၄၉ ခုနှစ်တွင် မော်ရီစန် တက်ရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အင်္ဂလိပ်အဓိကဖြင့် ဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာတန်းကို Cornell တက္ကသိုလ်တွင် ဆက်လက်တက်ရောက်ခဲ့သည်။ စာရေးဆရာမ ဗာဂျီးနီးယားဝုဒ်နှင့် စာရေးဆရာ ဝီလျံ ဖော့စ်တနာတို့၏အကြောင်းကို မဟာဘွဲ့အတွက် သုတေသနကျမ်းပြုစုခဲ့သည်။ မဟာဘွဲ့ရရှိပြီးသောအခါ အင်္ဂလိပ်စာပြ ဆရာမအဖြစ် Texas Southern University တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးနှစ်ယောက်ရရှိခဲ့ သည်။ ၁၉၆၄ ခုနှစ်တွင် နယူးယောက်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ အယ်ဒီတာတစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပြီး အမေရိကန်စာရေး ဆရာအချို့၏ စာအုပ်များကို တည်းဖြတ်ခဲ့သည်။

The Bluest Eye(1970) သည် မော်ရီစန်၏ ပထမဦးဆုံးသောလုံးချင်း စာအုပ်ဖြစ်သည်။ အိုင်ဟိုင်းအိုရှိ လူဖြူအသိုင်းအဝန်းတွင် နေထိုင်ခံစားရသည့် လူမည်းမိန်းကလေးတစ်ဦးအကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်အပါအဝင် Beloved(1987) နှင့်Song of Solomon တို့သည် မော်ရီစန်၏ ထင်ရှားသောလုံးချင်းစာအုပ်များဖြစ်သည်။ မော်ရီစန်၏စာပေများ သည် ဇာတ်ကောင်စရိုက်ကို အသေးစိတ်ပုံဖော်ပေးနိုင်ပြီး ဇာတ်ကောင်တို့၏ပြောစကားများက ထင်သာမြင်သာရှိသော သရုပ် ဖော်မှုများကို သိရှိခံစားစေသည်ဟု စာပေသုံးသပ်သူများက ဆိုသည်။

ပူလစ်ဇာဆုကို Beloved(1987)စာအုပ်ဖြင့် ၁၉၈၈ ခုနှစ်တွင် မော်ရီစန် ရရှိခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၉၃ ခုနှစ်တွင် ရရှိခဲ့သည်။ စာပေ ဆိုင်ရာနိုဘယ်ဆုရရှိခဲ့သည့် အမျိုးသမီးစာရေးဆရာ ၁၃ ဦးရှိသည့်အနက်  ၈ ဦးမြောက် စာပေနိုဘယ်ဆုရရှိ ထားသည့် စာရေးဆရာမတစ်ဦးဖြစ်ပြီး နိုဘယ်ဆုရရှိသည့် ပထမဆုံးလူမည်းအမျိုးသမီးတစ်ဦးလည်းဖြစ်သည်။ နိုဘယ်ဆုနှင့် ပူလစ်ဇာဆုအပါအဝင် စာပေဆိုင်ရာဆုပေါင်း ၂၄ ဆုကို ၁၉၇၇ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ရရှိထားသူဖြစ်သည်။ နိုဘယ်ဆုရရှိခဲ့ သည့် ၁၉၉၃ ခုနှစ် ဒီဇင်ဘာတွင် မော်ရီစန်၏ နေအိမ်သည် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်နေစဉ်တွင် သူမသည် နေအိမ်၌ရှိမနေခဲ့ဘဲ စာမူများသည် မီးလောင်မှုကြောင့် ပျက်စီးထိခိုက်ခဲ့ခြင်းမရှိပါ။ မော်ရီစန်သည် အသက် ၈၃ နှစ် အရွယ်သို့ ရောက်ရှိနေခဲ့သော်လည်း စာပေလုပ်ငန်းကို လုပ်ကိုင်ဆဲဖြစ်ပြီး The Nation မဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖွဲ့ဝင်တစ်ဦး အဖြစ်လုပ်ကိုင်နေစဲဖြစ်သည်။

ဟန်ဇော်

http://www.en.wikipedia.org, http://www.nytimes.com

အလင်းတန်းဂျာနယ်၊ အမှတ် (၇၉၀)၊ ၁၃ ဇန်နဝါရီ ၂၀၁၄ ခုနှစ်

Category: Literature

Post navigation

← ၀စ္စလဝါ ရှင်ဘော့စကာ ဆိုသူမှာ
အေသင် ဗီဒီယိုအနုပညာပွဲတော် ၂၀၁၄ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme