Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဘားကမ့်ရန်ကုန်ပုံရိပ်မှ ဒေသအလိုက် ကိုယ်ထူကိုယ်ထ ဘားကမ့်များသို့

Posted on January 1, 2016September 3, 2025 by Han Zaw
BCY2010_C
ဘားကမ့်ရန်ကုန် ၂၀၁၀ မြင်ကွင်း

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ကို ဇန်နဝါရီလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ၂၃ ရက်နဲ့ ၂၄ ရက်နေ့မှာ ကောက်ယူနိုင်တဲ့ စရင်းအရတက်ရောက်သူ ၂၅ဝ၈ ဦးရှိတယ်လို့သိရပြီး တက်ရောက်သူဦးရေဟာ ယင်းထက် ပိုမိုနိုင်တယ်လို့ သိရပါ တယ်။ ပွဲကို ရန်ကုန်မြို့တွင် နေထိုင်သူများသာမက ဖြူး၊ ပခုက္ကူ၊ တောင်ကြီး၊ ပြည်၊ မော်လမြိုင်၊ ဘိုကလေး၊ တောင်ငူ၊ မုံရွာ၊ မြောင်းမြနဲ့ ကျောင်းပေါင်း စုံမှ လာရောက်ကြတယ်လို့ တက်ရောက်သူများရဲ့ ပြောဆိုချက်အရသိရပါတယ်။
၂၃ ရက်နေ့မှာ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာသူတွေဟာ ပွဲမစတင်မှီမှာ ပွဲမှာကောက်ယူတဲ့ စစ်တမ်းများကို ဖြည့်ပြီး မှတ်ပုံတင်ကြတာကို တွေ့ရပါတယ်။ ပွဲကျင်းပတဲ့ ခန်းမတစ်ခုလုံးမှာလဲ ဘားကမ့်အမှတ်တရတီရှပ်များကို ချက်ခြင်းဝတ်ဆင်ပြီး တက်ရောက်ကြတာကို တွေ့ရပါတယ်။ တက်ရောက်လာသူများစုဟာ လူငယ်များဖြစ်ပြီး အလွွှာအသီးသီးမှ စိတ်ဝင်စားသည့် လူလတ်ပိုင်း၊ လူကြီးပိုင်းများကိုလည်း တွေ့ရပါတယ်။ ထို့ပြင် နိုင်ငံတကာမှတက်ရောက် လာတဲ့ ပြည်ပမှဧည့်သည်များကိုလည်း တွေ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်မှ တာဝန်ရှိသူ များက အဖွင့်အမှာစကားပြောကြားပါတယ်။ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ဖြစ်မြောက်ရေးအဖွဲ့က ဘားကမ့်အကြောင်းနဲ့ သဘောသဘာဝကို ရှင်းလင်းတင်ပြပြီး နိုင်ငံတကာမှ တက်ရောက်လာတဲ့ ဘားကမ့်ပါများမှ မိတ်ဆက်ခဲ့ကြပါတယ်။
ဖွင့်ပွဲအပြီးမှာ အားလပ်ချိန်ခေတ္တပေးခဲ့ပါတယ်။ အားလပ်ချိန်မှာ တက်ရောက်လာတဲ့ ဘားကမ့်ပါများဟာ ဝိုင်းဖွဲ့အနားယူကြတယ်။ တစ်ချို့မှာလည်း ကိုယ်ပိုင် လပ့်တော့၊ နုတ်ဘုတ်၊ နက်ဘုတ်ကွန်ပျူတာများနဲ့ ဝါယာလက်အင်တာနက် သုံးနေကြတာကို တွေ့ရပါတယ်။ ဒါအပြင် အများအသုံးပြုနိုင်ရန်ထားပေးထားတဲ့ ကွန်ပျူတာများမှာလည်း အင်တာနက်အသုံးပြုနေကြတာကို တွေ့ရပါတယ်။
အခမ်းအနား ပြန်လည်စတင်ချိန်မှာ တစ်နေ့တာ ဟောပြောဆွေးနွေးမဲ့ ခေါင်းစဉ်များကို အချိန်စရင်းလိုက် ခန်းမရှေ့မှာရှိတဲ့ အချိန်ဇယားမှာ ဟောပြောဆွေးနွေး မယ့်သူများက လာရောက်ကပ်ပြီး ဖော်ပြကြပါတယ်။ တက်ရောက်လာသူများဟာ ကိုယ်နားထောင်ချင်တဲ့ အကြောင်းအရာအလိုက် ကြည့်ရှုကြပြီး သက်ဆိုင်ရာ ခေါင်းစဉ်များရှိရာ အခန်းငယ်များကို သွားရောက်နားထောင်ဆွေးနွေးကြပါတယ်။ အခန်းငယ်များ ရှေ့မှာလည်း ဆွေးနွေးမယ့် အကြောင်းအရာများကို ဖော်ပြ ထားပြီး စိတ်ဝင်စားပါက ဝင်ရောက်ဆွေးနွေးနိုင်တာကို တွေ့ရပါတယ်။ အကြောင်းအရာတစ်ခု၊ ခေါင်းစဉ်တစ်ခုအတွက် ဟောပြောဆွေးနွေးချိန်ကို တစ်နာရီ ပေးထားတာကို တွေ့ရပါတယ်။
ဘားကမ့်ရန်ကုန် ဒုတိယနေ့ဖြစ်တဲ့ ၂၄ ရက်နေ့မှာလဲ ယင်းကဲ့သို့ ခန်းမတစ်ခုတွင် ဦးစွာစုစည်းကြတယ်။ ပြီးတော့ အချိန်ဇယားမှာ ဆွေးနွေးမဲ့ အကြောင်း အရာ ကပ်သူကကပ်၊ လိုက်ပါနားထောင်ဆွေးနွေးဖို့ သက်ဆိုင်ရာအခန်းကို သွားသူကသွားဆိုတဲ့ ပုံစံကိုတွေ့ရပါတယ်။

ဖွင့်ပွဲနေ့က အဖွင့်စကားများ
ဖွင့်ပွဲနေ့က မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်၊ ဘားကမ့်ရန်ကုန်ဖြစ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ကိုမင်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ဥက္ကဌ ဦးခွန်ဦးနဲ့ ဘားကမ့်ရန်ကုန်ဖြစ်မြောက်ရေးအဖွဲ့မှ ကိုညီလင်းဆက်တို့ရဲ့စကားတို့ကို ကောက်နုတ်ဖော်ပြရရင် –

ကိုမင်းဦး
ဘားကမ့်ဟာ နိုင်ငံတကာမှာ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးပါပြီ။ ရန်ကုန်မှာ ယခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လူဦးရေ အနေနဲ့လည်း အများဆုံးလို့ မှတ်တမ်းတင်ရမယ့် ပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ နောင်ကာလများမှာလည်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနဲ့လက်တွဲပြီး ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဖလှယ်တဲ့ ပွဲတွေမှာ အသင်းဝင်တွေအပြင် အသင်းဝင်မဟုတ်တဲ့သူများပါ လက်တွဲပြီး ဝိုင်းဝန်းကူညီပါလို့ တိုက်တွန်းလိုပါတယ်။

ဦးခွန်ဦး
ယနေ့ပွဲဟာ မထင်ထားလောက်အောင် လူတွေများတဲ့အချက်ကြောင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ ကိုယ်စား ဝမ်းမြောက်ပါတယ်။ အိုင်တီလောက သား အများအပြားတက်ရောက်တာကြောင့် အိုင်တီလောကဖွံ့ဖြိုးမှုအတွက် အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။

ကိုညီလင်းဆက်
ယခုပွဲဟာ ထူးခြားပါတယ်။ တက်ရောက်လာတဲ့ လူအရေအတွက်တွေထဲမှာ ကျောင်းသူကျောင်းသားတွေ အများဆုံးဖြစ်သလို လုပ်ခဲ့သမျှ ပွဲတွေထဲမှာလည်း အများဆုံးဖြစ်ပါတယ်။ အွန်လိုင်းမှာ စရင်းသွင်းထားတဲ့ လူဦးရေ ၂၅ဝဝ ကျော်ရှိပါတယ်။ ဒါကြောင့် ဒီအရေအတွက်ဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါ တယ်။ ယခုတစ်ကြိမ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်တယ်။ နောက်ပိုင်းမှာ ယခုထက်ပိုပြီး တက်ရောက်သူများလာမယ်လို့ ယူဆထားပါတယ်။

ဘားကမ့်ရန်ကုန် ၂၀၁၀ မြင်ကွင်း
ဘားကမ့်ရန်ကုန် ၂၀၁၀ မြင်ကွင်း

ဘားကမ့်ရန်ကုန်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများ
ဘားကမ့်ရန်ကုန် ၂ဝ၁ဝ မှာ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ် ၅ဝ ကျော် ရှိတာကိုတွေ့ရပါတယ်။ ပထမနေ့မှာ အိုင်စီတီနဲ့ဆက်စပ်တဲ့ အကြောင်းအရာ ၂ဝ ကျော်ကို တွေ့ရပြီး ဒုတိယနေ့မှာ အကြောင်းအရာ ၃ဝ ကျော်ကို တွေ့ရပါတယ်။ ဆွေးနွေးကြတဲ့ အကြောင်းအရာများအနေနဲ့ ယူနီကုတ်အကြောင်း၊ Open Source များ အကြောင်း၊ အွန်လိုင်းကဗျာအကြောင်း၊ CMS(Contect Management System)များအကြောင်း၊ ပရိုဂရမ်မင်းအကြောင်း၊ အိုင်စီတီနည်းပညာနဲ့ သဘာဝဘေး အန္တရယ်ကာကွယ်ရေးအကြောင်း၊ Wireless စနစ်များအကြောင်း၊ အွန်လိုင်းစာမျက်နှာများအ‌ေကြာင်းနဲ့ အိုင်တီနည်းပညာဆိုင်ရာပညာရေးအကြောင်းစသဖြင့် တွေ့ရပါတယ်။ ပြည်ပဧည့်သည်များဖြစ်တဲ့ Nobert Klein, John Berns, Mike Amy, Preetam တို့ကလည်း နိုင်ငံတကာဘားကမ့်များအကြောင်း၊ Open Source အကြောင်းများကို အများနည်းတူပါဝင်ဆွေးနွေးကြသည်ကို တွေ့ရပါတယ်။ ယင်းအကြောင်းအရာများကိုလည်း ဘားကမ့်ရန်ကုန်ဝက်ဘ်ဆိုဒ်မှာ Download ရယူနိုင်မယ်လို့ သိရတယ်။

ဘားကမ့်ရန်ကုန်နဲ့ ယူနီကုတ်
ဘားကမ့်ရန်ကုန် ၂ဝ၁ဝ ပထမနေ့မှာ မြန်မာယူနီကုတ်နဲ့ပတ်သက်ပြီး Myanmar NLP မှ ဆရာမဒေါ်မြင့်မြင့်သန်း၊ ကိုဆန်းထွန်း၊ ကိုဇော်ထွဋ်တို့က မြန်မာယူနီကုတ်အကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ယူနီကုတ်စံသတ်မှတ်ရေးနှင့်ပတ်သက်ပြီး အသုံးပြုသူများနဲ့ အပြန်အလှန်ဆွေးနွေးကြတာကို တွေ့ရတယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်နာရီကျော်သွားသည့်တိုင်အောင် ဆွေးနွေးမှုမပြီးစီးနိုင်တဲ့အတွက် မြန်မာအင်ဖိုတက်ခ် ပင်မအ‌ေဆာက်အအုံရဲ့ အဝင်အဝမှာ မတ်တပ်ရပ်ပြီး ဆက်လက်ဆွေးနွေးကြတဲ့ အထိကို စိတ်ဝင်တစားရှိတာကို တွေ့ရပါတယ်။
ဒုတိယနေ့မှာ မြန်မာအင်ဖိုတက်ခ်ရဲ့ Confrence Hall ထဲမှာ ကိုငွေထွန်းက မြန်မာယူနီကုတ်အကြောင်းကို နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီဝန်းကျင်အထိ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ဘားကမ့်ရန်ကုန်မှာ ယူနီကုတ်အကြောင်းဆွေးနွေးမှုဟာ ပဲ့တင်သံအကျယ်လောင်ဆုံးနဲ့ လူစိတ်ဝင်စားမှု အများဆုံးရခဲ့တဲ့ ဆွေးနွေးဟောပြောမှုလို့ မှတ်ချက်ပြုရမဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ယူနီကုတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုများကြောင့် တုန့်ပြန်လာတဲ့ တုန့်ပြန်မှုများဟာ အွန်လိုင်းစာမျက်နှာများအထိပါ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ကွန်ပျူတာအသင်းများ၊ ဇော်ဂျီဖောင့်၊ မြန်မာသရီးဖောင့်၊ ယူနီကုတ်တို့အပေါ်မှာလည်း ဝေဖန်ပြောဆိုမှုများရှိလာသည်ကို တွေ့ရပါတယ်။
မြန်မာယူနီကုတ်အကြောင်းဆွေးနွေးမှုနဲ့ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာတစ်ချို့မှာ နောင်ရေးအတွက် ယူနီကုတ် အစစ်ရနိုင်မလား။ ရေရှည်တွင် အသုံးမတည့်နိုင်သည့် အရာတစ်ခုကို ခုတည်းက မြန်မြန်ဇာတ်လမ်းဖြတ်နိုင်မှ ဖြစ်မယ်။ ပြောမယ့် သာပြောရတယ်၊ အခုလည်း ဇော်ဂျီနဲ့ ရိုက်နေရတဲ့ ဘဝ။ ဘားကမ့်ရောက်မှ ယူနီကုတ်ဆိုတာ ကြားဖူးတော့တယ်။ စသဖြင့် ပြောဆိုကြသည်ကို တွေ့ရပါတယ်။ ယူနီကုတ်အကြောင်းဆွေးနွေးမှုမှာ နိုင်ငံတကာမှ တက်ရောက်သူတစ်ဦးဖြစ်တဲ့ Mr. Norbert Klein ကလည်း ခမာယူနီကုတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ အတွေ့အကြုံများကို ဝင်ရောက်ဆွေးနွေးတာကို တွေ့ရပါတယ်။
စံ(Standard)ဆိုတာ တစ်ခုပဲရှိကြောင်း၊ စံအတိုင်းလိုက်နာသင့်ကြောင်း၊ စံကို မလိုက်နာပဲ ယူနီကုတ်လို့မပြောနိုင်ကြောင်း၊ ယူနီကုတ်ကို ကိုယ်တိုင်စမ်းစစ်ပြီး သိနိုင်အောင် ယူနီကုတ်အကြောင်းကို ပြောရကြောင်း၊ Code Point မှန်မမှန်၊ Codening Sequence အတိုင်း လိုက်နာရမယ်ဆိုတဲ့အချက်ကို လိုက်လိုက်ရင် ကိုယ်တိုင်ဘယ်ဟာက ယူနီကုတ်ဖြစ်တယ်ဆိုတာ ဆုံးဖြတ်နိုင်ကြောင်းနဲ့ အစိုးရက တရားဝင်စာထုတ်မှ၊ ဥပဒေထုတ်မှ မဟုတ်ပဲ အသုံးပြုသူတွေကလည်း အခုပြောတဲ့အချက်အလက်တွေကို စစ်ဆေးပြီး အသုံးပြုပါလို့ မှာလိုက်ချင်ပါတယ်လdkY Myanmar NLP မှ ဒေါ်မြင့်မြင့်သန်းက ဘားကမ့်ရန်ကုန်၊ ပထမနေ့ ယူနီကုတ်အ‌ေြကာင်း ဆွေးနွေးဟောပြောမှုမှာ ပြောခဲ့ပါတယ်။
ယူနီကုတ်ဆိုသည်မှာ စံတစ်ခုသတ်မှတ်ခြင်းသာဖြစ်ပြီး ဖောင့်ပုံစံတစ်ခု၊ ဆော့ဝဲလ်တစ်ခုမဟုတ်ကြောင်း၊ ယူနီကုတ် စံ ၅.၁ ကို လိုက်နာထားတဲ့ မည်သည့်ယူနီကုတ်ကိုမဆို အသုံးပြုနိုင်ကြောင်းနဲ့ ယခုကဲ့သို့ ပြောဆိုဆွေးနွေးမှုများဟာ စံသတ်မှတ်ရေးကိုသာ ဦးတည်ဆွေးနွေးနေခြင်းဖြစ်ကြောင်း တွေ့ရပါ တယ်။

ဘားကမ့်ရန်ကုန် ၂၀၁၀ တွင် ဆွေးနွေးမည့် ခေါင်းစဉ်များကို ကြေညာပေးထားခဲ့သည်။
ဘားကမ့်ရန်ကုန် ၂၀၁၀ တွင် ဆွေးနွေးမည့် ခေါင်းစဉ်များကို ကြေညာပေးထားခဲ့သည်။

 

ဘားကမ့်ရန်ကုန်နဲ့ ဆွေးနွေးဟောပြောမှု
ဘားကမ့်ဟာ ပုံမှန်လုပ်နေကြတဲ့ ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများနဲ့မတူပဲ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာကို မည်သူမဆိုပါဝင်ဆွေးနွေးနိုင်တာကို တွေ့ရပါတယ်။ ဒါအပြင် ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး တက်ရောက်နားထောင်သူများကလည်း ပါဝင်ဆွေးနွေးပြီး စကားဝိုင်းသကဲ့သို့လည်း ရှိနေတတ်ပါတယ်။ ဘားကမ့်ရန်ကုန်မှာ ပုံမှန်ဆွေးနွေးပွဲများမှာ တက်ရောက်ဟော‌ေပြာဆွေးနွေးလေ့ရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ်ပိုင်းတို့ဟာလည်း ဝင်ရောက် ဆွေးနွေးကြသလို ယခုပွဲမှစတင်ပြီး အတွေ့အကြုံစတင်ရရှိတဲ့ သူများကိုလည်း တွေ့ရပါတယ်။ အခန်းတစ်ခုမှာဆိုရင် တက်ရောက်လာသူများပါအကြောင်းအရာ တစ်ခုကို ငါးမိနစ်ခန့်စီပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်သည်ကို တွေ့ရပါတယ်။ အငယ်ဆုံးဘားကမ့်ပါလို့ ပြောနိုင်တဲ့ အီမိုရော့ကတ်ကလည်း သူရဲ့ အွန်လိုင်း စာမျက်နှာအကြောင်းဆွေးနွေးသည်ကို တွေ့ရပါတယ်။ ပါဝင်ဆွေးနွေးသူတစ်ချို့ဟာ ဆွေးနွေးဟောပြောရာတွင် သတ်မှတ်ချိန်အတိုင်း အချိန်မှီပြောဆိုနိုင်မှု အားနည်းသည်ကို တွေ့ရပါတယ်။
ဒါ့အပြင် ကိုယ်ပြောမယ့် ခေါင်းစဉ်ကို ပရိတ်သတ်စိတ်ဝင်စားမှုရရန် ဆွဲဆောင်ရသကဲ့သို့ လာနားထောင်ရင် စီဒီပေးမယ်၊ သကြားလုံးဝေမယ်၊ ဒိုမိန်းအလကား ပေးမယ်ဆိုပြီး စွဲဆောင်မဲဆွယ်ကြတဲ့သူ တစ်ချို့ကိုလည်း တွေ့ရတယ်။ ဒီလို မဲဆွယ်တဲ့ ပုံစံဟာလည်း ဘားကမ့်ရဲ့ပုံစံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တစ်ချို့ သော ဆွေးနွေးမည့်သူများကလည်း သူတို့၏ ဟောပြောဆွေးနွေးမှုများကို လာနားထောင်ပါ့မလားလို့ စိုးရိမ်ပူပန်ကြတာကို တွေ့ရပါတယ်။

 

ဘားကမ့်ရန်ကုန် ၂ဝ၁ဝနဲ့ Live Update
www.barcampyangon.org ရဲ့ ပင်မစာမျက်နှာပေါ်မှာ ဘားကမ့်ရန်ကုန်ရဲ့အခြေအနေများကို Live Update အနေနဲ့ တွေ့ရပါတယ်။ ဘားကမ့်ထဲမှာ ဘာတွေဖြစ်နေ တယ်၊ ဘာတွေပြောနေတယ်၊ ရယ်စရာအဖြစ်အပျက်တွေ၊ ဆွေးနွေးပြောဆိုမှုတွေကို အချိန်နဲ့ တပြေးညီဖော်ပြနေတာကို တွေ့ရပါတယ်။ ပွဲတက်ရောက်သူတွေ ထဲက #barcampyangon, #BCY 2010 ခံပြီး အွန်လိုင်းစာမျက်နှာပေါ်သို့ ရေးသားမှုများကိုလည်း ပင်မစာမျက်နှာပေါ်မှာ Auto Fresh နဲ့ ပြသထားနိုင်ကို တွေ့ရ ပါတယ်။

မြို့အမည်များနဲ့ ဘားကမ့်များဆီသို့
ဘားကမ့်ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်သလို အောင်မြင်မှုအတိုင်းအတာတစ်ခုရှိခဲ့တဲ့ ပွဲလို့ ပြောနိုင်ပါတယ်။ လူငယ်အများစုရဲ့ နည်းပညာ ဖလှယ်ရာ၊ စိတ်တူကိုယ်တူများပေါင်းစည်းမိရာ၊ တစ်ကိုယ်ရည် အရည်အသွေးများ ဖော်ထုတ်နိုင်ရာ ပွဲတစ်ခုဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဘားကမ့် ရန်ကုန်ကို နယ်မှလာရောက်ပြီး တက်ရောက်သူများရှိသလို ဘားကမ့်မန္တလေး၊ ဘားကမ့်တောင်ကြီး စသဖြင့် သက်ဆိုင်ရာမြို့အမည်များနဲ့ ဖြစ်ပေါ်လာဖို့လည်း ဆန္ဒရှိနေကြတာ ကိုတွေ့ရပါတယ်။ ယင်းနဲ့ပတ်သက်ပြီး မိမိသက်ဆိုင်ရာဒေသအတွင်းမှာ မိမိတို့ကိုယ်တိုင် ဘားကမ့်ကို လုပ်နိုင်ကြောင်း၊ မိမိဒေသအတွင်းမှာ သက်ဆိုင်ရာမြို့အမည်နဲ့ ဘားကမ့်များပေါ်ထွက်လာဖို့ဆိုတာ မိမိတာဝန်ဖြစ်ကြောင်း၊ ဘယ်အဖွဲ့အစည်းမှ တာဝန်ယူမည်မဟုတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းအနေနဲ့ ရှိတဲ့ဒေသရှိတဲ့နေရာမှာ ကူညီနိုင်မယ်လို့ ဘားကမ့်ရန်ကုန်ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထို့အပြင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကိုမင်းဦးက နယ်မှရှိတဲ့ စိတ်ဝင်စားတဲ့ လူငယ်တွေစုစည်းပြီး အသင်းအနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားဖို့ စီစဉ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာမှာပြုလုပ်တဲ့ Barcamp တွေကို လေ့လာကြည့်တဲ့အခါ နိုင်ငံအမည်များနဲ့ပြုလုပ်တဲ့ Barcamp များကို မတွေ့ရပဲ Barcamp London, Barcamp New York City, Barcamp Los Angeles, Barcamp Boston စသဖြင့် မြို့အမည်များကို အစွဲပြုပြီး ပြုလုပ်ကြတာကို တွေ့ရတယ်။ ခုလို ပြုလုပ်တဲ့အခါမှာလည်း အတွေ့အကြုံရှိသူများက ဝိုင်းဝန်းကူညီပေးတာကို တွေ့ရပြီး ဆိုင်ရာမြို့ခံများက ဦးဆောင်ကျင်းပတာကိုတွေ့ရပါတယ်။ Barcampမှာ အဖွဲ့အစည်းမရှိပေမယfh www.barcamp. org ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို တွေ့ရတယ်။ ဘားကမ့်ရန်ကုန်ကို မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းကကြီးမှူးပြီး ပြည်တွင်းအိုင်တီအလွွှာပေါင်းစုံက လူငယ်အများစုပါဝင်တဲ့ Barcamp Organizer Team ကအကောင်အထည်ဖော်ကျင်းပတယ်လို့ သိရတယ်။ ပွဲရက်နှစ်ရက်အတွင်းမှာ အသုံးပြုမယ့် မြန်နှုန်းမြင့် ဝိုင်ယာလက်အင်တာနက်ဆက်သွယ်ရေး စနစ်တွေကို Red Link Company က ပံ့ပိုးပေးထား တယ်လို့လဲ သိရတယ်။

Barcamp Logo
Barcamp Logo

ဘားကမ့်
ဘားကမ့်အကြောင်းကို အကျဉ်းအားဖြင့် တင်ပြရလျှင် လွပ်လပ်ပေါ့ပါးပြီး ဘယ်သူမဆို ပါဝင်ဆင်နွွှဲနိုင်တဲ့ နည်းပညာဖလှယ်ပွဲတစ်ခုဖြစ်တယ်။ ဝက်ဘ် ၂.ဝ ခေတ်မှာ လူတွေ လက်ခံလာတဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ အသိပညာဖလှယ်ခြင်းဆိုတာကို အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင်ဟုတ် သူနဲ့ မဟုတ်သူတွေကြား အသိပညာကွာခြားချက်ကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်ကြတဲ့ ပွဲတစ်ခုလဲ ဖြစ်တယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်ရတာမျိုးမဟုတ်ပဲ ကိုယ်သိတဲ့ ကိုယ်တတ် ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း ဖွင့်ဟပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း ရရှိစေမှာဖြစ်တယ်။ ဘားကမ့်ဟာ လူငယ်တွေကို ရည်ရွယ်ထားတယ်ဆိုပေမယ့် အသက်အရွယ်မရွေး စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်တဲ့ ပွဲတစ်ခုဖြစ်တယ်။
ဘားကမ့်ဆိုတဲ့အမည်ဟာ ဟတ်ကာများရဲ့ ဗန်းစကားတစ်ခုဖြစ်တဲ့ Foobar ပေါ်မှာ အခြေခံထားပါတယ်။ O’ Reilly Media မှ Tim O’ Reilly ဆိုသူက ဟတ်ကာ တွေရဲ့ လုပ်ဆောင်ချက်များကို တစ်နှစ်တစ်ခါတင်ပြတဲ့ပGJ Foo Camp ကနေ Barcamp ဆိုပြီး ဆင်းသက်လာပါတယ်။ Foo Camp ကို ဖိတ်ကြားထားသူများသာ တက်ရောက်နိုင်ပါတယ်။ Foo Camp ကို တက်ရောက်ခဲ့သူများနဲ့ ကိုယ်ပိုငf Foo Camp တည်ထောင်လိုသူတွေဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီယားပြည်နယ်၊ ပါလို အဲတိုမြို့မှာ ၂ဝဝ၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ပထမဆုံးအကြိမ်ဘားကမ့်ကို စတင်ကျင်းပခဲ့ပါ တယ်။ အဲဒီအချိန်ကနေစပြီး မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာရှိတဲ့ နိုင်ငံပေါင်း ၃၅ဝ ကျော်မှာ ကျင်းပနိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများမှာရှိတဲ့ မွန်ဘိုင်း၊ နယူးဒေလီ၊ ဘန်ကောက်၊ ဖနွမ်းပင်နဲ့ ဘေဂျင်စတဲ့မြို့ များမှာလည်း ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။ အနီးစပ်ဆုံး အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ Barcamp Bangkok ကို ၂ဝဝ၉ ခုနှစ် မေလ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ကျင်းပခဲ့တာကို တွေ့ရပြီး ဖနွမ်ပင်မှာ Barcamp Phnom Penh ကို အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်တို့မှာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘားကမ့်ရန်ကုန် ဆိုပြီး ဇန်နဝါရီ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပြီ အခြားမြို့များမှာပါ ကျင်းပနိုင်ဖို့ အများစုက မျှော်လင့်နေကြပါတယ်။

ဟန်ဇော်
ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ်၊ မတ်လ

Category: Tech

Post navigation

← လိုကယ်လိုက်ဇေးရှင်းလုပ်ဖို့ ဘာကြောင့် လိုအပ်သလဲ
Open Source နှင့်ပတ်သက်၍ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme