Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ကိုယ်တိုင်ပါဝင်နိုင်မည့် ဘားကမ့် သို့မဟုတ် ဘားကမ့်ရန်ကုန် ၂ဝ၁ဝ

Posted on December 28, 2015September 3, 2025 by Han Zaw
သက်ပိုင်ခ ရေးဆွဲခဲ့သည့် ဘားကမ့်ရန်ကုန် လိုဂို
သက်ပိုင်ခ ရေးဆွဲခဲ့သည့် ဘားကမ့်ရန်ကုန် လိုဂို

Barcamp Yangon (နည်းပညာနှင့်စီးပွား‌ရေးဆိုင်ရာ အသိပညာအတတ်ပညာရှင်များ ဝါသနာရှင်များ‌တွေ့ဆုံပွဲ)ကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်‌နေ့မှာ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်‌မြေရှိ မြန်မာအင်ဖိုတက်ခ်မှာ ပြုလုပ်မယ်လို့ ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်‌နေ့က ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲက‌နေ သိခဲ့ရတယ်။ Barcamp Yangon ပြုလုပ်ဖို့ အတွက် စိတ်ဝင်စားသူ‌တွေဟာ ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်‌နေ့က လပြည့်ဝန်းပလာဇာ၊ ‌မြေညီထပ်မှာရှိတဲ့ Aroma Cafe မှာ ပဏာမညှိနှိုင်းမှု‌တွေ လုပ်ခဲ့ကြတာကို ‌တွေ့ရတယ်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)ကိုလည်း တင်ပြခဲ့တယ်လို့ သိရတယ်။ MCPA အ‌နေနဲ့ Barcamp Yangon ကို  တာဝန်ယူကျင်းပ‌ပေးဖို့နဲ့  စိတ်ဝင်စားသူ‌တွေစုစည်းပြီး Barcamp Yangon Team ပြုလုပ်ဖို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

Barcamp ဆိုတာ ဘာလဲ

Barcamp ဆိုတာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ‌တွေ့ဆုံတဲ့ ပွဲတစ်ခုဖြစ်တယ်။ ‌တွေ့ဆုံပွဲပုံစံဟာ သမားရိုးကျ ပွဲကျင်းပပုံ‌တွေနဲ့ မတူပဲ ဝါသနာ၊ ရည်မှန်းချက်တူသူ‌တွေစုပြီး အ‌တွေ့အကြုံ၊ အသိပညာ‌တွေ ဖလှယ်ကြတဲ့ ပုံစံမျိုးအဖြစ် ခွဲထွက်ပါတယ်။ ပုံမှန်လုပ်‌နေကျ နည်းပညာ‌ဟော‌ပြောပွဲ‌တွေ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌တွေ ပုံစံမျိုးမဟုတ်သလို နည်းပညာများကို သရုပ်‌ဖော်ပြသခြင်းသက်သက်လည်း မဟုတ်ပါဘူး။ အ‌ကြောင်းအရာတစ်ခုကို ဦးတည်‌ဆွေး‌နွေးတဲ့ ကွန်ဖရမ့်(Conference) ပုံစံမျိုး လည်း မဟုတ်ဘဲ Barcamp ကို တက်‌ရောက်လာသူ‌တွေကိုယ်တိုင် ပူး‌ပေါင်း‌ဆွေး‌နွေးပါဝင်မျှ‌ဝေနိုင်တဲ့ကွန်ဖရင့် (User Generated Conference) တနည်းအားဖြင့် ကွန်ဖရမ့်မဟုတ်တဲ့ ပုံစံ(Unconference)လို့ ‌ခေါ်ဆိုနိုင်ပါတယ်။ Barcamp မှာ တတ်ကျွမ်းသူ‌တွေက မတတ်ကျွမ်းသူ‌တွေကို သင်ကြား‌ပေးတဲ့ ပုံစံကိုမသွားပဲ လူတိုင်းလူတိုင်းမှာ ကိုယ်ကျွမ်းကျင်တဲ့ အ‌ကြောင်းအရာ‌တွေ၊ တစ်ခြား သူကို အသိပညာ မျှ‌ဝေနိုင်မယ့်အပိုင်း‌တွေ ကိုယ်စီရှိကြတယ်လို့ Barcamp က ယူဆပါတယ်။ အပြန်အလှန် အကျိုးသက်‌ရောက် မှုရှိ‌စေတဲ့(Interactive) ‌ဆွေး‌နွေးဖလှယ်မှုပုံစံမျိုးနဲ့ ကျင်းပသွားမယ့် အစီအစဉ်တစ်ခုဖြစ်တယ်။ ဒါ‌ကြောင့် နည်းပညာ၊ အသိပညာ ဖြန့်‌ဝေတဲ့ ပုံစံဟာ သမားရိုးကျပုံစံများက‌နေ လုံးဝခွဲထွက်သွားပါတယ်။ Barcamp မှာ စည်းကမ်း‌တွေ၊ အချိန်ကိုက်ပြုလုပ်ရမယ့် အစီအစဉ်‌တွေမရှိပဲ အချင်းချင်း တူညီစွာစိတ်ဝင်စားတဲ့ အ‌ကြောင်းအရာ၊ မိမိကိုယ်တိုင်‌ပြောပြ‌ဆွေး‌နွေးနိုင်တဲ့ အ‌ကြောင်းအရာ ‌တွေကို လွတ်လွတ်လပ်လပ် ‌ဆွေး‌နွေးဖလှယ်ကြပြီး၊ ‌ပြောဆို‌ဆွေး‌နွေးကြတဲ့ ‌ခေါင်းစဉ်ရဲ့ ဦးတည်ရာအတိုင်း အလိုက်သင့် လိုက်ပါ‌ဆွေး‌နွေးကြခြင်းဖြစ်တယ်။

Barcamp ရဲ့ အနှစ်သာရနဲ့ အသက်ဝင်မှုက မိမိကိုယ် တိုင်ပါဝင်‌ဆွေး‌နွေးခြင်း(Participation)ဖြစ်တယ်။ Barcamp ကို နား‌ထောင်ရုံ သက်သက် တက်‌ရောက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်သိချင်တဲ့ အ‌ကြောင်းအရာအတွက်‌မေးခွန်း‌တွေနဲ့ ကိုယ်သိထားတာ‌တွေကို ရှင်းပြ၊ ‌ပြောပြဖို့ ပြင်ဆင်မှု‌တွေနဲ့ တက်‌ရောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်‌မေးလိုက်တဲ့ ‌မေးခွန်းက သူများ‌တွေ  မစဉ်းစားမိ‌သေးတဲ့ အ‌ကြောင်းအရာတစ်ခုကို ‌ဖော်ထုတ်‌ပေးနိုင်သလို၊ ကိုယ်‌ပေးလိုက်တဲ့ နည်းလမ်းတစ်ခုဟာ တစ်ခြားတစ်‌ယောက်အတွက် တန်ဖိုးရှိပြီး လိုအပ်တဲ့ နည်းလမ်းတစ်ခု ဖြစ်‌နေနိုင်ပါတယ်။ Barcamp ရဲ့ သဘာဝဟာ ကိုယ်သိတာ‌တွေကို ‌ပေးရင်းနဲ့ ကိုယ်မသိတာ‌တွေလည်း ရယူနိုင်တဲ့သဘာဝမျိုးဖြစ်ပါတယ်။

Barcamp Logo
Barcamp Logo

Barcamp ကို ဘယ်ကစ

Barcamp ကို အ‌မေရိကန်နိုင်ငံ ကယ်လီဖိုးနီယားမြို့မှာ ၂ဝဝ၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်က‌နေ ၂၁ ရက်‌နေ့အထိ ပထမဆုံး အကြိမ်စတင်ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်က‌နေစပြီး ‌မြောက်အ‌မေရိက၊ ‌တောင်အ‌မေရိက၊ အာဖရိက၊ ဥ‌ရောပ၊ အ‌ရှေ့အလယ်ပိုင်း နဲ့ အာရှမှာရှိတဲ့ နိုင်ငံ‌ပေါင်း ၃၅ဝ ‌ကျော်မှာ ကျင်းပနိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများမှာရှိတဲ့ မွန်ဘိုင်း၊ နယူး‌ဒေလီ၊ ဘန်‌ကောက်၊ ဖနွမ်းပင်နဲ့ ‌ဘေဂျင်စတဲ့မြို့များမှာလည်း ကျင်းပနိုင်ခဲ့တာကို ‌တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ‌တော့ Barcamp Yangon ဟာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပနိုင်‌တော့မယ့် အိုင်စီတီနဲ့ပတ်သက်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ အနီးစပ်ဆုံးအ‌နေနဲ့ ထိုင်းနိုင်ငံ ဘန်‌ကောက်မှာ Barcamp Bangkok ကို ၂ဝဝ၉ ခုနှစ် ‌မေလ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ကျင်းပခဲ့တာကို ‌တွေ့ရပြီး ဖနွမ်ပင်မှာ Barcamp Phnom Penh ကို ‌အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်တို့မှာ ကျင်းပခဲ့တာကို ‌တွေ့ရပါတယ်။

Barcamp Yangon ဘယ်လိုလုပ်မ လဲ

Barcamp Yangon မှာ ‌ဆွေး‌နွေးမျှ‌ဝေမယ့် အ‌ကြောင်းအရာ‌တွေကို သီးခြား‌ခေါင်းစဉ်များခွဲထားပြီး ဖိတ်ကြားထားသူတစ်ဦးဦးက ဦး‌ဆောင်‌ဆွေး‌နွေးတဲ့ ပုံစံမဟုတ်ပဲ အိုင်စီတီနည်းပညာနဲ့ပတ်သက်ဆက်နွယ်‌နေတဲ့ အ‌ကြောင်းအရာ‌တွေကို တက်‌ရောက်လာသူ ‌တွေက ဦး‌ဆောင်‌ဆွေး‌နွေးနိုင်သလို မိမိ စိတ်ဝင်စားတဲ့ အ‌ကြောင်းအရာတွေ ‌ဆွေး‌နွေး‌နေတဲ့အခါမှာလည်း ပူး‌ပေါင်းပါဝင်နိုင် တယ်လို့ သိရတယ်။ Barcamp Yangon နဲ့ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ‘‘ ဒီပွဲဟာ တစ်ဦးတစ်‌ယောက်၊ အဖွဲ့တစ်ဖွဲ့က ဦး‌ဆောင်တာမျိုးမဟုတ်ပဲ။ တက်‌ရောက်လာသူ အားလုံးပူး‌ပေါင်းပါဝင်ရတဲ့ ပွဲဖြစ်တယ်။ အားလုံးပူး‌ပေါင်းပါဝင်မှုဟာ ဒီပွဲရဲ့အသက်ပဲဖြစ်တယ်’’လို့ Barcamp Yangon Organizer Team က‌ပြောပါတယ်။

Barcamp Yangon ကို တက်‌ရောက်လာသူ‌တွေဟာ ကိုယ်‌ပြောချင်တဲ့ အ‌ကြောင်းအရာ‌ပြောနိုင်မှာဖြစ်ပြီး ကိုယ်တင်ပြချင်တဲ့ နည်းပညာကိုလဲ ပြသနိုင်မှာဖြစ်တယ်။ စိတ်ဝင်စားမှုတူသူ၊ ဝါသနာတူသူ‌တွေဟာ အုပ်စုငယ်‌လေး‌တွေဖွဲ့ပြီး ကိုယ့်အုပ်စုနဲ့ ကိုယ့်စိတ်ကြိုက်အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးမျှ‌ဝေနိုင်မှာ ဖြစ်တယ်။ Barcamp Yangon ပြုလုပ်တဲ့‌နေ့‌တွေမှာ မြန်မာအင် ဖိုတက်ခ်ရဲ့ ခန်းမကြီး‌တွေ အခန်း‌လေး‌တွေ မြက်ခင်းပြင်နဲ့ အင်ဖိုတက်ခ်တစ်ခုလုံးမှာ Barcamp Yangon ကိုတက်‌ရောက်လာ သူ‌တွေဟာ သီးသန့်‌နေရာ‌ေလး‌တွေနဲ့ ကိုယ်‌ဆွေး‌နွေးချင်တဲ့ အ‌ကြောင်းအရာ‌တွေနဲ့၊ တစ်ဦးနဲ့တစ်ဦး အ‌တွေ့အကြုံဖလှယ် ‌ဆွေး‌နွေးနိုင်မှာ ဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။

Barcamp Yangon မှာ ဘာ‌တွေစီစဉ်ထားသလဲ

Barcamp Yangon မှာ ‌ဆော့ဖ်ဝဲလ်၊ ဗီဒီယိုဖိုင်၊ အီးဘွတ်ခ့် စတာ‌တွေကို အလွယ်တကူ မျှ‌ဝေကူးယူနိုင်ရန် File Sharing Server တစ်ခု‌ပေးထားမယ်၊ ‌ကျောင်းတစ်ခုအတွက်ဖြစ်ဖြစ် လူမှု‌ရေးအသင်းတစ်ခုအတွက်ဖြစ်ဖြစ် CMS(Contect Management System) တစ်ခုကို ‌ရွေးချယ်ပြီး CMS နဲ့ ပတ်သက်တဲ့ ပ‌ရောဂျက်တစ်ခုကို ချ‌ပေးမယ်၊ အဲဒီပ‌ရောဂျက်ကို ဝိုင်းဝန်းဖန်တီးကြမယ် ပြီးရင် လွင့်တင်ပြီး သုံးနိုင်‌အောင် Hosting လှူ‌ပေးမယ်၊ ဝိုင်းဝန်းဖန်တီးလုပ်ကိုင်မယ့်သူ‌တွေများရင် ပြိုင်ပွဲအ‌နေနဲ့လုပ်နိုင်‌အောင် စီစဉ်သွားမယ်၊ Font Developer ‌ တွေအ‌နေနဲ့ ယူနီကုဒ်နဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးလိုရင်  ‌ဆွေး‌နွေးနိုင်‌အောင် စီစဉ်မယ် စသဖြင့် စီစဉ်ထားတာကို ‌တွေ့ရတယ်။ ကြိုးမဲ့အင်တာနက်သုံးနိုင်‌အောင် စီစဉ်‌ပေးမယ်လို့လည်း သိရပါတယ်။

BCY_2010
၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်‌နေ့က ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ

 

Barcamp Yangon Organizer Team က ဒီလို‌ပြောတယ်

Barcamp Yangon ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ဦး‌ဆောင်မှု‌ပေးပြီး လူငယ်နည်းပညာရှင်များမှ ဖြည့်စည်း‌ပေးခြင်း ဖြစ်တယ်။ Barcamp မှာ အဖွဲ့အစည်းရယ်လို့ မရှိပါ။ အိုင်တီနယ်ပယ်မှ လူငယ်‌တွေ အတူတကွပူးတွဲလုပ်တဲ့ ပွဲဖြစ်တယ်။ အိုင်တီနယ်ပယ်မှာရှိတဲ့ ပ‌ရောဖက်ရှင်နယ်‌တွေ၊ ပညာရှင်‌တွေ၊ ဝါသနာရှင်‌တွေ တစ်စုတစည်းတည်း ‌တွေ့ဆုံကြပြီ စိတ်ဝင်စားရာကို ဝိုင်းဝန်း‌ဆွေး‌နွေးကြရမှာဖြစ်တယ်။ လူငယ်‌တွေရဲ့ အလုပ်အကိုင်အခွင့်အ‌ရေး‌တွေအတွက် လမ်းစပွင့်လာနိုင်မယ်။ Barcamp Yangon မှာ အိုင်စီတီနဲ့ ပတ်သက်တဲ့ အ‌ကြောင်းအရာ‌တွေ သာမကပဲ ပညာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး စတဲ့အ‌ကြောင်းအရာများမှာပါ တိုက်ရိုက်ထိ‌တွေ့လာနိုင်တယ်လို့ ‌ပြောပါတယ်။ စီးပွား‌ရေးလုပ်ငန်းရှင်များရဲ့ အကူအညီလည်း Barcamp Yangon အ‌နေနဲ့ လိုအပ် တယ်လို့ သိရတယ်။

 

Barcamp Yangon က‌နေ မြို့အမည်နဲ့ Barcamp များသို့

နိုင်ငံတကာမှာ ပြုလုပ်တဲ့ Barcamp ‌တွေကို ‌လေ့လာကြည့်တဲ့အခါ နိုင်ငံအမည်များနဲ့ပြုလုပ်တဲ့ Barcamp များကို မ‌တွေ့ရပဲ Barcamp London, Barcamp New York City, Barcamp Los Angeles, Barcamp Boston စသဖြင့် မြို့အမည်များကို အစွဲပြုပြီး ပြုလုပ်ကြတာကို ‌တွေ့ရတယ်။ ခုလို ပြုလုပ်တဲ့အခါမှာလည်း အ‌တွေ့အကြုံရှိသူများက ဝိုင်းဝန်းကူညီ‌ပေးတာကို ‌တွေ့ရပြီး ဆိုင်ရာ မြို့ခံများက ဦး‌ဆောင်ကျင်းပတာကို‌တွေ့ရပါတယ်။ Barcamp မှာ အဖွဲ့အစည်းမရှိ‌ပေမယ့် www.barcamp.org ဆိုသည့် ဝက်ဘ်ဆိုဒ် တစ်ခုကို ‌တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် Barcamp အတွက်အချက်အလက်တစ်ချို့ကိုလည်း www.barcamp.org/myanmar မှာ‌ဖော်ပြထားတာကို‌တွေ့ရတယ်။ နိုင်ငံတကာရှိ Barcamp များမှာ www.barcampbangkok.org ကဲ့သို့ ဝက်ဘ်ဆိုဒ်များ‌တွေ့ရပြီး Barcamp Yangon အတွကf www.barcampyangon.org ကိုလွင့်တင်ထားတယ်လို့သိရတယ်။ ဆက်သွယ်လိုသူ‌တွေဟာ ‌ဖော်ပြပါလိပ်စာကို ဆက်သွယ်ရမှာ ဖြစ်တယ်။ Barcamp Yangon ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပွဲဖြစ်သလို နည်းပညာစိတ်ဝင်စားသူ‌တွေ တစ်ချိန်းတည်း တစ်ပြိုင်တည်းမှာ နည်းပညာ‌တွေကို ‌တွေ့ဆုံဖလှယ်နိုင်မယ် အခွင့်အ‌ရေး‌ကောင်း တစ်ခုလည်းဖြစ်တယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ Barcamp ကို ပထမဆုံးကျင်းပနိုင်‌တော့မယ်ဆို‌ပေမဲ့ Barcamp Mandalay, Barcamp Yadanarbon, Barcamp Taung Gyi စသဖြင့် ကျင်းပသွားနိုင်လျှင် မြန်မာ့အိုင်စီတီလုပ်ငန်းများဟာ အချိုးညီညီလှလှပပ ပိုမိုတိုးတက်လာမယ်လို့ ယုံ ကြည်‌နေမိတယ်။

ဟန်ဇော်
ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ

Category: Tech

Post navigation

← သူတို့ပြောတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ အကြောင်း
ဘယ်သူ့ကိုမှ ဖိတ်မထားဘူး စိတ်ဝင်စားရင် လက်ရည်တူကစားနိုင်တယ် →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme