Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အီးအဲလ် ဒေါက်သရိုး ဆိုသူမှာ

Posted on August 10, 2015September 3, 2025 by Han Zaw
ROME, ITALY - JUNE 12:   U.S. author Edgar Lawrence Doctorow attends the 6th Festival of Literature at Massenzio Basilica on June 12, 2007 in Rome, Italy.  (Photo by Elisabetta Villa/Getty Images) *** Local Caption *** Edgar Lawrence Doctorow
ROME, ITALY – JUNE 12: U.S. author Edgar Lawrence Doctorow attends the 6th Festival of Literature at Massenzio Basilica on June 12, 2007 in Rome, Italy. (Photo by Elisabetta Villa/Getty Images)

အီးအဲလ် ‌ဒေါက်သရိုး(E.L Doctorow) ဆိုသူမှာ အ‌မေရိကန်နိုင်ငံသား စာ‌ရေးဆရာတစ်ဦးဖြစ်သည်။ အ‌မေရိကန်စာ‌ပေသမိုင်းတွင်အ‌ရေးပါ‌သော စာ‌ရေးဆရာ တစ်ဦးဖြစ်ပြီး ကမ္ဘာ့စာ‌ပေအသိုင်းအဝန်းတွင် ထင်ရှားသူလည်းဖြစ်သည်။ ၂ဝ ရာစုအတွက် အ‌ရေးပါသော အ‌မေရိကန်စာ‌ရေးဆရာများထဲတွင် ‌ဒေါက်သရိုးသည် အလွန် အ‌ရေးပါသူတစ်ဦးဖြစ်သည်။ အယ်ဒီတာနှင့်ပါ‌မောက္ခအဖြစ်လည်း အသက်‌မွေးဝမ်း‌ကျောင်းခဲ့သူဖြစ်သည်။

လုံးချင်းဝတ္ထုစာအုပ် ၂ဝ ခန့်၊ ဝတ္ထုတိုစုစည်းမှုစာအုပ် ၃အုပ်နှင့်စင်တင်ပြဇာတ်များကို ‌ဒေါက်သရိုးက ‌ရေးသားခဲ့သည်။ ထိုစာအုပ်များမှ Ragtime(1975), Billy Bathgate(1980), The March (2005) တို့သည် ‌ဒေါက်သရိုး၏ ထင်ရှား‌သောလုံးချင်းဝတ္ထုများဖြစ်ပြီး စာ‌ပေဆုများလည်းအသီးသီးရရှိခဲ့ကြသည်။ Ragtime ကို ၂ဝ ရာစုနှစ်၏ အ‌ကောင်းဆုံးဝတ္ထုစာအုပ် ၁ဝဝ စာရင်းတွင် ‌မော်ဒန်စာကြည့်တိုက်မှ အယ်ဒီတာအဖွဲ့က ထည့်သွင်းသတ်မှတ်ခဲ့သည်။

၁၉၃၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် နယူး‌ယောက်မြို့၌ ‌ဒေါက်သရိုးကို ‌မွေးဖွားခဲ့သည်။ ‌ဒေါက်သရိုး၏ ဖခင်ဖြစ်သူသည် စာ‌ရေးဆရာ အယ်ဂါအယ်လန်ပိုး၏ ဒုတိယမျိုးဆက်ဖြစ်သည်။ ‌ကျောင်း၏ရသစာ‌ပေမဂ္ဂဇင်းတွင် ‌ဒေါက်သရိုး‌ရေးသားသည့်စာမူ ‌ဖော်ပြခံရသည်။ ထိုသို့စာမူ‌ဖော်ပြခံခဲ့ရခြင်းသည် ‌ဒေါက်သရိုးအတွက်ခွန် အားဖြစ်‌စေခဲ့သည်။ စာ‌ရေးဆရာတစ်ဦးအဖြစ် အသက်‌မွေးဝမ်း‌ကျောင်းနိုင်ရန် ‌ကျောင်းသားဘဝကတည်းက ‌ဒေါက်သရိုး ကြိုးပမ်းခဲ့သည်။

စာ‌ရေးဆရာတစ်ဦး၏ ဘဝကို ‌ရွေးချယ်ဖြစ်ခဲ့သည်နှင့်ပတ်သက်၍ ‘‘က‌လေးဘဝကတည်းက ကျွန်‌တော်စာဖတ်ခဲ့တယ်။ လက်ထဲ‌ရောက်လာတဲ့ စာအုပ်တိုင်းကို ကျွန်‌တော်ဖတ်လိုက်တာပဲ။ စာအုပ်တစ်အုပ်ရဲ့ ဇာတ်သိမ်းပိုင်းက ဘယ်လိုဖြစ်မယ်။ ဘာဆက်ဖြစ်မယ်။ ငါသာဆိုရင် ဘယ်လို‌ရေးလိုက်မယ်ဆိုတဲ့ အ‌တွေး‌တွေ ရှိခဲ့တယ်။ အဲဒီလိုက‌နေ ကျွန်‌တော်ဟာ စာ‌ရေးဆရာတစ်ယောက်ဖြစ်လာခဲ့တာပဲ’’ဟု ‌ဒေါက်သရိုးက ‌ပြောခဲ့သည်။

ဒေါက်သရိုးသည် စာအုပ်တိုက်၏ အယ်ဒီတာတစ်ဦးအဖြစ် ၉ နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် စာအုပ်တိုက်မှ အလုပ်ထွက်၍ စာ‌ပေ‌ရေးသားခြင်း အလုပ်ကို လုပ်ကိုင်ခဲ့သည်။Kenyon College ကို တက်‌ရောက်ခဲ့ပြီး စာ‌ပေနှင့်ပတ်သက်သည်ကို ‌လေ့လာလိုက်စားခဲ့သည်။ ကိုလံဘီယာတက္ကသိုလ်တွင် အင်္ဂလိပ် ပြဇာတ်များကို ‌လေ့လာခဲ့သည်။ Welcome to Hard Times သည် ‌ဒေါက်သရိုး၏ ပထမဦးဆုံးလုံးချင်းဖြစ်သည်။ ထိုစာအုပ်ကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့သည်။ ထို့အပြင် Ragtime, Broadway musical of the same name ဝတ္ထုများအပါအဝင် သူ၏လုံးချင်းဝတ္ထုများမှအချို့ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ကြသည်။

အီးအဲလ် ‌ဒေါက်သရိုးသည် ၂ဝ၁၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။ ‌ဒေါက်သရိုး၏စာ‌ပေများကို ငယ်စဉ်ကတည်းက ဖတ်ရှုခဲ့‌ကြောင်းနှင့် အ‌မေရိကန်နိုင်ငံ၏ ကြီးကျယ်မြင့်မြတ်လှသည့် စာ‌ပေပညာရှင်တစ်ဦးဖြစ်‌ကြောင်း အ‌မေရိကန်သမ္မတ အိုဘားမားက ‌ပြောခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း စာ‌ပေဆု ၁၅ ဆုကို ရရှိခဲ့သည်။ The Book of Daniel, Ragtime, World’s Fair, Billy Bathgate, The March နှင့် Homer & Langley တို့သည် သူ၏ ထင်ရှား‌ကျော်ကြား‌သောစာအုပ်များဖြစ်သည်။ ဘာသာစကားအမျိုးအစား ၃ဝ သို့ ဘာသာပြန်ဆို၍လည်း ထုတ်‌ဝေခဲ့သည်။

ဟန်‌ဇော်

၂ဝ၁၅ ခုနှစ် ဩဂုတ်လ ၁ဝ ရက်‌နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ် ၈၆ရ တွင် ‌ဖော်ပြခဲ့သည်။

Category: Literature

Post navigation

← ဒီဂျစ်တယ်စာကြည့်တိုက်
အင်တာပီးဒီးယား၊ နုပီးဒီးယားမှ ဝီကီပီးဒီးယား →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme