Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ပါးလ် ဆိုက်ဒမ်စတွစ်ကာ ဘတ်ခ် ဆိုသူမှာ

Posted on May 2, 2015September 3, 2025 by Han Sann
ပါးလ် ဆိုက်ဒမ်စတွစ်ကာ ဘတ်ခ်
ပါးလ် ဆိုက်ဒမ်စတွစ်ကာ ဘတ်ခ်

ပါးလ် ဆိုက်ဒမ်စတွစ်ကာ ဘတ်ခ်(Pearl Sydenstricker Buck) ဆိုသူမှာ အမေရိကန်နိုင်ငံသူ စာရေးဆရာမတစ်ဦးသည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိထားသူဖြစ်ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်သည်။

၁၈၉၂ ခုနှစ် ဇွန် ၂၆ ရက်တွင် ဘတ်ခ် ကို အနောက်ဗာဂျီးနီးယား၌ မွေးဖွားခဲ့သည်။ မိဘများသည် ခရစ်ယာန်သာသနာပြုများ ဖြစ်သည်။ ဘတ်ခ်၏ မိဘများသည် လက်ထက်ပြီးကတည်းက တရုတ်နိုင်ငံသို့ သာသနာပြုခရီးထွက်ခဲ့ပြီး ဘတ်ခ်ကို မွေးဖွားရန်အတွက် အမေရိကသို့ ပြန်လာကြသည်။ ထိုကြောင့် ဘတ်ခ်ကို အမိမြေ အမေရိကတွင် မွေးဖွားနိုင်ခဲ့သည်။ သူမကို မွေးဖွားပြီး သုံးလအကြာတွင် မိဘများသည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ ဘတ်ခ်၏ အစောပိုင်းဘဝကြီးပြင်းရာသည် တရုတ်နိုင်ငံဖြစ်သည်။ တက္ကသိုလ်ပညာကို အမေရိကရှိ Randolph-Macon Woman’s College မှ အောင်မြင်ခဲ့သည်။ ထိုကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး တရုတ်နိုင်ငံသို့ သူမပြန်လာခဲ့သည်။ ၁၉၃၄ ခုနှစ်အထိ တရုတ်နိုင်ငံတွင် သူမနေထိုင်ခဲ့သည်။

စာပေရေးသားခြင်းကို အသက် ၂၀ အရွယ်တွင် ဘတ်ခ် စတင်ခဲ့သည်။ အက်ဆေး၊ ဝတ္ထုတိုများကို သတင်းစာနှင့်မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည်။ သူမ၏ ပထမဆုံးဝတ္ထုမှာ East Wind, West Wind ဖြစ်ပြီး ထိုစာအုပ်သည် ၁၉၃၀ ခုနှစ်တွင် ထွက်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် The Good Earth ဆိုသော လုံးချင်းဝတ္ထုစာအုပ် ထပ်မံထွက်ရှိခဲ့သည်။ ထိုစာအုပ်သည် ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ ထိုစာအုပ်ဖြင့် ပူလစ်ဇာဆုကို ဘတ်ခ် ရခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၃၈ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ အမျိုးသမီး ၁၃ ဦး ရှိသည်အနက် ဘတ်ခ်သည် ၄ ဦးမြောက်ဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ အမေရိကန်အမျိုးသမီး ၂ ဦးရှိသည့်အနက် ပထမဦးဆုံး စာပေနိုဘယ် ဆုရရှိသည် အမေရိကန် အမျိုးသမီးဖြစ်သည်။ ဒုတိယအမျိုးသမီးမှာ တိုနီ မော်ရီဆန် ဖြစ်သည်။

ဘတ်ခ် ၏ စာပေလက်ရာများတွင် အရှေ့တိုင်းနှင့်အနောက် တိုင်းတို့၏ ယဉ်ကျေးမှုကွာဟမှုများ၊ ယဉ်ကျေးမှုခြင်း ထိပ်တိုက်တွေ့မှုများ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာများ၊ လူနည်းစု လူမျိုးစုများ၊ အာရှ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် သွေးနှောအာရှသားတို့၏ မျိုးနွယ်စုရွေးချယ်လက်ခံခြင်း များ အစရှိသည့်အကြောင်းအရာများ အများစုပါဝင်သည်ဟု သိရသည်။ ဘတ်ခ်သည် စာစုံရေးသားသူတစ်ဦးဖြစ်သည်။ သူမ၏ စာပေလက်ရာများတွင် အတ္ထုပတ္တိ၊ ကိုယ်တိုင်ရေးအတ္ထုပတ္တိ၊ လုံးချင်းဝတ္ထု၊ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် သုတစာပေများကိုပါ ရေးသားလေ့ရှိသည်ကို တွေ့ရသည်။ ဘတ်ခ်သည် ၁၉၇၃ ခုနှစ် မတ်လ ၆ ရက်၊ အသက် ၈၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

Ref: http://www.en.wikipedia.org, http://www.nobelprize.org

Category: Literature

Post navigation

← အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး
ခါလစ် ဟိုဆေနီ ဆိုသူမှာ →

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme