Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

Posted on July 7, 2016September 3, 2025 by Han Zaw
အောင်မြတ်ဌေး၏ အပိုင်းအစများအနုပညာပြပွဲ ဖိတ်ကြားလွှာ

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။

‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့‌နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘‌လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အ‌ပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအ‌ခြေခံဖြစ်ခြင်းတို့ အ‌ပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အ‌ခြေခံကျ‌သောသ‌ဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်‌လျှောညီ‌ထွေ‌နေထိုင်ရင်း အလွယ်တကူထိ‌တွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်‌ပေးစဉ်းစား‌နေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်‌လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီ‌ပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် ‌လောကသဘာဝမှ တစ်စုံတစ်ရာကို ကိုယ်စားပြုရင်းရှင်သန်ခဲ့ကြရ‌သော ကျွန်‌တော်တို့ ဘဝများသည် ဗလာနယ်ဖြစ်‌သော ဟင်းလင်းပြင်ထဲကို တိုးဝင်စူးစမ်းဖို့ကြုံ‌တွေ့လာတိုင်း တွန့်ဆုတ်‌တွေ‌ဝေခဲ့ကြရသည်။ အမှန်တကယ် ဟင်းလင်နယ်ပယ်သည် ပြည့်စုံကုံလုံ‌သောကြွယ်ဝမှုများဖြင့် အတိပြီး၏။ ထိုကြွယ်ဝ‌သော အနက်အဓိပ္ပာယ်တို့ကိုသိဖို့ရန်မှာ ဟင်းလင်းနယ်၏ အချိန်နှင့်တည် ရှိခြင်းသို့ ဆန့်ထွက်တိုးဝင်ရန်သာလျှင်ရှိ၏။ တစ်နည်းဆိုရလျှင် အဓိပ္ပာယ်အ‌ကြောင်းအရာနှင့် ကိုယ်စားပြုခြင်းများ၏ အဆုံးတွင်သာလျှင် ပန်းတိုင်ရှိ‌ချေသည်။

အောင်မြတ်ဌေး၏ အနုပညာလက်ရာ(၂၀၁၆)

အဓိပ္ပာယ်သတ်မှတ်ချက်များကို မည်သို့လွန်ဆန်နိုင်ပါအံ့နည်း။ လွန်‌မြောက်မှုများအားလုံး၏အစတွင် စွန့်လွတ်အနစ်နာခံခြင်းများ ရှိ‌နေ၏။ စွန့်စားရုန်း ကန်မှုများရှိ‌နေ၏။ နာကျင်မှု‌ဝေဒနာများပါနိုင်၏။ တစ်စစီပိုင်းစိတ်လွင့်စင်မှုများရှိနိုင်၏။ စိတ်မွွှာကွဲထွက်လွွှင့်‌မြောနေသမျှ အဓိပ္ဋာယ်သတ်မှတ်ချက်များ ကိုယ်စားပြုခြင်းများကို တစ်စချင်းလိုက်လံစုစည်းနိုင်ပါ့မလား။ ထိုရလဒ်များသည် ကျွန်‌တော်တို့ကို မူရင်းသတ်မှတ်ချက်တို့၏ လွန်‌မြောက်ခဲ့ပြီး‌သော ပြည့်စုံကြွယ်ဝမှု များကို ‌ဆောင်ကျဉ်း‌ပေးနိုင်လိမ့်မည်။ အမြင်ရသ၏ အဆုံးစွန်ထိ ‌ရောက်ဖို့ရန်မှာ မလွယ်ကူ‌သောလမ်းဖြစ်သည်။ မိမိစိတ်နှင့်အားပြိုင် ရသလို ယဉ်ပါးဓ‌လေ့များနှင့်လည်း လွန်ဆွဲရသည်။ မည်သို့ပင်ဖြစ်စေ ယခုရရှိလာ‌သော အပိုင်းစများသည် မည်သည့်ထုထည်အစိုင်ခဲမှ ကွဲထွက်လာသည် ဖြစ်‌စေ သီးခြားထုထည်အသစ်များ ‌ဆောင်ကျဉ်းလာမည်မှာမုချဖြစ်သည်’’ဟု ‌အောင်မြတ်‌ဋ္ဌေးက သ‌ဘောထား‌ပေးထားသည်။

‌အောင်မြတ်‌ဋ္ဌေးသည် အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာပုံစံမျိုးစုံကို တစ်ကိုယ်‌တော်အ‌နေဖြင့်လည်း‌ ကောင်း၊ အဖွဲ့လိုက်အ‌နေဖြင့်လည်း‌ကောင်း ဖန်တီး ပြသ‌နေသူတစ်ဦးဖြစ်သည်။ ပြည်တွင်းပြည်ပ၌ အနုပညာပြပွဲများကို ပြုလုပ်ခဲ့၊ ‌လေ့လာခဲ့သူတစ်ဦးဖြစ်သလို ပန်းချီဆိုင်ရာနှင့်အနုပညာဆိုင်ရာစာအုပ်များကို ‌ရေးသားထုတ်‌ဝေထားသူတစ်ဦးလည်းဖြစ်သည်။

ဟန်‌ဆန်း

အလင်းတန်းဂျာနယ်၊ ဇူလိုင်လ၊ ၂၀၁၆ ခုနှစ်။

Category: Art

Post navigation

← ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)
မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme