Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ဂျပန်ဖောင်ဒေးရှင်း၏ “Creative Platform Series”

Posted on November 6, 2018September 3, 2025 by Han Zaw

“Creative Platform Series”အမည်ဖြင့် အနုပညာဆိုင်ရာဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်(ရန်ကုန်)နှင့် MYAN/ART တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ပမှအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံမှ အောင်မြတ်ဌေးက ကြားခံဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်ကို တွေ့ရသည်။ ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ မက်(ဗ်) အက်စပီနာက လာရောက်ဆွေးနွေးခဲ့သည်။

ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံမှ မက်(ဗ်) အက်စပီနာက လာရောက်ဆွေးနွေးခဲ့သည်။

“ဘယ်တော့မှ မမှည့်၊ ဘယ်တော့မှ မပုတ်” (၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်)

မက်(ဗ်)အက်စပီနာသည် ဖိလစ်ပိုင်အနုပညာသည်အချို့က ဖွင့်လှစ်ထားသော Green Papaya အနုပညာပြခန်းထူထောင်သူ များထဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည်။ Green Papaya ကို ၂၀၀၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း မက်(ဗ်)က ဆိုသည်။ Green Papaya ကို အနုပညာရှင် များအတွက် အနုပညာပြုလုပ်ရန်နှင့် ပြသရန်အတွက် လွတ်လပ်သောအသိုက်အဝန်းတစ်ခုအဖြစ်ဖန်တီးကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ရန်အတွက် အလွန်နည်းပါး သော ငွေကြေးအထောက်အပံ့အချို့ကိုသာရယူပြီး လိုအပ်သောငွေကြေးများကို Green Papaya တွင် အတူတကွပါဝင်ကြသော အနုပညာရှင်များက မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများမှာ စိုက်ထုတ်ကြကြောင်းသိရ သည်။ Green Papaya ကို “ဘယ်တော့မှ မမှည့်၊ ဘယ်တော့မှ မပုတ်”(Never Ripe, Never Rotten)ဟု တင်စား ခေါ်ဝေါ်သည်။ များပြားစုံလင်လှသော အနုပညာသဏ္ဍာန်မျိုးစုံတို့ကို ရှင်သန်လှုပ်ရှားခွင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အဆုံးသတ် ချိန်နောက်ပိုင်းတွင် Green Papaya ကို အွန်လိုင်းမော်ကွန်းတိုက်အနေဖြင့် ဆက်လက်ထားရှိသွားမည်ဟု ဆိုသည်။ “အထောက်အပံ့များကို အားကိုးသည်ထက် မိမိကိုယ်တိုင်ရပ်တည်နိုင်အောင် ကြိုးပမ်းသည်က ပိုမိုကောင်းမွန်ကြောင်း”မက်(ဗ်) က ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #2 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံမှ Le Thuan Uyen က လာ ရောက်ဆွေးနွေးခဲ့သည်။

“ကွက်လပ်များကို ဖြည့်ခြင်း”(၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်)

ဒုတိယအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #2 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံမှ Le Thuan Uyen က လာ ရောက်ဆွေးနွေးခဲ့သည်။ ညှိနှိုင်းဆွေးနွေးသူအဖြစ် အောင်မြတ်ဌေးက ဆောင်ရွက်ခဲ့သည်။ Le Thuan Uyen သည် သုတေသန ပညာသည်တစ်ဦးဖြစ်ပြီး ကျူရေတာ(Curator)အဖြစ်လည်းဆောင်ရွက်သူတစ်ဦးဖြစ်သည်။ Filling The GAP(s) အမည်ဖြင့် Le Thuan Uyen သည် ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်ရသော အနုပညာပြပွဲများအကြောင်းကို သူမသည် ဆွေးနွေးတင် ပြခဲ့သည်။ အနုပညာနှင့်အနုပညာရှင်များအကြားတွင် ပရိသတ်၊ အနုပညာဆိုင်ရာပညာရေး၊ ယဉ်ကျေးမှုမူဝါဒ၊ ပြခန်းပြတိုက်များ နှင့်စျေးကွက်ဆိုသည်တို့မှာ ချိတ်ဆက်ဆက်နွယ်နေကြောင်းနှင့် အနုပညာရှင်လက်ရာများ ရှင်သန်ရန်အတွက် အနုပညာရပ်ဝန်း သည်အရေးပါကြောင်း ဆွေးနွေးခဲ့သည်။ ဗီယက်နမ်နိုင်ငံမှ အနုပညာရှင်အချို့သည် သူတို့၏ အနုပညာရပ်ဝန်းအတွက် အိမ်များ ကို အနုပညာပြခန်းအဖြစ် အသုံးပြုကြောင်း၊ ထိုသို့အသုံးပြုသောကြောင့် တင်းကျပ်သည့် စည်းမျဉ်းများကို ကျော်လွှာနိုင်ပြီး အာဏာပိုင်တို့၏ အနှောင့်အယှက်မှလည်း ကင်းလွတ်ကြောင်း၊ တစ်ခါတစ်ရံတွင် အများပိုင်လမ်းများပေါ်တွင် အနုပညာလက်ရာ များကို တင်ဆက်ပြသကြကြောင်း ထိုသို့ပြသခြင်းဖြင့် အာဏာပိုင်များ၏ ဆင်ဆာပြုလုပ်ခြင်းကို ကျော်လွှားကြရကြောင်း သိရ သည်။ ဗီယက်နမ်နိုင်ငံတွင် အနုပညာလက်ရာများကို ဆင်ဆာဖြတ်တောက်မှုများရှိနေပြီး အချို့သောအနုပညာလက်ရာများသည် ပြသခွင့်မရကြပါဘဲ နိုင်ငံတကာအဖွဲ့အစည်းနှင့်သံရုံးများတည်နေရာတွင်သာ ပြသကြရကြောင်း သိရသည်။ အနုပညာလက်ရာ များအတွက် ပြခန်းများကို အသုံးပြုကြရန် စဉ်းစားကြသလို အွန်လိုင်းစာမျက်နှာများကိုလည်း အနုပညာလက်ရာများ ပြသရာနေ ရာဒေသတစ်ခုအဖြစ် ဖန်တီး၍ အနုပညာရပ်ဝန်းတစ်ခုကို ပြုလုပ်နိုင်ကြောင်း သူမက ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောသူများက သူမနှင့်အတူ အနုပညာရပ်ဝန်းဆိုင်ရာကိစ္စများနှင့်ဆင်ဆာဖြတ်တောက်ခြင်းဆိုင်ရာကိစ္စများ ကို နှီးနှောဖလှယ်ခဲ့ကြသည်။

Creative Platform Series #3 ကို ရန်ကုန်မြို့၊ ဘိုကလေးစျေးလမ်းရှိ MYAN/ART တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီ၌ ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံမှ အနုပညာသမားနှင့်ကျူရေတာ(Curator)တစ်ဦးဖြစ် သူ Hoo Fan Chon က Running Amok in Penang 2012-2017 ခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်ဖောင် ဒေးရှင်းမှ သိရသည်။

ဟန်ဇော်

Category: Art

Post navigation

← နေမျိုး၏ ဝတ္ထုတိုပေါင်းချုပ်(စာအုပ်)
နေမျိုးကြီး ကဗျာတွေ ဖတ်မလား →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme