Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အင်တာနက်သုံးအတိုကောက်စကားစုများ

Posted on October 18, 2018September 3, 2025 by Han Zaw
အီးမေးလ်တိုင်းမှာလည်း စကားတိုကို အသုံးပြုဖို့ မသင့်တော်ဘူးဆိုသည်ကိုလည်း သတိချပ်သင့် ပါသည်။

အီး‌မေးလ်ပို့‌သောအခါမှာ စကားတိုများကို အသုံးပြုခြင်းသည် စာစီစာရိုက်ရသည့်အချိန်ကာလကို သက်သာ‌စေသည်။ အချိန်ကုန် သက်သာပြီး မိမိ‌ပေးပို့လို‌သော စာသားကိုလည်း ကျစ်လစ်‌စေပါသည်။ ယခုတင်ပြမည့် စကားတိုများသည် အင်္ဂလိပ်စကားတိုများ ဖြစ်သည်ကို သတိချပ်‌စေလိုပြီး အီး‌မေးလ်တိုင်းမှာလည်း စကားတိုကို အသုံးပြုဖို့ မသင့်‌တော်ဘူးဆိုသည်ကိုလည်း သတိချပ်သင့် ပါသည်။ အထူးသဖြင့် ရုံးပိုင်းဆိုင်ရာကိစ္စများနှင့်ခန့်ခန့်ညားညား‌ရေးသားရမည့်စာများတွင် စကားတိုများကိုအသုံးပြုရန် မသင့်‌တော်ဟု ယူဆမိပါသည်။ မည်သည့်အချိန်တွင် မည်သို့အသုံးပြုသင့်သည်ဆိုသည်ကို မိမိကိုယ်တိုင်သာဆုံးဖြတ်သင့်ပါသည်။

Acronym နှင့် Netcronym

acronym ဆို‌သော‌ဝေါဟာရအဓိပ္ပါယ်ကို Winner  အင်္ဂလိပ်-မြန်မာ အသံထွက်အဘိဓာန်မှာ ‘‘စကားလုံးတစ်ခု၏ အစ စာလုံးများဖြင့် ဖွဲ့စည်းထားသည့် အတို‌ကောက်စကားစု’’ဟု ဖွင့်ဆိုထားပါသည်။ Cambridge Advanced Learner’s Dictionary တွင် စာ‌ရေးသူအ‌နေဖြင့် ဆက်လက်တင်ပြမည့် စကားတိုများကို netcronym  ဟု သုံးစွဲထားပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ စကားလုံးတစ်ခု၏ အစစာလုံးများကို အတို‌ကောက်အ‌နေဖြင့် စုစည်းထားသည့်စကားစုဟု ဖွင့်ဆိုထားပြီး ထပ်ဆင့်ရှင်းလင်းချက်တွင် netcronym ကို အီး‌မေးလ်နှင့်ချက်တင် အသုံးပြုသည့်အချိန်တွင် အသုံးပြုနိုင်‌ကြောင်းလည်း ရှင်း လင်းထားပါသည်။ ထို့‌ကြောင့် စာ‌ရေးသူဆက်လက်တင်ပြမည့်အ‌ကြောင်းအရာကို netcronym ဟုလည်း ‌ခေါ်ဆိုနိုင်ပါသည်။

24/7  ( 24 hours day, 7 days a week )

24/7 ဆို‌သော စကားတိုသည် နှစ်ဆယ့်‌လေးနာရီတစ်ရက်၊ ခုနှစ်ရက်တစ်ပတ်(24 hours day, 7 days a week )ကို ဆိုလိုခြင်းဖြစ်ပါသည်။ နှစ်ဆယ့်‌လေးနာရီတွင် တစ်ရက်ရှိသည်။ခုနှစ်ရက်တွင် တစ်ပတ်ရှိသည်ဟု မိ‌ကျောင်းမင်း‌ရေခင်းပြလို၍‌ပြော‌သောစကား မဟုတ်နိုင်ပါ။ အချိန်တိုင်းတွင် အသက်ဝင်‌နေသည်။ အချိန်တိုင်း အလုပ်လုပ်‌နေသည်။ အချိန်တိုင်းတွင် တစ် ဖက်လူက‌ပေး‌သော ဝန်‌ဆောင်မှုကို ရယူအသုံးပြုနိုင်သည် စသဖြင့် အချိန်နှင့်ပတ်သက်‌သော အ‌ကြောင်းအရာ‌တွေကို ‌ဖော်ပြလို‌သောအခါ အသုံးပြုသည့်စကားတိုတစ်ခုဖြစ်ပါသည်။

ASAP (As soon as possible)

ASAP ဆို‌သော အသုံးအနှုန်းကို အင်တာနက်တွင်မှ မဟုတ်ပါ။ ရုံးလုပ်ငန်းဆိုင်ရာကိစ္စ‌တွေမှာလည်း အသုံးပြုကြသည်ကို ‌တွေ့ရ ပါသည်။ ASAP ကို‌တွေ့သည်နှင့် တစ်ဖက်လူသည် ကိုယ့်ကို‌လော‌နေ‌ကြောင်း၊ အလုပ်များ သို့မဟုတ် ‌ဆောင်ရွက်ရမယ့်ကိစ္စ များကို တတ်နိုင်သမျှအမြန်ဆုံးလုပ်ပါဟု တွန်းအား‌ပေး‌နေပြီဖြစ်‌ကြောင်း သိသာနိုင်ပါသည်။ မိမိအ‌နေဖြင့်လည်း တစ်ဖက်လူကို လုပ်ငန်းကိစ္စတစ်ခု အမြန်ဆုံးပြီး ‌မြောက်သွားဖို့ တွန်းအား‌ပေးလိုသည့်အခါတွင် ASAP ကို အသုံးပြုနိုင်ပါသည်။

F2F (Face to Face)

F2F ဆိုသည်မှာ မျက်နှာချင်းဆိုင်၍ ‌တွေ့ကြမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အိုင်စီတီဖွံ့ဖြိုးမှု‌ကြောင့် လူများသည် တစ်ဦးနှင့် တစ်ဦးအပြင်တွင် တစ်ကြိမ်တစ်ခါမှ မ‌တွေ့ဖူးကြဘဲ အွန်လိုင်း‌ပေါ်တွင်သာ မိတ်‌ဆွေဖြစ်ကြသည်။ ယခုကဲ့သို့ မိတ်‌ဆွေဖြစ်သည့် သက်တမ်း ကြာလာတာနှင့်အမျှ တစ်ဦးနှင့်တစ်ဦးပြင်ပ‌လောကတွင် ‌တွေ့ဆုံလိုလာကြသည်။ ထိုအချိန်တွင် F2F ကို သုံးနိုင်ပါ သည်။ ထိုသို့မဟုတ်ဘဲ မျက်နှာချင်းဆိုင် ရှင်းမည်လင်းမည်၊ မျက်နှာချင်းဆိုင်‌တွေ့မှ ‌ပြောမည်ဆိုမည်ဆို‌သော ကိစ္စများလည်း သုံး နိုင်ပါသည်။

FYI (For your information)

တစ်ဖက်လူသိသင့်သည့် သတင်းအချက်အလက်၊ တစ်ဖက်လူကို သိ‌စေချင်‌သော သတင်းအချက်အလက်များကို ‌ပြောဆိုချင်ကြ‌သောအခါ FYI (For your infromation) ဟု သုံးစွဲကြပါသည်။ ‘‘ FYI  – မင်းအတွက် သတင်း‌ကောင်းလေး’’ဟု ‌ပြောဆိုချင်ကြ‌ပေမယ့် သတင်းတိုင်း သတင်းကောင်းဖြစ်နိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဆို‌စေ FYI  ဟု ဆိုလျှင် တစ်စုံတစ်ဦး သည် တစ်စုံတစ်ဦးကို သိ‌စေချင်‌သော သတင်းတစ်ခု ဖြစ်ပါလိမ့်မည်။

HAND (Have a nice day)

HAND ဆို‌သောစကားစုသည် Have a nice day ကို ရည်ရွယ်ပါသည်။ hand ဆိုလျှင်‌တော့ လက်ကို‌ပြောခြင်း ဖြစ်ပါမည်။ ထို့‌ကြောင့် ‘‘‌ကောင်း‌သော ‌နေ့ရက်တစ်ရက် ဖြစ်ပါ‌စေ’’ကို ဆိုလိုချင်လျှင် HAND  ကို စာလုံးအကြီးများနှင့်‌ရေးရန် လိုအပ်ပါလိမ့် မည်။

A/S/L (Age/Sex/Location)

A/S/L ကို ASL ဟု‌ဖော်ပြ၍ အသုံးပြုကြသည်ကိုလည်း ‌တွေ့ရပါသည်။ A သည် အသက်အရွယ်(Age)ကို ရည်ရွယ်ပါသည်။ S  သည် ကျားမဆို‌သော လိင်အမျိုးအစား(Sex)ကို ရည်ရွယ်ပါသည်။ L  သည် ‌နေထိုင်ရာ‌ဒေသ(Location) ကို ရည်ရွယ်ပါ သည်။ အွန်လိုင်း‌ပေါ်တွင် တစ်ဦးနှင့်တစ်ဦး မမြင် မ‌တွေ့ဖူးပါဘဲ စတင်ရင်းနှီးကြာ‌သောအချိန်တွင် အသက်၊ ကျားမ၊ ‌နေထိုင်ရာ အရပ်‌ဒေသများကို ‌မေး‌လေ့‌မေးထ၊ ‌ပြောလေ့‌ပြောထရှိကြပါသည်။ ထိုသို့‌ပြောကြဆိုကြ‌သောအခါတွင် ရိုးရိုးသားသား‌ပြောဆိုသင့် ပါသည်ဟု အကြံ‌ပေးချင်သကဲ့သို့ တစ်ဖက်လူအ‌နေနှင့်လည်း မိမိကို လိမ်ညာနိုင်သည်မို့ သတိရှိပါဟု သတိ‌ပေးချင်ပါသည်။

RUO18 (Are you over 18 ?)

RUO18 ဆိုသည်မှာ ‘‘မင်း ၁၈ နှစ်ပြည့်ပြီလား’’ ဟု ‌မေးလိုက်ခြင်း ဖြစ်ပါသည်။ ထို‌မေးခွန်းကို ‌မေးလာ‌သော အခါဘယ်လို အ‌ခြေအ‌နေမှာ ‌မေးလားသလဲဆိုသည်ကို သတိချပ်ပါ။ တစ်ဖက်လူက ကိုယ်နှင့်ရင်းနှီးကျွမ်းဝင်မှု အားနည်းလျှင် မည်သည့်ရည် ရွယ်ချက်ဖြင့် ဒီ‌မေးခွန်းကို ‌မေးသည် ဆိုသည်ကို သုံးသပ်ပါ။ လူချင်းသူချင်း မမြင်‌တွေ့နိုင်‌သော အ‌ခြေအ‌နေထဲတွင် တစ်ဖက်လူ ၏ အချက်အလက်များကို ‌မေးမြန်းပြီး သိရှိ‌အောင်လုပ်ယူနိုင်ပါသည်။ ထို့‌ကြောင့် သတိရှိစေချင်ပါသည်။

LMIRL (Let’s meet in real life.)

LMIRL ဆိုသည် အပြင်‌လောက၊ လက်‌တွေ့ဘဝထဲတွင် ဆုံကြရ‌အောင်ဟု ‌ပြောသည့်သ‌ဘောပါ။ အွန်လိုင်း‌ပေါ်တွင် ရင်းနှီးရာမှ လက်‌တွေ့ဘဝထဲတွင် ‌တွေ့ဆုံကြရ‌အောင်ဟု ရင်းနှီးခွင့်ကို တစ်ဆင့်တက်လိုက်သည့် သ‌ဘောပါ။ ထိုအ‌ခြေအ‌နေမှာလည်း တစ်ဖက်လူနှင့်ရရှိ‌နေသည့် ရင်းနှီးမှုကို ပြန်လည်သုံးသပ်ပါ။ တစ်ဖက်လူက သ‌ဘောရိုးသလား၊ သ‌ဘောဆိုးလားဆိုသည်ကို ဆင်ခြင်သင့်ပါသည်။ မိတ်‌ကောင်း‌ဆွေ‌ကောင်း‌တွေဖြစ်၍၊ တစ်ဦးနှင့်တစ်ဦး အပြန်ပြန်အလှန်လှန်အားပြုနိုင်‌သော မိတ်‌ကောင်း‌ဆွေ‌ကောင်းများဆိုလျှင် ပြင်ပ‌လောကပမှာ မိတ်ရင်း‌ဆွေရင်းဖြစ်သင့်ပါသည်။

netcronyms ဟု‌ခေါ်‌သော စကားစု ၈ ခုကို တင်ပြဆွေး‌နွေးခဲ့ပါသည်။ စာဖတ်သူများကို တစ်စုံတရာအကျိုးများ‌စေမည်ဟု ယုံကြည်ပါသည်။

ဟန်‌ဇော်

Category: Tech

Post navigation

← ပြည်သူ့အရေးတော်ပုံပါတီ(စာအုပ်)
ရှစ်လေးလုံးအရေးတော်ပုံအတွက် အုပ်တစ်ချပ် သို့မဟုတ် ရေစုန်နှင့်ရေဆန်(စာအုပ်)အကြောင်း →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme