Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

၀စ္စလဝါ ရှင်ဘော့စကာ ဆိုသူမှာ

Posted on February 3, 2014September 3, 2025 by Han Sann
၀စ္စလဝါ ရှင်ဘော့စကာ
၀စ္စလဝါ ရှင်ဘော့စကာ

၀စ္စလဝါ ရှင်ဘော့စကာ(Wislawa Szymborska)ဆိုသူမှာ ပိုလန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ ကဗျာ၊ အက်ဆေး၊ ဘာသာပြန်ရေးသားသူ စာရေးဆရာမကြီးအဖြစ် ကမ္ဘာ့စာပေအသိုင်းအဝန်းတွင် ထင်ရှားသူဖြစ်ပြီး စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိထားသူလည်းဖြစ်သည်။ ကဗျာဆရာမတစ်ဦးအဖြစ် ပိုလန်နိုင်ငံတွင် ထင်ရှားကျော် ကြားခဲ့သည်။

ဝစ္စလဝါ ရှင်ဘော့စကာကို ၁၉၂၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့သည်။ အထက်တန်းပညာကို ကရာကို့ဖ်တွင် သင်ယူခဲ့သည်။ ရသစာပေနှင့်လူမှုရေးရာဘာသာရပ်များကို Krakow’s Jagiellonian တက္ကသိုလ်၌ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တက်ရောက်သင်ယူခဲ့သည်။ ကဗျာများကို ၁၉၄၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ရေးသားခဲ့သူဖြစ်သည်။ အပတ်စဉ်ထုတ် ရသစာပေဆိုင်ရာမဂ္ဂဇင်းတစ်ခုဖြစ်သည့် Literary Life မဂ္ဂဇင်းတွင် ၁၉၅၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ အယ်ဒီတာအဖြစ် အနှစ် ၃၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့သည်။

အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်စဉ်ကာလတွင်လည်း ကဗျာများကို စဉ်ဆက်မပြတ်ရေးသားခဲ့သည်။ စာအုပ်သုံးသပ်ချက်များကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားသည့်အပြင် ပြင်သစ်ကဗျာများကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ သူမ၏ စာအုပ်သုံးသပ်ချက်များထဲမှ အချို့ကို ရွေးချယ်စုစည်း၍ Nonrequired Reading: Prose Pieces (2002)အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေခဲ့ ခြင်းဖြစ်သည်။ I Seek the Word သည် ရှင်ဘော့စကာ၏ ပထမဦးဆုံးထုတ်ဝေသော ကဗျာစာအုပ်တစ်အုပ်ဖြစ်သည်။ ကဗျာစာအုပ် ၁၅ အုပ်နှင့်အထက်ကို ရှင်ဘော့စကာ ရေးသားနိုင်ခဲ့သည်။ သူမ၏ စာပေလက်ရာများကို အင်္ဂလိပ် ဘာသာစကားသို့လည်း ပြန်ဆိုထုတ်ဝေခဲ့သည်။ Monologue of a Dog(Harcount, 2005), Miracle Fair : Selected Poems of Wislawa Szymborska (Norton, 2001); Poems, New and Collected, 1957-1997 (Harcourt, 1998); View with a Grain of Sand: Selected Poems(Harcourt, 1995); People on a Bridge (Forest, 1990); and Sounds, Feelings Thoughts: Seventy Poems (Princeton UP, 1981) အစရှိသည့် လက်ရာများ သည် အင်္ဂလိပ်ဘာသာစကားဖြင့် ဖတ်ရှုနိုင်သော ရှင်ဘော့စကာ၏ ကဗျာလက်ရာများဖြစ်သည်။ သူမ၏ စာပေ လက်ရာများကို အင်္ဂလိပ်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့ကြသည့်အပြင် အာရဗီ၊ ဟေဘရှု၊ ဂျပန်နှင့်တရုတ် ဘာသာစကားများသို့လည်း ပြန်ဆိုထုတ်ဝေခဲ့ကြသည်။

သူမသည် ဒုတိယကမ္ဘာစစ်ကာလကို ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။ သူမ၏ စာပေများတွင် သမိုင်းနောက်ခံအကြောင်းအရာများ၊ ဇီဝဗေဒဆိုင်ရာအကြောင်းအရာများ ဆက်စပ်ပါဝင်လျှက်ရှိကြောင်း၊ လူမှုဘဝ၏ အကြောင်းအရင်းမှန် ဖြစ်ရပ်များနှင့် တိတိကျကျ လွဲချောတတ်မှုများ သည် အခြေအနေတစ်ရပ်အဖြစ်ပါဝင်နေကြောင်း ဝေဖန်သုံးသပ်ကြသည်။ သူမ၏ ကဗျာများတွင် နိုင်ငံရေး နောက်ခံများ ပါဝင်ခဲ့သော်လည်း ကျွန်မရဲ့ကဗျာများဟာ နိုင်ငံရေးသက်သက်ချည်းပဲ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ လူမှုဘဝအကြောင်းအရာများသာ ဖြစ်ပါတယ် ဟု ရှင်ဘော့စကာ က ပြောခဲ့သည်။

ဟာသပညာရှိမှု၊ အသိပညာကြွယ်ဝမှုနှင့်နွေးထွေးမှုများသည် သူမ၏ ကဗျာများတွင် အရေးပါသောအစိတ်အပိုင်း များဖြင့် အချိုးကျနစွာ ညီတူညီမျှ ပါဝင်နေသည်။ ထိုသို့ ပါဝင်နေမှုများကပင် သာမန်ထက် ထူးခြားနေခဲ့ပြီး မေ့မရအောင် စွဲလန်းနေရပါသည်ဟု New York Review of Books က သုံးသပ်ဖော်ညွှန်းခဲ့သည်။

ရှင်ဘော့စကာသည် စာပေဆိုင်ရာ နိုဘယ်ဆုကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သည်။ စာပေဆိုင်ရာ နိုဘယ်ဆုရရှိသူ စာရေးဆရာမ ၁၃ ဦးရှိသည့်အနက် စာပေနိုဘယ်ဆုကို ၉ ဦးမြောက်ရရှိသည့် အမျိုးသမီးစာရေးဆရာမတစ်ဦးဖြစ် သည်။ ထို့အပြင် Goethe Prize(1991), Herder Prize(1995), Polish PEN Club Prize(1996), Order of the White Eagle(2011) အပအဝင် အခြားသောစာပေဆိုင်ရာဆုများကို ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်းနဲ့ သိနားလည်နိုင်ဖို့အတွက် ရှင်ဘော့စကာရဲ့ ကဗျာများက ထူးခြားတဲ့ အထောက် အပံ့များဖြစ်ခဲ့ပါတယ် ဟု ပိုလန်သမ္မတက သူမကွယ်လွန်ချိန်တွင် အေပီသတင်းဌာနသို့ ပြောခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရှင်ဘော့စကာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်အရွယ်သို့ရောက်ရှိနေ ပြီဖြစ်သည်။

ဟန်ဇော်
http://www.bbc.co.uk, http://www.en.wikipedia.org, http://www.poetryfoundation.org

အလင်းတန်းဂျာနယ်၊ အမှတ် (၇၈၉)၊ ၆ ဇန်နဝါရီ ၂၀၁၄ ခုနှစ်

Category: Literature

Post navigation

← အေဖရီဒါ ရယ်လီနက်ခ် ဆိုသူမှာ
တိုနီ မော်ရီစန် ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme