Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အေဖရီဒါ ရယ်လီနက်ခ် ဆိုသူမှာ

Posted on January 5, 2014September 3, 2025 by Han Sann
အေဖရီဒါ ရယ်လီနက်ခ်(Elfriede Jelinek)
အေဖရီဒါ ရယ်လီနက်ခ်(Elfriede Jelinek)

အေဖရီဒါ ရယ်လီနက်ခ်(Elfriede Jelinek)ဆိုသူမှာ သြစတေးလျနိုင်ငံသူ အမျိုးသမီးစာရေးဆရာမတစ်ဦးဖြစ်သည်။ ဂျာမန် ဘာသာစကားဖြင့် စာပေရေးသားသူဖြစ်သည်။ ၂၀ဝ၄ ခုနှစ်တွင် စာပေဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့သူ စာရေးဆရာမ၊ ကဗျာ ဆရာမ၊ ပြဇာတ်ရေးဆရာမအဖြစ် ထင်ရှားသူဖြစ်သည်။

ရယ်လီနက်ခ်ကို သြစတေးလျနိုင်ငံ၌ ၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် မွေးဖွားခဲ့သည်။ ဖခင်သည် ဂျူးသွေးနှော တစ်ဦးဖြစ်ပြီး ဓာတုဗေဒပညာရှင်တစ်ဦးလည်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းက မဟာဗျူဟာအရအရေးပါသော စက်ရုံတစ်ခုတွင် ရယ်လီနက်ခ်၏ ဖခင်သည် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့ကြောင့် အာဏာရအသိုင်းအဝန်း၏ ဖိနှိပ်မှုများမှ ရယ်လီနက်ခ်၏ဖခင်သည် လွတ်မြောက်ခဲ့ရသည်။ မိခင်သည် ဗီယားနားနွယ်ဖွားတစ်ဦး ဖြစ်သည်။ ရယ်လီနက်ခ်ကို မွေးဖွား ချိန်သည် ဒုတိယကမ္ဘာ့စစ်ပြီးခါစအချိန်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေကြရ သည်။ ထိုဆိုးကျိုးများကို ခံစားရသူများထဲတွင် ရယ်လီနက်ခ်လည်း ပါဝင်ခဲ့သည်။ သူမသည် ဗီယားနားတွင် ပညာသင်ယူခဲ့ ပြီး ငယ်ဘဝကို ဖြတ်သန်းခဲ့သည်။ သူမ၏ ငယ်ဘဝသည် အထီးကျန်အဖော်မဲ့ခဲ့သည်။ ထို့ကြောင့် စာအုပ်များကိုသာ သူမ အဖော်ပြုခဲ့ရသည်။ စာအုပ်များကို အဖော်ပြုရင်း စာဖတ်သည့် အလေ့အကျင့်ကို သူမကောင်းစွာရရှိခဲ့သည်။ ကဗျာများကို ဆယ်ကျော်သက်အရွယ်တွင် စတင်ရေးသားခဲ့သည်။

ရယ်လီနက်ခ်သည် ဂီတပညာကို ငယ်စဉ်ကတည်းက သင်ယူတတ် မြောက်ခဲ့သူလည်းဖြစ်သည်။ အော်ဂင်၊ တယော၊ ပလွေ စသောတူရိယာများကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူဖြစ်သည်။ ဂီတပညာ၌ ပါရမီရှိသူ ဖြစ်သကဲ့သို့ ထူးချွန်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ Vienna Conservatory of  Music အဖွဲ့ကို ဆယ်ကျော်သက်အရွယ်ကတည်းက ဝင်ရောက်ခဲ့သူဖြစ် သည်။ ထိုအဖွဲ့၏ ဂီတသင်ရိုးများအားလုံးကို ကျေညက်စွာတတ်မြောက်ထားသူဖြစ်သည်။ သို့သော်လည်း စိတ်ပင်ပန်းလွန်ခဲ့ပြီး အာရုံကြောဆိုင် ရာဝေဒနာကို ခံစားခဲ့ရ၍ အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုနိုင်ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသည်။ ထို့နောက် ပြဇာတ်ပညာနှင့် အနုပညာသမိုင်းကို University of  Vienna တွင် လေ့လာခဲ့သည်။ ထို့အတူ ဂီတပညာကိုလည်း ဆက်လက်လေ့လာခဲ့သည်။ အမျိုးသားအမျိုးသမီး တန်းတူအခွင့်အရေးရရှိမှုဝါဒ၊ လက်ဝဲဝါဒနှင့် စစ်ဆန့်ကျင်ရေးဝါဒများကို သူမရေးသားသည့် စာပေ များတွင် အသားပေး ရေးသားလေ့ရှိကြောင်း တွေ့ရသည်။ သူမငယ်ဘဝက သင်ယူခဲ့သည့် ဂီတပညာရပ်၊ သူမဖြတ်သန်းရ သည့် နိုင်ငံရေးနောက်ခံအခြေအနေများနှင့် ဘဝအတွေ့အကြုံများသည် သူမ၏စာပေဘဝများကို လွှမ်းမိုးခဲ့သည်။ သူမသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်တတ်သူဖြစ်ပြီး သြစတျေးလျကွန်မြူနစ်ပါတီတွင် ပါတီဝင်အဖြစ် နှစ်ရှည်လများ ပါဝင်ခဲ့ဖူး သူဖြစ်သည်။ ထိုအတွေ့အကြုံများကို အခြေခံထားသော အကြောင်းအရာများသည်ပင် သူမ စာပေလက်ရာများ၏ အဓိက အကြောင်းအရင်းဖြစ်နေခဲ့သည်။

The Piano Teacher သည် သူမ၏ထင်ရှားသော လုံးချင်းဝတ္ထုစာအုပ် တစ်အုပ်ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ သည်။ ထိုဝတ္ထုကို ၂၀ဝ၁ ခုနှစ်တွင် The Piano Teacher အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ထိုစာအုပ်သည် ပီယာနိုနည်းပြ ဆရာနှင့် သင်တန်းသားတစ်ဦးတို့အကြား ဖြစ်ပေါ်လာသည့်ဇာတ်လမ်းကို ဖွဲ့ဆိုထားသော လုံးချင်းဝတ္ထုရှည်ဖြစ်သည်။ ထိုဝတ္ထုကို ရယ်လီနက်ခ်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိုဟုလည်း ဆိုကြသည်။ ၁၉၆၇ ခုနှစ်တွင် Lisas Schatten အမည်ဖြင့် ရယ်လီနက်ခ်၏ ကဗျာစုစည်းမှုစာအုပ်ကို ထုတ်ဝေခဲ့သည်။ We’re Decoys, Baby!  အမည်ရသော လုံးချင်းဝတ္ထုရှည်ကို ၁၉၇၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် သူမ၏ပထမဦးဆုံးသော လုံးချင်းစာအုပ်ဖြစ်သည်။ သူမ၏ စာအုပ်များသည် ဂျာမန်စကားပြောနိုင်ငံများတွင် လူသိများထင်ရှားခဲ့သည်။ ထိုစာအုပ်များမှ အချို့စာအုပ်များကို ပြင်သစ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။ ပြဇာတ်များကို ၁၉၈၀ ခုနှစ်မှသာ ရယ်လီနက်ခ် စတင်ရေးသားခဲ့သည်။

၂၀ဝ၄ ခုနှစ်တွင် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ အမျိုးသမီး ၁၃ ဦးရှိသည့်အနက် စာပေနိုဘယ်ဆုရရှိသော ၁၀ ဦးမြောက် အမျိုးသမီးစာရေးဆရာမဖြစ်သည်။ နိုဘယ်ဆုရွေးချယ်သည့်ဆွိဒစ်ရှ်အကယ်ဒမီက မတူညီသောအသံများသည် ဂီတသံစဉ်တစ်ခုစီးဆင်းနေသကဲ့သို့ သူမ၏ဝတ္ထုရှည်များနှင့်ပြဇာတ်များတွင် ပါဝင်နေသည် ဟု မှတ်ချက်ပြုခဲ့ကြသည်။ သူမတွင် ပရိသတ်လူဘုံအလယ်ကို ကြောက်တတ်သောဝေဒနာရှိနေသောကြောင့် နိုဘယ်ဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ဘဲ နိုဘယ်ဆုအတွက် သူမသည် အံအားသင့်ခဲ့ရသလို ကြီးမြတ်သောဂုဏ်ကျေးဇူးတစ်ခုအဖြစ် ခံစားရကြောင်း ပြောကြားခဲ့သည်။

Austrian Youth Culture Award(1969), Heinrich Boll Prize(1986), Heinrich Heine Prize(2002), Franz Kafka Prize (2004), Stig Dagerman Prize(2004), Mulheimer Dramatikerpries(2004, 2009, 2011) အစရှိသည့် စာပေဆုများကိုလည်း ရယ်လီနက်ခ် ရရှိခဲ့သည်။ အင်္ဂလိပ်ဘာသာပြန်အနေဖြင့် The Piano Teacher ကို ၁၉၈၈ ခုနှစ်တွင်လည်းကောင်း၊ Wonderful, Wounderful Times ကို ၁၉၉၀ ခုနှစ်တွင်လည်းကောင်း၊ Lust ကို ၁၉၉၂ ခုနှစ်တွင်လည်းကောင်း၊ Women as lovers ကို ၁၉၉၄ ခုနှစ်တွင် လည်းကောင်းနှင့် Greed ကို ၂၀ဝ၆ ခုနှစ်တွင်လည်းကောင်း အသီးသီးထုတ်ဝေခဲ့သည်။ ရယ်လီနက်ခ်သည် ၁၉၇၄ ခုနှစ်တွင် Gottfried Hungsberg နှင့် လက်ထပ်ခဲ့သည်။ သားသမီးထွန်းကားခြင်းမရှိဘဲ သြစတေးလျနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

ဟန်ဇော်

http://www.notablebiographies.com, http://www. nobelprize.org, http://www.bbc.co.uk, http://www.en.wikipedia.org

အလင်းတန်းဂျာနယ်၊ အမှတ် (၇၈၇)၊ ၃၀ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်

Category: Literature

Post navigation

← ဟာတာမူလာ ဆိုသူမှာ
၀စ္စလဝါ ရှင်ဘော့စကာ ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme