Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: ဦးလှဝင်း(လေသူရဲတစ်ဦး)

ရှစ်လေးလုံးအရေးတော်ပုံအတွက် အုပ်တစ်ချပ် သို့မဟုတ် ရေစုန်နှင့်ရေဆန်(စာအုပ်)အကြောင်း

Posted on October 19, 2018 by Han Sann

၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ထွက်လာသည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ဖြစ်တည်ဖြစ်ပျက်ခဲ့သည်များကို မခံချိမခံသာဖြစ်ခဲ့ကြသော စာပေ နှင့်အနုပညာရှင်များသည် သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအား အစပြု ၍‘‘ရေစုန်နှင့်ရေဆန်’’ စာအုပ်ကို ရေးသားထားသည်။ ဂိုဒေါင်များကိုဖောက်၍ ဈေးတန်းကြီး တည်ခင်းရောင်းချနေသော ရန်ကုန်အရပ်ဝန်းကျင်များသို့ ဘီခြောက်ရာကားဖြင့် လှည့်ပတ်ကြည့်ရှုရန် စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)သည်ဆန္ဒ ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒအတိုင်း သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ အယ်ဒီတာ ဦးဝင်းခက်တို့နှင့် ချိန်းဆို၍ လှည့်လည်ကြည့်ရှုကြသည်။ ရန်ကုန်မြို့တွင်း လှည့်ပတ်သွားလာရင်းဖြင့် စာရေးဆရာ မောင်သော်ကထံသို့ ရောက်ရှိသွားကြသည်။ ကျောင်းသား လှုပ်ရှားမှုအတွင်း သေဆုံးသွားသော ကျောင်းသားများနှင့်ပတ်သက်၍ ရတက်မအေး…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme