‘‘ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာပေနှင့်ပတ်သက် သည့်ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်အနုပညာလက်ရာများအကြောင်းကို ဉာဏ်ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆွေး နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ စာပေအရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အကြောင်းများကို အခြားသောကလောင်အမည်များဖြင့်ရေးသားခဲ့ကြောင်း၊ အနုပညာလက်ရာများအကြောင်း ရေးသားရာတွင် ပြည်တွင်းမှ စာပေအနုပညာလက်ရာများဖြင့် အားဖြည့် ရေးသားခဲ့ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်တွေ့မြင်ခဲ့ကြောင်းနှင့် ဉာဏ်ရှေ့သွားအနုပညာသည်…
Tag: အနုပညာအမျိုးအစား
အင်တာနက်အနုပညာဆိုသည်မှာ
အင်တာနက်အနုပညာ(Internet Art)ဆိုသည်မှာ အင်တာနက်မှတဆင့် ဖြန့်ဝေပြသနိုင်သော အနုပညာလက်ရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူအချို့သည်