Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: အနုပညာလက်ရာ

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

Posted on July 15, 2016 by Han Sann

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ‌ကျော်ကာလမှာ ‌မွေးဖွားပြီး‌တော့ ၉ဝ ‌ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ က‌လေးများအတွက်‌တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်း‌တွေပါပဲ။ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌နေ့လည်စာ ထမင်းပန်းကန်ကို ‌ပေါင်‌ပေါ်တင်လို့…

Read more

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

Posted on July 7, 2016 by Han Sann

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့‌နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘‌လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အ‌ပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအ‌ခြေခံဖြစ်ခြင်းတို့ အ‌ပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အ‌ခြေခံကျ‌သောသ‌ဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်‌လျှောညီ‌ထွေ‌နေထိုင်ရင်း အလွယ်တကူထိ‌တွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်‌ပေးစဉ်းစား‌နေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်‌လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီ‌ပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် ‌လောကသဘာဝမှ တစ်စုံတစ်ရာကို…

Read more

ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

Posted on June 10, 2016 by Han Sann

The Ash(1970-)ဟု အမည်‌ပေးထား‌သော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ည‌နေပိုင်းက ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။ The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်‌ပေးထား‌သောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်‌ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့‌သော နိုင်ငံ‌တော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲ‌ပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ‌ခေတ်‌ပြောင်း‌တော်လှန်‌ရေးသမိုင်းဝင်မိန့်ခွန်း‌ပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏…

Read more

ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း

Posted on October 18, 2015 by Han Sann

‘‘ဉာဏ်‌ရှေ့သွားအနုပညာနှင့်အ‌ကြောင်းစပ်သည့်အ‌ရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာ‌ပေနှင့်ပတ်သက် သည့်ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် ‌အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ‌ဆွေး‌နွေးပွဲကို စာ‌ရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်‌ဆွေး‌နွေးခဲ့သည်။ ‌ဆွေး‌နွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အ‌ကြောင်းအရာများနှင့်အနုပညာလက်ရာများအ‌ကြောင်းကို ဉာဏ်‌ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ‌ဆွေး‌ နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအ‌ကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အ‌ကြောင်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။ စာ‌ပေအ‌ရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အ‌ကြောင်းများကို အခြား‌သောက‌လောင်အမည်များဖြင့်‌ရေးသားခဲ့‌ကြောင်း၊ အနုပညာလက်ရာများအ‌ကြောင်း ‌ရေးသားရာတွင် ပြည်တွင်းမှ စာ‌ပေအနုပညာလက်ရာများဖြင့် အားဖြည့်‌ ရေးသားခဲ့‌ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်‌တွေ့မြင်ခဲ့‌ကြောင်းနှင့် ဉာဏ်‌ရှေ့သွားအနုပညာသည်…

Read more

ကိုယ့်ပုံတူ | Self-Portrait

Posted on September 21, 2015 by Han Sann

ဓာတ်ပုံကင်မရာဖြင့် မိမိကိုယ်ကို မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ခြင်းကို ပြုလာကြ သည်။ ဆဲလ်ဖီဟု ခေါ်ကြသည်။ ဆဲလ်ဖီခေတ်ဟု ဆိုနိုင်ကောင်းသည်။

Read more

ဖေဖေ၏ ပုံတူ | Portrait of Dad

Posted on February 21, 2015 by Han Sann

Art + Plug | Season Two | AVANT-GARDE | ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက် | Pansodan Scene | ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

Read more

ဒီဂျစ်တယ်အနုပညာလက်ရာများ

Posted on February 15, 2015 by Han Sann

Art + Plug |Season One | 2013 | ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ | တကောင်းအနုပညာခန်းမ၊ ရန်ကုန်မြို့။

Read more

ဂရပ်ဖစ်အနုပညာလက်ရာများ

Posted on February 14, 2015 by Han Sann

မြန်မာဂရပ်ဖစ်အနုပညာပြပွဲကို ၂၀⁠၀၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြသခဲ့သည်။

Read more

အင်တာနက်အနုပညာဆိုသည်မှာ

Posted on November 9, 2013 by Han Sann

အင်တာနက်အနုပညာ(Internet Art)ဆိုသည်မှာ အင်တာနက်မှတဆင့် ဖြန့်ဝေပြသနိုင်သော အနုပညာလက်ရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူအချို့သည်

Read more

ဒီဂျစ်တယ်အနုပညာဆိုသည်မှာ

Posted on September 30, 2013 by Han Sann

ဒီဂျစ်တယ်အနုပညာဆိုသည်မှာ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြု၍ ဖန်တီးထုတ်လုပ်ထားသော အနုပညာလက်ရာ များကို ခေါ်ဆိုခြင်းဖြစ်သည်။ အနုပညာဖန်တီးသူသည် လက်ရာတစ်ခုဖန်တီးရန်ဖြစ်စေ၊ အနုပညာလက်ရာ တစ်ခုအတွက် ကြားခံအလွှာတစ်ခုအနေဖြင့် အသုံးပြုရန်ဖြစ်စေ ဒီဂျစ်တယ်နည်းပညာတစ်ခုကို အသုံးပြုလေ့ရှိသည်။

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme