ကဗျာဆရာမောင်ဒေးနဲ့တွေ့ဆုံခြင်း ကဗျာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကဗျာ ဆရာမောင်ဒေးက မျက်နှာပြင်၏ အလွန်ဆိုတဲ့အမည်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ကဗျာလောကအတွင်းမှ ကဗျာဆရာများပါဝင်တက်ရောက်ကြပါတယ်။ ကဗျာပညာရပ်ဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းနဲ့အတူ လေ့ကျင့်ခန်းများကိုလည်း အတူတကွပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို အခြေခံပြီး ကဗျာဆရာမောင်ဒေးကို မေးခွန်းအချို့ထုတ်နုတ်မေးမြန်းခဲ့ပါတယ်။ ထုတ်နုတ်မေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အပိုင်းလိုက်ပြန်လည် စုစည်းလိုက်တဲ့အခါ အောက်ဖော်ပြပါအတိုင်း အဖြေများထွက်ပေါ်လာပါတယ်။ ကဗျာအကြောင်း အနှစ်ချုပ်ခေါင်းစဉ်ငယ်မေးခွန်းနဲ့အတူ မောင်ဒေးရဲ့ အယူအဆများ မျှဝေချက်များကို လေ့လာအကဲဖြတ်နိုင်ပါလိမ့်မယ်။ ကဗျာနဲ့ကဗျာအလုပ်ရုံဆွေးနွေးပွဲ ပဲန်မြန်မာမှာလုပ်ခဲ့တဲ့ Workshop ကို ကျေနပ်အားရမှု ရှိပါတယ်။ ကဗျာရေးသူတွေ ဆုံရတယ်။ ကဗျာအကြောင်းပြောကြတယ်ဆိုတော့ အလိုလို အကျိုးရှိပြီးသားပါ။ ကဗျာရေးသူ အချင်းချင်းအကြားမှာ ကဗျာနဲ့ပတ်သက်တဲ့…