Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: ပြည်သူ့အရေးတော်ပုံပါတီ

ပြည်သူ့အရေးတော်ပုံပါတီ(စာအုပ်)

Posted on October 17, 2018 by Han Sann

ရန်ကုန်ဘ‌ဆွေ‌ရေးသားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်‌ဝေခဲ့ဖူးခြင်း မရှိ‌သေးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ငါတို့စာ‌ပေက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်‌ဝေခဲ့သည်။ ဂျပန်‌တော်လှန်‌ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာ‌ပေအမျိုးအစားဖြစ်သည်။ ရန်ကုန်ဘ‌ဆွေ၏ ပြည်သူ့အ‌ရေး‌တော်ပုံပါတီသည် ဂျပန်‌တော်လှန်‌ရေးကာလ၌ ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်းများ၊ ‌တော်လှန် ရေးတပ်သားများ၏ အ‌တွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်များ၊ တရားဥပ‌ဒေစိုးမိုး‌ရေးကင်းလွတ်‌နေသည့် ကာလအတွင်း ‌ဒေသခံတို့၏ ကျီးလန့်စာစား‌နေထိုင်ရသည့် အ‌ခြေအ‌နေများ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့စွာ‌နေထိုင် ရသည့်အ‌ခြေအ‌နေများကို သိမြင်ရမည်ဖြစ်သည်။ စာ‌ရေးသူသည် သူ၏ဂျပန်တော်လှန်‌ရေးကာလဖြတ်သန်းရာ‌ဒေသ ဧရာဝတီ မြစ်ဝကျွန်း‌ပေါ်‌ဒေသမှ အ‌တွေ့အကြုံများကို အဓိကထားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြည်သူ့အ‌ရေး‌တော်ပုံပါတီစာအုပ်နှင့်ပတ်သက်၍ ‘‘စာ‌ရေးသူသည် ဤအ‌ကြောင်းဖြစ်ရပ်ကို ‌ရေးမည်ဆို‌သော်လည်း သမိုင်း သု‌တေသီများ၊ သမိုင်းဆရာများကဲ့သို့ ခန့်ခန့်ညားညား မ‌ရေးတတ်‌ကြောင်း ဝန်ခံပါသည်။ ထိုသို့‌ရေးရန်လည်း ဘယ်တုန်းကမျှ စိတ်မကူးခဲ့‌သော‌ကြောင့် အ‌ထောက်အထား‌တွေ၊ သက်‌သေခံပစ္စည်း‌တွေ၊ အချိန်‌နေ့စွဲ‌တွေ မှတ်သားခြင်း၊…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme