Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: ဂါစီယာ မားကွက်စ်

ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

Posted on June 12, 2019 by Han Sann

စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက ခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု နက်ခ်ဖလစ်က ပြောခဲ့ပါသည်။ နက်ခ်ဖလစ်သည် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ဗီအိုဒီ(VOD, Video On Demand)စနစ်ဖြင့် ရုပ်သံများကို ထုတ်လွှင့်နေပါသည်။ One Hundred Years of Solitude လုံးချင်း၀တ္ထုကို စပိန်နိုင်ငံ၌ ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထိုစာအုပ်သည် မားကွက်စ်၏…

Read more

ဂါစီယာ မားကွက်စ် ဆိုသူမှာ

Posted on June 12, 2019 by Han Sann

ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း သတင်းစာဆရာဘဝကို စတင်ခဲ့ သည်။ ဒေသအတွင်း ထုတ်ဝေသည့် သတင်းစာတစ်ခုတွင် ပင်တိုင်ရေးသားခဲ့သည်။ ထိုသို့ရေးသားနေရင်း ကိုလံဘီယာ၏ စာရေးဆရာများ၊ သတင်းစာဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြင့် စုစည်းထား သည့် Barranquilla Group ၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀ ရာစု အလယ်ခေတ်၌ အသိပညာဆိုင်ရာနှင့်စာပေရေးရာများဖြင့် ထင်ရှား၍ အင်အားကြီးသောအဖွဲ့တစ်ခုဖြစ် သည်။ ထိုအဖွဲ့မှရရှိသော စိတ်ကူးစိတ်သန်းများနှင့်စေ့ဆော်မှုများသည် မားကွက်စ်ကို…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme