Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ကိုယ့်ပုံတူ

Posted on February 1, 2016 by Han Sann

ပေါ်ဦးသက်၏ ပန်းချီများကို စတင်မိတ်ဆက်ပေးခဲ့သူမှာ ဖေဖေဖြစ်သည်။ သူရှင်သန်ခဲ့သောနေရာ၊ သူနှင့်ခွဲမရနိုင်ခဲ့သောနေရာဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမကြီးထက်က လောကနတ်အနုပညာပြခန်းတွင် သူ၏ပန်းချီလက်ရာများသည် ကိုယ့်နှလုံးသားထဲဝင်ရောက်ပြီး နေရာယူသွားခဲ့သည်။

Read more

ဘာကြောင့် ပြောင်းလဲအသုံးပြုလာကြသလဲ။ ဘာကြောင့် ပြောင်းလဲအသုံးပြုသင့်သလဲ။

Posted on January 15, 2016 by Han Sann

စံမီတဲ့ ယူနီကုတ်ကို ဘာ‌ကြောင့် ‌ပြောင်းလဲသုံးလာကြသလဲ၊ ဘာ‌ကြောင့် ‌ပြောင်းလဲအသုံးပြုသင့်သလဲဆိုတဲ့ ‌ဆွေး‌နွေးချက်‌တွေကို ‌ရေးသားတင်ပြလိုက်ပါတယ်။

Read more

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)

Posted on January 15, 2016 by Han Sann

အမုန်းပွား‌စေ‌သော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား ‌လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ‌ဖော်ပြ‌ရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက ‌စောင့်ကြည့်‌လေ့ လာခဲ့‌ကြောင်းနှင့် ‌စောင့်ကြည့်‌လေ့လာ‌သော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊ လူမှုကွန်ရက်မီဒီယာ( ‌ဖေ့ဘွတ်ခ်)နှင့် ပုံနှိပ်မီဒီယာ(သတင်းစာ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများ) ဖြစ်‌ကြောင်း အစီရင် ခံစာမှ သိရသည်။ မီဒီယာအသီးသီးတွင် ထုတ်‌ဖော်‌ရေးသားလွှင့်တင်ကြသည့် အမုန်းစကားများကို ‌လေ့လာရာတွင် ၁။ နိုင်ငံ‌ရေးယုံကြည်ချက်အ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကား ၂။ လူမျိုး‌ရေးကိုအ‌ခြေပြုသော အမုန်းစကား ၃။ ဘာသာ‌ရေးကိုအ‌ခြေပြု‌သော အမုန်းစကားနှင့် ၄။ ကျားမ‌ရေးရာအ‌ပေါ်တွင်အ‌ခြေပြု‌သော အမုန်းစကားများ ဟူ၍‌ တွေ့ရှိရ‌ကြောင်း အစီရင်ခံစာမှ သိရသည်။ လူမှုကွန်ရက်မီဒီယာ‌ပေါ်မှ အမုန်းစကားများကို‌…

Read more

ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် ဘဝနှင့်ကဗျာများ

Posted on January 14, 2016 by Han Sann

ပဲန်မြန်မာ၏ ဒဿမအကြိမ်‌မြောက် ရသည‌နေခင်းအစီအစဉ်ကို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည‌နေ ၆ နာရီ၌ ကျင်းပခဲ့သည်။ ယင်းအစီအစဉ်တွင် ‌သေဒဏ်ကျခံထားရ‌သော ‌ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ‌နေထိုင်သူ ပန်းချီဆရာ၊ ကဗျာဆရာ အက်ရှ ရာ့ဖ်ဖယာ့ဒ်၏ ဘဝနှင့်ကဗျာများအ‌ကြောင်းကို ‘‘ကဗျာအတွင်း၌ တွဲခို‌နေ‌သောအသက်မဲ့ ခန္ဓာကိုယ်များ’’အမည်ဖြင့် ကဗျာဆရာ ‌မောင်‌ဒေးက ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည်။ ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် လွတ်‌မြောက်‌ရေးအတွက်လှုပ်ရှားမှုများကို ပဲန်မြန်မာစင်တာနှင့်အတူ ကမ္ဘာ့နိုင်ငံ‌ပေါင်း ၄ဝ နီးပါးမှပဲန်စင်တာများ၌လည်း လှုပ်ရှားမှု‌ပေါင်း ၁၄၁ ခုကို တစ်ပြိုင်တည်း၊ တစ်ချိန်တည်းတွင်ပြုလုပ်၍ ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ပဲန်မြန်မာ၌ ပြုလုပ်သည့်အခမ်းအနားတွင် အက်ရှရာ့ဖ် ဖယာ့ဒ်၏ အငြင်းပွား‌စောဒကတက်ခံရ‌သော ကဗျာ ၂ ပုဒ်ကို ကဗျာဆရာ ‌ဇေယျာလင်းနှင့်‌မောင်‌ဒေးတို့က ဘာသာပြန်ဆို၍ ရွတ်ဆို‌ဆွေး‌နွေးခဲ့ကြသည်။ ထို့‌နောက် ‌သေဒဏ်ကျခံထားရ‌သော…

Read more

စံအတိုင်းအတိအကျလိုက်နာထားတဲ့ ယွန်းချိုဖောင့်

Posted on January 14, 2016 by Han Sann

စံသတ်မှတ်ချက်ကို အတိအကျမလိုက်နာထားတဲ့ ဖောင့်တစ်ခုက မြန်မာ့အိုင်တီလောကကို အထောက်အကူပြုခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ရေးချင်တဲ့စာကို ရေးလို့မရတဲ့ အချိန်မှာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်တယ်။

Read more

ယူနီကုတ် ၁ဝ၁ နှင့် ဘာသာစကား၊ ဘာသာဗေဒအရင်းအမြစ်ကိစ္စ

Posted on January 13, 2016 by Han Sann

ယူနီကုဒ်လို့ ပြောလိုက်ရင် ISO ရဲ့ 10646 ကို လိုက်နာပြီး ဖြစ်ပါတယ်။ ISO လို့ ပြောလိုက်တာနဲ့ ISO မှာရှိတဲ့ တစ်ခြား စံသတ်မှတ်ချက်တွေဟာလည်း ချိန်ညှိပြီးသားဖြစ်တယ်။ ယူနီကုဒ်စံသတ်မှတ်ချက်ဆိုတာ Platform တစ်ခုပါ။ ယူနီကုဒ်ဆိုတာ ဘယ် Platform မှာပဲ ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။

Read more

ဇော်ဂျီနှင့်မြန်မာသရီး စံနှုန်းမတူရခြင်းအကြောင်း

Posted on January 12, 2016 by Han Sann

စံ(Standard)တစ်ခုပဲ ရှိပါတယ်။ အဲဒီစံအတိုင်းကို လိုက်ရပါတယ်။ စံကို မလိုက်ပဲနဲ့ယူနီကုဒ်ပါလို့ အော်နေရင်တော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။

Read more

ဗီဒီယိုတယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း

Posted on January 11, 2016 by Han Sann

မိုဘိုင်းဆက်သွယ်‌ရေးစနစ် ဖွံ့ဖြိုးတိုးတက်‌တော့မည့်အရိပ်အ‌ရောင်များ မြန်မာနိုင်ငံတွင် လင်းလက်လာပြီဖြစ်သည်။ ၁ဝ နှစ်တာ ကာလနီးပါး‌နောက်ကျခဲ့သည့် မိုဘိုင်းဆက်သွယ်‌ရေးစနစ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ‌နောက်ကလိုက်ရ‌တော့မည်ဖြစ်သည်။

Read more

အရွယ်သေးသေး ပမာဏမြင့်မြင့်

Posted on January 11, 2016 by Han Sann

SD card ဆိုသည်‌သော‌ဝေါဟာရသည် Secure Digital ၏ အတို‌ကောက်‌ဝေါဟာရတစ်ခုဖြစ်သည်။ Secure Digital ကို မြန်မာဘာသာဖြင့် တိုက်ရိုက်ဘာသာပြန် လျှင် ဒီဂျစ်တယ်အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းခြင်းကတ်ပြားဟု ဆိုရမည်ဖြစ်သည်။

Read more

ခေတ်စမ်းစာပေ

Posted on January 7, 2016 by Han Sann

ခေတ်စမ်းစာပေသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားအချို့၏ အရေးအသားပုံသဏ္ဍာန် အသစ်တစ်ခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။

Read more
  • Previous
  • 1
  • …
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • …
  • 18
  • Next
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme