Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Author: Han Sann

သူတို့ပြောတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ အကြောင်း

Posted on December 26, 2015 by Han Sann

၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော ဘားကမ့်ရန်ကုန် ၂၀၁၀ အကြောင်း နည်းပညာဆိုင်ရာ အင်တာဗျူးဆောင်းပါးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဘားကမ့်၏ မှတ်တမ်းအစိတ်အပိုင်းတစ်ခုအဖြစ် ရည်ရွယ်၍ အကိုးအကားပြုနိုင်ရန် လွှင့်တင်ပါသည်။

Read more

လူသားအနာဂတ်အတွက် ဝတ်ဆင်နိုင်သောကွန်ပျူတာ

Posted on December 24, 2015 by Han Sann

ဝတ်ဆင်နိုင်သော ကွန်ပျူတာများကို အသုံးပြုနိုင်ရန် ၁၆ ရာ စုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြသည်။ လည်ပင်တွင် ဝတ်ဆင်၍ အသုံးပြုနိုင်သော တရုတ်ပေသီးများသည် ဝတ်ဆင်နိုင်သော ကွန်ပျူတာများ၏အစဦးပိုင်းဟု ဆိုကြသည်။ ကွန်ပျူတာသည် တွက်ချက်ရေးစက်ပစ္စည်းအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။

Read more

ဂူဂဲလ်မျက်မှန်

Posted on December 19, 2015 by Han Sann

အခန်းတစ်ခန်းမျှ ပဏာမရှိသည့် ကွန်ပျူတာများသည် စားပွဲ‌ပေါ်ကို တင်နိုင်‌လောက်သည့် အရွယ်အစားအထိ ‌သေးငယ်လာ ခဲ့သည်။ စားပွဲတင်နိုင်သည့် ကွန်ပျူတာများသည် ‌ပေါင်‌ပေါ်တင်နိုင်သည့် ပဏာမအထိ‌သေးငယ်ခဲ့ပြန်သည်။

Read more

ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည်

Posted on December 18, 2015 by Han Sann

လိုင်ဖိုင်ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထရောနစ်ကိရိယတစ်ခုမှတစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက် အလက်များကို ပေးပို့နိုင်သောစနစ်တစ်ခုဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း လိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ လိုင်ဖိုင်စနစ်သည် အလင်းကို အခြေခံ၍ အချက်အလက်များကို ထုတ်လွွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်သည်။

Read more

အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး

Posted on November 1, 2015 by Han Sann

‘‘အ‌မေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာ‌ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ည‌နေ ၃ နာရီက ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့သည်။ အဆိုပါ‌ဆွေး‌နွေးပွဲ တွင် အ‌မေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို စတီဗင်န် ဆီဒင်န်ဘဂ်နှင့်အတူ တက်‌ရောက်လာကြ‌သော ကဗျာဆရာများနှင့်ကဗျာမြတ်နိုးသူ များက ရွတ်ဆိုခဲ့ကြသည်။ ထို့‌နောက် စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်‌သော အယူအဆ များနှင့်အ‌ကြောင်းအရာများကို အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြသည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို ကဗျာဆရာ ‌ဇေယျာလင်းက မြန်မာဘာသာသို့ ပြန်ဆို‌ပေးခဲ့ပြီး တက်‌ရောက်လာသူများကို စာအုပ်ငယ်များအဖြစ် လက်‌ဆောင်‌ပေးအပ်ခဲ့သည်။ ထိုစာအုပ်ပါ ကဗျာများကို တက်‌ရောက်လာကြသူ မြန်မာကဗျာဆရာများနှင့် ကဗျာမြတ်နိုးသူများက ရွတ်ဆိုခဲ့ကြခြင်းဖြစ်သည်။ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများနှင့်ပတ်သက်၍ ‘‘မြန်မာဘာသာပြန်သူ…

Read more

ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း

Posted on October 18, 2015 by Han Sann

‘‘ဉာဏ်‌ရှေ့သွားအနုပညာနှင့်အ‌ကြောင်းစပ်သည့်အ‌ရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာ‌ပေနှင့်ပတ်သက် သည့်ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် ‌အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ‌ဆွေး‌နွေးပွဲကို စာ‌ရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်‌ဆွေး‌နွေးခဲ့သည်။ ‌ဆွေး‌နွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အ‌ကြောင်းအရာများနှင့်အနုပညာလက်ရာများအ‌ကြောင်းကို ဉာဏ်‌ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ‌ဆွေး‌ နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအ‌ကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အ‌ကြောင်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။ စာ‌ပေအ‌ရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အ‌ကြောင်းများကို အခြား‌သောက‌လောင်အမည်များဖြင့်‌ရေးသားခဲ့‌ကြောင်း၊ အနုပညာလက်ရာများအ‌ကြောင်း ‌ရေးသားရာတွင် ပြည်တွင်းမှ စာ‌ပေအနုပညာလက်ရာများဖြင့် အားဖြည့်‌ ရေးသားခဲ့‌ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်‌တွေ့မြင်ခဲ့‌ကြောင်းနှင့် ဉာဏ်‌ရှေ့သွားအနုပညာသည်…

Read more

နိုင်ငံတော်သမ္မတ ဖတ်စာ

Posted on October 12, 2015 by Han Sann

အထိန်းအကွပ်မဲ့‌သော နိုင်ငံ‌တော်သမ္မတဘဝသို့ ချွတ်‌ချော်တိမ်းမှား၍ ‌ရောက်ရှိသွားခြင်း အလျဉ်းမရှိ‌စေရန် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေက လမ်းညွွှန်ထိန်း‌ကြောင်း‌ပေးသည်ဟု အ‌မေရိကန်နိုင်ငံ၏ ပထမဦးဆုံးသမ္မတလည်းဖြစ် ကမ္ဘာ့ပထမဦးဆုံးသမ္မတ လည်းဖြစ်သူ ‌ဂျော့ဝါရှင်တန်က ‌ပြောခဲ့သည်။

Read more

ကိုယ့်ပုံတူ | Self-Portrait

Posted on September 21, 2015 by Han Sann

ဓာတ်ပုံကင်မရာဖြင့် မိမိကိုယ်ကို မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ခြင်းကို ပြုလာကြ သည်။ ဆဲလ်ဖီဟု ခေါ်ကြသည်။ ဆဲလ်ဖီခေတ်ဟု ဆိုနိုင်ကောင်းသည်။

Read more

အာရာဗင်း အဒီဂါ ဆိုသူမှာ

Posted on September 5, 2015 by Han Sann

အာရာဗင်း အဒီဂါ(Aravind Adiga)ဆိုသူမှာ အိန္ဒိယနွယ်ဖွား ဩစ‌တေးလျနိုင်ငံသား စာ‌ရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သည်။ The White Tiger (ကျားဖြူ)စာအုပ်ဖြင့် ကမ္ဘာ့စာ‌ပေအသိုင်းအဝန်းတွင် ထင်ရှားလာသူဖြစ်သည်။

Read more

ယန် မာတဲလ် ဆိုသူမှာ

Posted on August 24, 2015 by Han Sann

ယန် မာတဲလ်(Yann Martel) ဆိုသူမှာ က‌နေဒါနိုင်ငံသား စာ‌ရေးဆရာတစ်ဦးဖြစ်သည်။ Life of Pi စာအုပ်သည် မာတဲလ်၏ ထင်ရှား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။

Read more
  • Previous
  • 1
  • …
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • …
  • 18
  • Next
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme