Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Author: Han Sann

အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ

Posted on July 21, 2016 by Han Sann

သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် မဂ္ဂဇင်းဝတ္ထုများ စုစည်းမှုစာအုပ်ကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သဲအိမ်မောင်နေဝါ၏ ဝတ္ထု ၃၅ ပုဒ်ပါဝင်ပြီး ရှုမဝ၊ မိုးဝေ၊ မဟေသီ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ရနံ့သစ်နှင့်ဟန်သစ်မဂ္ဂဇင်းတို့တွင် ဖော်ပြပါရှိသော မဂ္ဂဇင်းဝတ္ထုများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ထိုစာပေလက်ရာများသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလအတွင်းရေးသားခဲ့ပြီး မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည့် ဝတ္ထုများလည်း ဖြစ်သည်။ ဝတ္ထုများကို တစုတစည်းတည်းဖတ်ရှုရခြင်း ကြောင့် စာရေးဆရာ၏ အရေးအသားနှင့်ရေးဟန်ပြောင်းလဲလာပုံများကို လေ့လာသိရှိခွင့်ရခဲ့ပါသည်။ သဲအိမ်မောင်နေဝါသည် မြန်မာ့ဝတ္ထုလောက အတွက် အရေးပါသော စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သူ၏ အရေးအသားများကို သတိထား လေ့လာမိခဲ့ပါသည်။ ထိုသို့ လေ့လာမိရာမှ တွေ့ရှိ သည့် တွေ့ရှိချက်များကို တင်ပြလိုပါသည်။…

Read more

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

Posted on July 15, 2016 by Han Sann

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ‌ကျော်ကာလမှာ ‌မွေးဖွားပြီး‌တော့ ၉ဝ ‌ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ က‌လေးများအတွက်‌တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်း‌တွေပါပဲ။ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌နေ့လည်စာ ထမင်းပန်းကန်ကို ‌ပေါင်‌ပေါ်တင်လို့…

Read more

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

Posted on July 7, 2016 by Han Sann

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက ဖွင့်ဆိုခဲ့သည်။ ထို့‌နောက်ယင်း၏ အနုပညာလက်ရာပြပွဲနှင့်ပတ်သက်၍ ‘‘‌လောကတွင် အလှဆိုသည်ကို ရုပ်အရှိ အ‌ပေါ်တည်မှီနားလည်ကြသလို နာမ်စိတ်၏ ညီညွတ်ခြင်း၊ သဘာဝအ‌ခြေခံဖြစ်ခြင်းတို့ အ‌ပေါ်တွင်လည်းနားလည်နိုင်သည်။ အလှ၏ အ‌ခြေခံကျ‌သောသ‌ဘောကို မိမိတို့ ဝန်းကျင်တွင် လိုက်‌လျှောညီ‌ထွေ‌နေထိုင်ရင်း အလွယ်တကူထိ‌တွေ့သိရှိခံစားနိုင်ကြသည်။ အနုပညာဟူသည် ခက်ခဲနက်နဲစွာအချိန်‌ပေးစဉ်းစား‌နေဖို့ အမြဲမသင့်ဟု ယူဆသည်။ အရိုးရှင်းဆုံးကို ပြန်လည်ရယူဖို့သည် အဆုံးစွန်‌လျော့ချမှုနှင့် ကိုယ်စားပြုခြင်းကင်းပမှုတွင် တစ်စိတ်တစ်ပိုင်းတည်မှီ‌ပေလိမ့် မည်။ မှီငြမ်းကိုးကားမှုများနှင့် ‌လောကသဘာဝမှ တစ်စုံတစ်ရာကို…

Read more

ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

Posted on June 10, 2016 by Han Sann

The Ash(1970-)ဟု အမည်‌ပေးထား‌သော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ည‌နေပိုင်းက ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း ဖြစ်သည်။ The Ash(1970-) အနုပညာပြပွဲတွင် ငြိမ်းချမ်းဆု၏ SHE ဟု အမည်‌ပေးထား‌သောအနုပညာလက်ရာ ၂၁ ခုနှင့်အမည်‌ပေးမထား သည့်(UNTITLE) လက်ရာ ၁ ခုတို့ကို ပြသထားသည်။ ထို့အပြင် အနုပညာပြခန်း၏အလယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက် ထက်၌အသုံးပြုခဲ့‌သော နိုင်ငံ‌တော် အလံခင်းထားသည့် စားပွဲတစ်လုံး၊ စားပွဲ‌ပေါ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဥက္ကဋ္ဌကြီး၏ ‌ခေတ်‌ပြောင်း‌တော်လှန်‌ရေးသမိုင်းဝင်မိန့်ခွန်း‌ပေါင်းချုပ် စာအုပ်အမှတ် ၂ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏…

Read more

မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ

Posted on February 24, 2016 by Han Sann

‘‘မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ’’ဟုအမည်‌ပေးထား‌သော အနုပညာလက်ရာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂၄ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်‌ကျေးမှုဌာနတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲ တစ်ခုဖြစ်သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားကို ‌ဖေ‌ဖော်ဝါရီ ၂၄ ရက် ည‌နေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။ အဆိုပါ အနုပညာပြပွဲနှင့်ပတ်သက်၍ ‘‘မြန်မာ့အက္ခရာစဉ်မှာ နံပါတ် ၂ဝ က ဖဦးထုပ်ပါ။ ဖ ဖာ ဖား ‌ပေါ့။ အခုအဓိပ္ပာယ်နှစ်ခွရှိတဲ့ စကားလုံး‘ဖား’ဆို တာကို ချိတ်ဆက်ကစားလိုက်ခြင်းမှာ ငယ်ဘဝကစားခဲ့မှု အ‌တွေ့အကြုံရယ်၊ လက်ရှိ…

Read more

သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ

Posted on February 20, 2016 by Han Sann

‘‘မိန်းမပျိုများ၏ ဒဏ္ဍာရီ’’ဟုအမည်ရ‌သော ပန်းချီသူရိန်၏ တစ်ကိုယ်‌တော်ပန်းချီပြပွဲကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂ဝ မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ ‌ယောမင်းကြီးလမ်းရှိ ဂယ်လာရီ ၆၅ ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါတစ်ကိုယ်‌တော်ပန်းချီပြပွဲတွင်‘‘‌မေမြ၊ ဝင်းမင်းသန်း၊ ‌မေရှင်၊ ခင်ယု‌မေ၊ တင်တင်မူ၊ ‌မေမြင့်၊ ‌မေ‌မေဝင်း၊ ‌မေရီမြင့်၊ ခင်ခင်ရီ၊ ကြည်ကြည်‌ဌေး၊ Julie Andrews, Jean Simmons, Deborah Kerr, Rita Hayworth, Marilyn Monroe, Audrey Hepburn, Elizabeth Taylar, Shophia Loren, Maureen O’ Hara နှင့် Vivien Leigh’’ဟု အမည်‌ပေးထား‌ သော ‌လေး‌ပေ-ငါး‌ပေ၊ ၃‌ပေ-ငါး‌ပေ ပန်းချီ…

Read more

နိုဝင်ဘာ ၈ မတိုင်မှီ ၁ ရက်၊ နိုဝင်ဘာ ၈ ၂၄ နာရီ၊ နိုဝင်ဘာ ၈ အလွန် ၂ နာရီ

Posted on February 13, 2016 by Han Sann

‘‘မဲက အပြတ်အသတ်ပဲ။ အာဏာရှင်‌တွေကို အသံတိတ်နည်းနဲ့ မဲဆန္ဒရှင် ‌တွေက ‌တော်လှန်လိုက်တာပဲ။ ပြည်သူ‌တွေက သူတို့ဆန္ဒအမှန်ကို ပြလိုက်တာပဲ’’ဟု ‌မောင်မြတ်သူက ပြန်‌ဖြေသည်။

Read more

ကချင်ဘာသာစကားနှင့်စာပေ

Posted on February 11, 2016 by Han Sann

ကချင်စကားအတွက် စာကို ၁၈၉၅ ခုနှစ်တွင် ခရစ်ယာန်သာသနာပြုများက လစ်တင်စာလုံးကို အခြေခံ၍ တီထွင်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ် မေလ ၅ ရက်တွင် စတင်အသုံးပြုခဲ့သည်။

Read more

ပျို့

Posted on February 10, 2016 by Han Sann

မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။

Read more

မြန်မာပန်ဂရမ်

Posted on February 8, 2016 by Han Sann

ပန်ဂရမ်(Pangrams)ဆိုသည်မှာ ဘာသာစကားနှင့်ပတ်သက်သည့် အက္ခရာများအားလုံးပါဝင်သည့် ဝါကျတစ်ခုဖြစ်သည်။ ထို့အပြင် ဝါကျသည် တိုတောင်း၍ အဓိပ္ဋါယ်ရှိရန် လိုအပ်သည်။

Read more
  • Previous
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • …
  • 18
  • Next
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme