Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ဖိုတိုဗုံး

Posted on December 3, 2018 by Han Sann
အားကစားသမားနှစ်ဦးဓာတ်ပုံရိုက်‌နေစဉ် အင်္ဂလန်ဘုရင်မကြီး‌နောက်ခံကားအတွင်းသို့ဝင်လာစဉ်။

‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။

ဖိုတိုဗုံးဆိုသည်မှာ
ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။
ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု မြင့်မားလာခဲ့သည်။ ထို့အပြင် အားကစားသမား ၂ဦး ဓာတ်ပုံရိုက်ယူနေသော မြင်ကွင်းအတွင်းသို့ အင်္ဂလန်ဘုရင်မကြီး ဝင်ရောက်လာသည့် ဓာတ်ပုံသည်လည်း ထိုနှစ်များအတွင်း ထင်ရှားလာခဲ့သည်။

ကျော်ကြားသောဝေါဟာရအဖြစ်သတ်မှတ်ခံရခြင်း
၂ဝ၁၄ ခုနှစ်အတွက် ထင်ပေါ်ကျော်ကြားသော ဝေါဟာရအဖြစ် Collins English အဘိဓာန်က ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် ဖိုတိုဗုံး (Photobomb)ဝေါဟာရကို သတ်မှတ်ခဲ့သည်။

ဗီဒီယိုဗုံး
ဗီဒီယိုဗုံးဆိုသည်မှာလည်း ဖိုတိုဗုံးကဲ့သို့ ဗီဒီယိုရိုက်ကူးနေစဉ် ရိုက်ကွင်းမြင်ကွင်းအတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသော လူသတ္တဝါနှင့် အရာဝတ္ထုများ နှောက်ယှက်ဝင်ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

ဗီဒီယိုဗုံးအကြောင်းနောက်ခံ
“Rock ‘n’ Rollen” “Rainbow Man” အဖြစ် လူသိများသော Rollen Frederick Stewart သည် ဗီဒီယိုဗုံး၏ ပထမဦးဆုံးစတင်သူအဖြစ် လူသိများ ထင်ရှားသည်။ Rollen သည် သက်တံရောင်ဦးထုပ်ဆောင်၍ John 3:16 စာတန်းကိုင်ဆောင်ထားပြီး အမေရိကရှိ အားကစားပွဲများ၏ ဗီဒီယို ရိုက်ကူးမှုများတွင် အပျော်သဘော ဝင်ရောက်နှောက်ယှက်ခြင်းများသည် ၁၉၇ဝ နှင့် ၁၉၈ဝ ပြည့်နှစ်များတွင် ထင်ရှားခဲ့သည်။

ပျော်စရာ ရွှင်စရာ
ဖိုတိုဗုံးနှင့်ဗီဒီယိုဗုံးတို့သည် ပျော်စရာ ရွှင်စရာ သဘောဖြင့် ထင်ရှားလာခြင်းဖြစ်သည်။ ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးနေစဉ် နောက်ပြောင်လို၍ ဝင်ရောက်နှောက်ယှက်ခြင်းဖြစ်သကဲ့သို့ တစ်ခါတရံတွင်လည်း ရည်ရွယ်ရင်းမရှိပါဘဲ မတော်တဆအားဖြင့် ရိုက်ကူးမိသွားသော ဓာတ်ပုံများ လည်း ရှိတတ်ပါသည်။

ဟန်ဇော်

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme