Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

Posted on July 15, 2016 by Han Sann
အနုပညာရှင် မိုးစက်

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။

အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ အသက် ၃၃ နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အနုပညာပြပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် ပြသမည့် အနုပညာလက်ရာနှင့်ပတ်သက်၍ ‘‘သင် အတုံးဆက်တဲ့ ဂိမ်းကို ကစားဖူးတယ်မလား။ ၈ဝ ‌ကျော်ကာလမှာ ‌မွေးဖွားပြီး‌တော့ ၉ဝ ‌ကျော်ကာလမှာ ကြီးပြင်းခဲ့တဲ့ က‌လေးများအတွက်‌တော့ မာရီယိုတို့။ ရန်ဘိုတို့၊ အတုံးဆက်တဲ့ ဂိမ်းတို့ဆိုတာက သူတို့စွဲလမ်းခဲ့တဲ့ ကစားနည်း‌တွေပါပဲ။ ‌ကျောင်းပိတ်ရက်‌တွေမှာ ‌နေ့လည်စာ ထမင်းပန်းကန်ကို ‌ပေါင်‌ပေါ်တင်လို့ အတုံးဆက်ကစားတဲ့ လက် ကိုင်ဂိမ်းစက်ကိုကိုင်ပြီး ထမင်းစားဖူးမှာ‌ပေါ့။ အဖြူအမဲ ဂိမ်းစက်ထဲ မှာ ‌မျှောလွင့်ခဲ့တဲ့ ‌နေ့ရက်‌တွေ‌ပေါ့။ အဲဒီလိုမျိုးပဲ ဘုရားပွဲ‌ဈေးမှာ သံဇကာကွက်ထဲ ပင်‌ပေါင်‌ဘောလုံးလေး‌တွေ ‌ပေါက်တဲ့ကစားနည်းဆိုတာလည်း ဘုရားပွဲ လာက‌လေးငယ်‌တွေအတွက် နှစ်ခြိုက်စရာ ကစားနည်းတစ်မျိုးပါပဲ။ အဖွားအိမ်က ဗိုလ်တ‌ထောင်ဘုရားနားမှာရှိ‌တော့ ဗိုလ်တ‌ထောင်ဘုရားပွဲဈေးဆိုတာ ကျွန်‌တော်အတွက်‌တော့ ပွဲ‌ဈေးကာလမှာ ညတိုင်းသွား ‌ရောက်လည်ပတ် ကစားခဲ့ဖူးတာ‌ပေါ့။ သံဇကာကွက်ထဲ ပင်‌ပေါင်ဘောလုံးဝင်‌အောင်ပစ်ကစားရတဲ့ ကစားနည်းဟာ ကျွန်‌တော် အ‌တော်ကျွမ်းကျင်တဲ့ ကစားနည်းတစ်မျိုးပါပဲ။ ‌နောက်ဆုံးဆိုင်ပိုင်ရှင်က‌တောင် ကျွန်‌တော်ကို မင်းကြိုက်ရာတာ ယူသွားပါ‌တော့ ခဏ ခဏ‌တော့ လာမပစ်ပါနဲ့‌တော့လို့ ‌ပြောရတဲ့ အဆုံးပါပဲ။ သံဇကာကွက်ထဲ ပင်‌ပေါင်ဝင်ရင် ဘဲဥပြုတ်တို့ ဗီဗီ အချိုရည်တို့ ရတဲ့ဗျ။ ကျွန်‌တော်က‌တော့ ဘဲဥပြုတ်ယူယူလာပြီး အဘွားကို ‌ပေးတယ်။ အဘွားက မနှဲ‌လေးကို ကပ်တယ်ဗျ။ အဲဒီလို အဆက်အဟပ် အစုအ‌ပေါင်းကို ကျွန်‌တော်ရဲ့ လက်ရာထဲ မှာ မြင်‌တွေ့ရမှာပါ။ ၃၃ နှစ်ပြည့်‌မွေး‌နေ့ အနုပညာပြပွဲဟာ ကျွန်‌တော်ဖြတ်သန်းခဲ့ဖူးတဲ့ ကာလတစ်‌လျှောက်က ကြိုက်နှစ်သက်ကစားခဲ့ဖူးတဲ့ ကစားနည်း‌တွေကို အမြင်တစ်မျိုးနဲ့ ပြန်ကြည့်ပြီး ဖန်တီးတည်‌ဆောက် ထားတာပါ’’ဟု မိုးစက်က ဖွင့်ဆိုရှင်းလင်းထားသည်။

မိုးစက်၏ ‘‘ငါဟာ ၃၃’’အနုပညာပြပွဲကို ဦးလူဝ‌လေးက စီစဉ်ကျင်းပ‌ပေး‌ကြောင်း၊ ဦးလူဝ‌လေးသည် ပြဇာတ်‌ရေးဆရာတစ် ဦးဖြစ်သလို အိုပန်းစ‌ပေ့အနုပညာပြခန်းကို တည်‌ထောင်သူများထဲမှ တစ်ဦဖြစ်‌ကြောင်း နှင့်ယင်းအနုပညာပြခန်းကို ဉာဏ်လင်းထက်၊ ဦးလူဝ‌လေးနှင့် ဦးမီးသီးတို့က တည်‌ထောင်ထား‌ကြောင်း သိရသည်။

ဟန်ဆန်း

အလင်းတန်းဂျာနယ်၊ ဇူလိုင်လ၊ ၂၀၁၆ ခုနှစ်။

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme