၁။ ကချင်တိုင်းရင်းသားဘာသာစကား ၆ မျိုးရှိသည်။
ထို ၆ မျိုးမှာ
(က) ဂျိန်းဖော(Jing Hpaw)
(ခ) ဇိုင်ဝါး(Zaiwa)
(ဂ) လော်ဝေါ်(Laovo)
(ဃ) လီဆူ(Lisu)
(င) ရဝမ်(Rawang)
(စ) လချိပ်(Lachid) တို့ဖြစ်သည်။
အဆိုပါ ကချင်ဘာသာစကား ၆ မျိုးအနက် ဂျိန်းဖောဘာသာစကားကို အသုံးများကြသည်။
၂။ ကချင်စကားအတွက် စာကို ၁၈၉၅ ခုနှစ်တွင် ခရစ်ယာန်သာသနာပြုများက လစ်တင်စာလုံးကို အခြေခံ၍ တီထွင်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ် မေလ ၅ ရက်တွင် စတင်အသုံးပြုခဲ့သည်။ ဘာသာရေးဆိုင်ရာကျမ်းများနှင့်စာပေ၊ သတင်းစာ၊ ကိုယ်တိုင်ရေးအတ္ထုပတ္တိ၊ သမိုင်း၊ ကဗျာ၊ သီချင်း၊ မဂ္ဂဇင်း အစရှိသည် စာပေဆိုင်ရာအရေးအသားများတွင် အသုံးပြုသည်။ ကချင်စာကို ဗမာအက္ခရာဖြင့် တီထွင်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။
၃။ ကချင်ဘာသာစကားကို ရုံးသုံးဘာသာစကားဖြင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေများတွင်သာ အသုံးပြုနေသည်။ ကချင်လူမျိုးစုများသည် ကချင်ပြည်နယ် တစ်ခုတည်းနေတွင်သာ နေထိုင်ကြသည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အခြားဒေသများနှင့်နိုင်ငံခြားတိုင်းပြည်များတွင်လည်း နေထိုင်နေကြသည်။ ထိုသို့ နေထိုင်ခြင်းကြောင့် ဗမာနှင့်အင်္ဂလိပ်ဘာသာစကားကို အလေးထားအသုံးပြုနေကြသည်။ ကချင်ဘာသာစကားဖြင့်ရေးသားသည့် သုတရသဆိုင်ရာစာအုပ်များ ရှားပါးနေကြောင်းနှင့်ကချင်ဘာသာစကားကို ကျောင်းသင်ဘာသာရပ်များတွင် ထည့်သွင်းသင်ကြားနိုင်ပြီဖြစ်သော်လည်း အနာဂတ်တွင် ကချင်ဘာသာစကား ဆက်လက်ရှင်သန်နေရန်မှာကြီးမားသော စိန်ခေါ်မှုများဖြစ်နေသည်။
၄။ ၁၉၁၄ ခုနှစ်တွင် Augu Kachin သတင်းစာကို ထုတ်ဝေခဲ့သည်။
ထုတ်ဝေထားသည့် စာနယ်ဇင်းများမှာ (က) The Kachin Times
ပဲန်မြန်မာရုံးခန်း၌ နိုဝင်ဘာ ၂၀ ရက်၊ ၂၀၁၄ ခုနှစ် ညနေပိုင်းတွင်ပြုလုပ်သည့်
ရသညနေခင်း၊ ကချင်စာပေဆွေးနွေးပွဲမှ ကောက်နုတ်ထားသည့် မှတ်စုဖြစ်သည်။
ဆွေးနွေးပွဲကို Myanmar Institute of Theology မှ
ကထိက K Zau Nan က ဦးဆောင်၍ ဆွေးနွေးခဲ့သည်။
ဟန်ဇော်