၁။ ပျို့၏ အဓိပ္ပါယ်ကို နှစ်သက်ခြင်းဟု ဖွင့်ဆိုသည်။
၂။ ပျို့ကို အခြေခံအမျိုးအစားအားဖြင့် ၂ မျိုးရှိသည်ဟု သတ်မှတ်သည်။
ထိုအမျိုးအစား ၂ မျိုးမှာ –
(က) ဇာတ်လမ်းပါသော ပျို့
(ခ) ဇာတ်လမ်းမပါသော ပျို့ တို့ဖြစ်သည်။
၃။ ပျို့သည် ပိုဒ်ရေများစွာပါဝင်သော လေးလုံးစပ်ကဗျာရှည်အမျိုးအစား ဖြစ်သည်။
၄။ ပျို့ကို စတင်တည်ထောင်သူမှာ အသက် ၁၆ အရွယ်ရှိ ရှင်ရဋ္ဌသာရ ဖြစ်သည်။
၅။ ပျို့ကို စတင်တည်ထောင်ခဲ့သည့်ခေတ်မှာ အင်းဝခေတ် ဖြစ်သည်။
၆။ ပျို့ထွန်းကားခဲ့သော ခေတ်များမှာ –
(က) အင်းဝ
(ခ) တောင်ငူ
(ဂ) ညောင်ရမ်း
(ဃ) ကုန်းဘောင် တို့ဖြစ်သည်။
၇။ ပျို့တစ်ပုဒ်၏ နိဂုံးဖော်ပြချက်သည် အရေးပါသောအစိတ်အပိုင်း ဖြစ်သည်။
နိဂုံးပိုင်းတွင်
(က) စာဆို၏ ဘဝ
(ခ) စာဖတ်ပရိတ်သတ်အပေါ် သဘောထား
(ဂ) အကြောင်းအရင်း
(င) ရေးဖွဲ့ပြီးစီးချိန် တို့ကိုတွေ့ရသည်။
၈။ ပျို့တွင် ဇာတ်လမ်းကျောရိုးတည်ရာပြည်ကိုဖွဲ့ရာ၌ ပျို့စာဆိုကျင်လည်ရာမြို့ကို ထင်ဟပ်ဖွဲ့ဆိုကြသည်။
၉။ ပျို့ရေးသားသူကို ပျို့စာဆို ဟု ခေါ်သည်။
မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်
ကျွန်တော့ဆရာများ၊ ကျွန်တော့ရေးဖော်များနှင့်
သူတို့စာအုပ်များ တစေ့တစောင်း၊ (စာ-၁၇၁)မှ
၁၀။ ပျို့ဆိုင်ရာမှတ်ချက်များ
(က) မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။
မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်
ကျွန်တော့ဆရာများ၊ ကျွန်တော့ရေးဖော်များနှင့်
သူတို့စာအုပ်များ တစေ့တစောင်း၊ (စာ-၄၉)မှ
ဟန်ဇော်