Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ခေတ်စမ်းစာပေ

Posted on January 7, 2016 by Han Sann

Literatureခေတ်စမ်းစာပေသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားအချို့၏ အရေးအသားပုံသဏ္ဍာန် အသစ်တစ်ခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သော ခေတ်စမ်းပုံပြင်များစာအုပ်ပါ အရေးအသားပုံစံများကို ခေတ်စမ်းဟု စတင်ခေါ်ဆိုခဲ့သည်။ ထိုစာအုပ်ထုတ်ဝေချိန်တွင် ဆရာကြီးဖေမောင်တင်ကအမှာစာရေးပေးခဲ့ပြီး ထိုစာအုပ်ပါ ရသစာပေများသည် ခေတ်ကို စမ်းသပ်ထားခြင်း၊ စူးစမ်းထားခြင်းနှင့်မြန်မာရသစာပေဖန်တီးမှုကို နည်းလမ်းအသစ်ဖြင့် စမ်းသပ်ချဉ်းကပ်ထားခြင်းကြောင့် ထိုစာပေလက်ရာများကို ခေတ်စမ်းဟု ခေါ်ဆိုခဲ့သည်။ စာအုပ်အမည်ကိုလည်း ခေတ်စမ်းပုံပြင်ဟု ခေါ်ခဲ့သည်။ ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့်ဧမောင် တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။ ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ခြင်းမဟုတ်ပါ။ မြန်မာ့စာပေနှင့်ကမ္ဘာ့စာပေကို တတ်ကျွမ်းနားလည်သည့် လူငယ်စာရေးဆရာများ၏ စမ်းသပ်သောလက်ရာများမှတစ်ဆင့် ခေတ်စမ်းစာပေသည် လှုပ်ရှားမှုအသွင်ဖြစ် လာခဲ့ရခြင်းဖြစ်သည်။ စာပေလေ့လာသူပညာရှင်များကလည်း ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုလှုပ်ရှား မှုများကို ပံ့ပိုးခဲ့သည်များတွင် ဂန္တလောကမဂ္ဂဇင်း၊ ခေတ်စမ်းပုံပြင်များ(၁၉၃၄)၊ ခေတ်စမ်းကဗျာများ(၁၉၃၄)၊ ခေတ်စမ်းပုံပြင်များ(၁၉၃၈) တို့သည် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဆရာဇော်ဂျီရေးသားခဲ့သော ပိတောက်ပန်း (၁၉၂၈)ကဗျာကို ပထမဦးဆုံး ခေတ်စမ်းကဗျာအဖြစ် အသိအမှတ်ပြုထားကြသည်။

ခေတ်စမ်းစာပေလှုပ်ရှားမှုနှင့်ပတ်သက်သော
ပဲန်မြန်မာ၏ ရသညနေခင်းဆွေးနွေးပွဲတွင်
ထည့်သွင်းဆွေးနွေးခဲ့သော ဆွေးနွေးချက်မှတ်စုဖြစ်သည်။
ထိုဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်၌
ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ဟန်ဆန်း

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme