Open Source နဲ့ မရင်းနှီးတဲ့ လူငယ်များ၊ Open Source နဲ့ပတ်သက်ပြီးရှိနေတဲ့ ဝိရောဓိများအား ရှင်းလင်းစေရန်၊ Open Source ရဲ့တန်ဖိုးအမှန်ကို သိရှိစေရန်စတဲ့ ရည်ရွယ်ချက်များနဲ့ Open Source အကြောင်း၊ အကျိုးအပြစ်၊ ရည်ရွယ်ချက်၊ စီးပွားရေးပုံစံတို့ကို ကျွမ်းကျင်သူပညာရှင်တစ်ဦးက ဖေဖော်ဝါရီ(၁၃)ရက်၊ ၂ဝ၁ဝ ခုနှစ်မှာ မြန်မာအင်ဖိုတက်ခ်က အခန်း(၂ဝ၅)မှာ ဟောပြောမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ လက်တွေ့သရုပ်ပြရှင်းလင်းတာတွေ၊ တစ်ဦးနဲ့တစ်ဦး အမြင်ဖလှယ်တာတွေ၊ အတွေ့အကြုံဖလှယ်တာတွေ၊ စမ်းသပ်အသုံးပြုတာတွေပါ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီပွဲကို Linux Nano 2010 Event လို့ အမည်ပေး ထားတာကို တွေ့ရပါတယ်။ အဲဒီဟောေြပာပွဲမတိုင်ခင်မှာ မြန်မာအိုင်တီပရိုမှ ကိုအိမောင်နဲ့ ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်ခဲ့တာကို ဖော်ပြလိုက် ပါတယ်။
Open Source ဆိုတာ
Open Source ကို အခမဲ့လို့ အဓိပ္ဋါယ်ပြန်ရင် မဟုတ်သေးဘူး။ အခမဲ့လိုပြောရုံနဲ့ မလုံလောက်ဖူးဖြစ်နေတယ်။ ဒါကို တိုက်ရိုက်မြန်မာလိုတော့ မပြောတတ်ဖူး။ ပြောစရာစကားလုံးလည်း ရှာမတွေ့သေးဘူး။ ကျွန်တော် Software တစ်ခုရေးတယ်။ သူ့သဘာဝအရ Bug မရှိဘူးဆိုတာမရှိဘူး။ ကျိန်းသေတယ်။ Bug လုံးဝ ရှိတယ်။ Software က ကြီးလာတယ်။ ဒီ Bug ကို ကျွန်တော်တစ်ယောက်ထဲ စုံလင်အောင် Fit မလုပ်နိုင်ဘူး။ ကိုယ်ရေးထားတJh Software ဘယ်နေရာမှာ Bug ရှိလဲ ကိုယ်မသိဘူး။ သူများသုံးမှ သူများသိတာ။ ဒါတွေ အားလုံးကို ကျွန်တော်တို့က လိုက်ရှင်းနေရတယ်။ လူတိုင်းက လိုက်ရှင်းနိုင်တဲ့အတွက် Open Source လို့ လုပ်လိုက်တာ။ လုပ်ရတဲ့ ရည်ရွယ်ချက်က ဒီဆော့်ဝဲလ်ရဲ့ အရည်အသွေးတက်လာဖို့။ Open Source ဖြစ်တော့ ဒါကို Bug Fit ဝိုင်းလုပ်ကြတယ်။ Feature Improvement ဝိုင်းလုပ်ကြတယ်။ အဲဒီမှာ ဆော့်ဝဲလ်အရည်အသွေးတက်သွားတယ်။ တစ်ခြားအားနည်းချက် ရှိကောင်းရှိပေမယ်။ ဒါပေမယ့် အရည်အသွေးတက် သွားတယ်။ ဒီနေရာမှာ Open Source ဆိုတာ အလကားပေးနိုင်တဲ့ အဆင့်ကိုကျော်သွားတယ်ဆိုတာ ပြတာပဲ။ ရော့မင်းသုံးဆိုပြီး ပေးလိုက်တဲ့ အဆင့်မဟုတ် တော့ဘူး။ ကိုယ့်ရဲ့ Source ကိုပေးပြီး မင်းတို့ပါ ကောင်းအောင် ဝိုင်းလုပ်ကြဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ Open Soruce ဆိုတာ အမှန်တော့ ဒီသဘောပဲ။
Open Source ရဲ့ အားသာချက်
Open Source က Web Server ပိုင်းမှာဆို လုံးဝလွွှမ်းမိုးနေတယ်။ Microsoft Server လိုဟာမျိုး နှိုင်းယှဉ်လို့ကို မရဘူး။ OS ဆိုလဲ Linux သုံးမယ်။ Web Server ဆို Aperche ပေါ့။ အားလုံးက Open Source တွေပဲ။ Open Source ကနေ အားသာချက် နှစ်ချက်ရမယ်။ နံပါတ်တစ်က Commercial ထက်ပိုပြီး Stable ဖြစ်တဲ့ Product ကိုရမယ်။ နောက်တစ်ချက်က ကုန်ကျစရိတ်သက်သာမယ်။ Service Charges ရှိရင်ရှိမယ်။ နောက်ပြီး Open Source မှာ Community ရှိတယ်။ Commercial Product က တစ်ခုခုဖြစ်ရင် သူ့ရဲ့ Help Desk ကို လှမ်းခေါ်ရတယ်။ Open Source မှာ ဒါမျိုးတောင်မလိုဘူး Community သိပ်ကောင်းတယ်။ Community က ဝိုင်းပြီးတော့ဖြေရှင်းတယ်။ ဘယ် Open Source မဆို Community ရှိတယ်။ ဒီသဘာဝလေးက အမှန်တကယ်တော့ လူတစ်ဦးတစ်ယောက် ချင်းတင်မကပါဘူး လုပ်ငန်းတွေအတွက်ပါ အကျိုးရှိတယ်။ ဂျာမနီတို့ ဘာတို့ဆိုရင် အစိုးရက Open Source သုံးတယ်။ ထိရောက်အောင် သုံးတယ်။ Open Source ကို ထိရောက်အောင်သုံးနေတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။
Open Source ကို ဘာလို့ မသုံးကြသလဲ
လူတွေ ပြဿနာတစ်ခုတက်ရင် Help Desk ကို ဖုန်းဆက်လိုက်ချင်တယ်။ ဝယ်ထားရင် ဖုန်းဆက်ပြီး လှမ်းပြောမယ် မင်းတို့ဟာ အဆင်မပြေဘူး။ Open Source ကျတော့ Service ပေးပါမယ်လို့ ဘယ်သူကမှ အာမခံမပေးဘူး။ လုပ်ငန်းတွေက လန့်ကြတယ်။ လူတွေက Open Source Community ကို သူတို့မသိ သေးလို့။ Open Source Community ရဲ့ အင်အားကို မသိသေးလို့ ကြောက်ကြတာပါ။ လုပ်ငန်းတွေမှာ သုံးမယ်ဆိုရင် ပြဿနာ လုံးဝမရှိဘူး။ Open Source Community က အားကောင်းတယ်။ Community ကနေ ကိုယ့်ကို Free Service ပေးနေတယ်။ Free Service ကိုပြောတာပါ။ Open Source ဆိုပေမယ့်လဲ Paid Service လည်းရှိတာပဲ။ နဂိုကတည်းက Service ပေါ်မှာ ရပ်တည်နေတဲ့ ကုမ္ဋဏီတွေ။ သူတို့ Service တွေလည်း အများကြီးကောင်းတယ်။ လုပ်ငန်းတွေက သူတို့သိထားပုံအရ မသုံးရဲဘူး။ ကြောက်ကြတယ်။ အမှန်တကယ် သုံးလို့ရပါတယ်။
Open Source ရဲ့ စီးပွားရေးပုံစံ
Open Source ဆိုတာ နဂိုကတည်းက Open ပေးလိုက်ပြီ။ အလကားပေးတဲ့ Open Source နောက်မှာ စီးပွားရေးပုံစံတစ်ခု သူဟာနဲ့ သူရှိတယ်။ Service ဆိုတာ Open Source စီးပွားရေးပုံစံထဲက အပိုင်းအစတစ်ခုပါပဲ။ အကြမ်းဖျင်းပြောရရင် ဝက်ဘ်ပေါ်မှာ Service တွေ Free ပေးတယ်။ Open ပေးတယ်။ ကြော်ငြာကနေ ပြန်ပြီးတော့ ပိုက်ဆံရှာတယ်။ ဒါကပုံစံတစ်မျိုး။Product ကို အလကားပေးလိုက်တယ်။ ဘယ် Software မဆို Service မလိုဘူးဆိုတာ မရှိဘူး။ Bug မရှိဘူး ဆိုတာမရှိဘူး။ Software ကို Free ပေးထားတယ်။ ပြဿနာတစ်ခုတက်ရင် Service ခေါ်ရတော့မယ်။ Service ခေါ်မှ Service Charge တောင်းတယ်။ Service Companyထောင်ထားတယ်။ Commercial Service ကိုရောင်းတယ်။ မသုံးရဲဘူးဆိုတဲ့နေရာမှာ ဝင်ဖြည့်ပေးတဲ့ သဘောပဲ။ Open Source Software ယူသုံးလို့ ရတယ်။ Service လုပ်ရင် သူတို့နဲ့လုပ်။ သူတို့ကိုတော့ Charges ပေးရတယ်။ ဒီသဘောပါပဲ Service ဆိုတာ Open Source စီးပွားရေးပုံစံရဲ့ အပိုင်းလေး တစ်ခုအနေနဲ့ရှိတာပါ။ သာမန် User က နည်းပညာမသိတော့။ Service လိုကို လိုတယ်။ Product ကို ယူသုံးလိုက်ရုံနဲ့ပြီးကို မပြီးဘူး။ အဲဒီအတွက် Service ဆိုတာ ပေါ်လာတာပေါ့နော်။
Open Source ဘာကြောင့် သုံးသင့်သလဲ
ကျွန်တော်တို့ ဒီနိုင်ငံမှာက Open Source မသုံးလည်း ရတယ်။ Window တွေ ဘာတွေက အလကားရသလိုဖြစ်နေတာကိုး။ အဲဒီအတွက် Open Source ရဲ့ တန်ဖိုးကို မသိတော့ဘူး။ Open Source ကို သုံးရြခင်းရဲ့ ရလာဒ်တွေကတော့ အများကြီးပဲ။ အဓိကတော့ Open ဖြစ်တယ်။ ဥပမာ Window လိုမျိုး Commercial Software တွေသုံးတယ်၊ Commercial Product တွေ သုံးတယ်။ Crack လုပ်ပြီးတော့ပဲ သုံးသုံး၊ ဝယ်ပြီးတော့ပဲ သုံးသုံး သူများဟာကို သုံးရတယ်။ Open Source ကို သုံးရတဲ့အခါ ကျွန်တော်တို့ စိတ်ထဲမှာ ကိုယ်ပိုင်တဲ့ပစ္စည်းကို သုံးရသလိုပဲ။ ကိုယ်သုံးတဲ့အခါ ဒီလိုခံစားချက်မျိုးရတယ်။ ဒီလိုဟာကို မျိုးကို ရတယ်။ ကျန်တဲ့လူကိုလည်း ဒါသိစေချင်တယ်။ သူတို့လောလောဆယ် မသိကြဘူးဆိုတာ မလိုလို့ပါ။ အားလုံးက အလကားရနေတော့ Open Source ကို သီးသန့်သုံးဖို့ မလိုဘူးပေါ့။ နောက်ပိုင်းဆိုရင် မူပိုင်ခွင့်တွေက လာတော့မှာ။ မူပိုင်ခွင့်လာလို့ ချက်ခြင်းဝယ်သုံးရမယ်ဆိုတာတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုအချိန်ကတည်းက Open Source နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးထားမှ လုပ်ငန်းတွေအတွက်ကော်၊ လူတစ်ဦးချင်းဆီအတွက်ကော် အကျိုးရှိမယ်လို့ မြင်တယ်လေ။ မူပိုင်ခွင့်တွေဖြစ်လာလို့ ဝယ်သုံးရတဲ့ အချိန်ကျမှ Open Source ကိုလိုက်လုပ်နေလို့ မဖြစ်ဘူးပေါ့နော်။ Microsoft Window သုံးတဲ့သူတစ်ယောက်ကို Linux ပြောင်းသုံးခိုင်း မသုံးတတ်ဘူး။ Linux သုံးနေတဲ့ လူတစ်ယောက် Microsoft သုံးခိုင်းကြည့် သုံးတတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ Linux ဆိုတဲ့ OS သုံးလိုက်တော့ Opreation System ကို နားလည်သွားတယ်။ Microsoft Window လည်း OS ပဲ အဲဒီတော့ သူ့အတွက်ပြသနာမရှိဘူး။ ပြောင်းသုံးလဲ သူသုံးတတ်တယ်။ Linux ကို Free ရတယ်ဆိုတာအပြင် သင်ယူမှုအတွက် သုံးလို့ရတယ်။ သူရဲ့ Source ကလည်း Open ဆိုတော့ လေ့လာလို့ ကောင်းတယ်။ OS မှာ နမူနာတစ်ခုအနေနဲ့ ပြောလိုက်တာ တစ်ခြားအပိုင်းတွေမှာ ဒါမျိုးတွေ အများကြီးရှိသေးတယ်။ ဘယ်သူမဆို လုပ်သင့်ပါတယ်။ အခုမှလေ့လာတဲ့သူဆို လေ့လာဖို့ သုံးသင့်တယ်။ လုပ်ငန်းဆိုလည်း ရှိတဲ့အကျိုးကို မြင်ပြီး သုံးတင့်တယ်။
Open Source Resource Centre က ပထမအဆင့်
မြန်မာအိုင်တီပရိုမှာ အခု Admin လုပ်နေတဲ့ Ko Jake ဆိုတာ ရှိတယ်။ သူက ဒီကို ပြန်လာဖို့ရှိတယ်။ သူက Open Source Linux နဲ့ပတ်သက်တာ လုပ်ချင်တယ်ဆိုတာကနေ အကြောင်း ပြုသွားတယ်။ Open Source ဆိုတဲ့ သဘောတရားကို နားမလည်သေးဘူး။ Open Source ရဲ့ မူလဇစ်မြစ်သဘောတရားကို နားလည်စေချင်တယ်။ MCPA က ကျွန်တော်တို့ မြန်မာအိုင်တီပရိုနဲ့ ပေါင်းပြီး Linux နဲ့ပတ်သက်တာတွေ လုပ်ချင်တယ်။ ကျွန်တော်တို့က လူပါပေးမယ်။ MCPA က လိုအပ်တဲ့ အကူအညီနဲ့ နေရာစီစဉ်ပေးမယ်။ Resource Centre လို Surver တွေ ထားပေးမယ်။ ဒီမှာ Open Source နဲ့ လုပ်တဲ့သူတွေက သီးခြားဖြစ် နေကြတယ်။ အဖွဲ့လေးတွေလည်း ကွဲနေကြတယ်။ ကွဲတာက ပြဿနာမရှိဘူး။ ကိုယ်စိတ်ဝင်စားတာ ကိုယ်လုပ်လို့ ရတယ်။ ဒီလိုမျိုး စိတ်ဝင်တစားတဲ့ လူတွေ ကိုတာ စုလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက Open Source Movement က ပိုပြီးတော့ မြန်လာမယ်။ ပိုပြီးတော့ အကျိုးရှိသွားမယ်။ ဒီလူတွေကို ကျွန်တော် တို့ စုမယ်။ စုပြီးတာနဲ့ Resource Centre ဟာမျိုး ထားမယ်။ Open Source က အခုအချိန်မှာ အင်တာနက်ရှိမှ သုံးလို့ရမယ် ဆိုတာမျိုးဖြစ်နေတယ်။ လိုအပ်တဲ့ ဟာတွေကို MCPA က Resource Center ထားခဲ့ရင် အဲဒီမှာ ရှိနေမယ်။ Download တွေ လုပ်ထားမယ်။ User Menual တွေ၊ Install Guide တွေ လုပ်ပေးမယ်။ Help Desk တွေ ဖွင့်ပေးမယ်။ Open Source နဲ့ ပတ်သက်တဲ့ အကူအညီလိုရင် ဒီကိုလာပါပေါ့။ ဒါက Long Term ပါ။ ပထမအဆင့်မှာ Resource Centre ကို Target တစ်ခုထားထားပါတယ်။ Open Source လို့ပြောပြီဆိုရင် Open Source Community တစ်ခုလုံးမှာ ရှိသမျှ အားလုံးကို ကျွန်တော်တို့က Promote လုပ်မယ်။ MCPA နဲ့ Open Source Resource လုပ်ဖို့က အကြမ်းဖျင်း ညှိတာပဲ ရှိသေးတယ်။ အမှုဆောင်တစ်ချို့နဲ့ စကားပြောရတာပဲ ရှိသေးတယ်။ လုံးဝတရားဝင် ပြောတာမျိုးတော့ မဖြစ်သေးဘူး။ MCPA ကလည်း စိတ်ဝင်စားမှုရှိပါတယ်။ တရားဝင်တော့ မဖြစ်သေးပါဘူး။ လုပ်ဖြစ်မှာပါ။
ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းရဲ့ တွေ့ဆုံမေးမြန်းမှုကို စိတ်ရှည်စွာ အချိန်ပေးဖြေကြားပေးတဲ့ ကိုအိမောင်ကို အထူးကျေးဇူးတင်ပါတယ်။
ဟန်ဇော
ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ်၊ မတ်လ