Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

သူတို့ပြောတဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁ဝ အကြောင်း

Posted on December 26, 2015 by Han Sann
သက်ပိုင်ခ ရေးဆွဲခဲ့သည့် ဘားကမ့်ရန်ကုန် လိုဂို
သက်ပိုင်ခ ရေးဆွဲခဲ့သည့် ဘားကမ့်ရန်ကုန် လိုဂို

ယခုစာစုကို ဖတ်‌နေတဲ့အချိန်မှာ ဘားကမ့်ရန်ကုန်ကို ကျင်းပပြီးစီး‌နေပါပြီ။ ဘားကမ့်ရန်ကုန်ကို ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်‌နေ့တို့မှာ ကျင်းပမှာဖြစ်တဲ့အတွက် ဘားကမ့်ရန်ကုန်နဲ့ပတ်သက်တဲ့ သတင်း‌ဆောင်းပါးကို ယခုလထုတ်မှာ အချိန်မှီ‌ဖော်ပြဖို့ လုံ‌လောက်တဲ့ အချိန်အတိုင်းအတာတစ်ခုမရ ခဲ့ပါဘူး။ ဒါ‌ေကြာင့် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းအ‌နေနဲ့ ဘားကမ့်ရန်ကုန်ရဲ့ ဒုတိယအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ အလုပ်အမှု‌ဆောင် ကိုမင်းဦး၊ ကမ်‌ဗော်ဒီယားနိုင်ငံ၊ ဘားကမ့်ဖနွမ်ပင်ကို တက်‌ရောက်ခဲ့သူ ကိုညီလင်းဆက်၊ ဘားကမ့်ရန်ကုန်ရဲ့ဝက်ဘ်ပိုင်ဆိုင်ရာ စီစဉ်သူ ကိုထူး‌တေဇာ၊ ဘားကမ့်ရန်ကုန်မှာ လုပ်အား‌ပေးပါဝင်သူနှစ်ဦးဖြစ်တဲ့ ကိုကိုရဲနဲ့ မခိုင်ဦးလွင်(နန်းညီ)တို့နဲ့‌ပြောဖြစ်ခဲ့တဲ့ ဘားကမ့်အ‌ကြောင်းကို ‌ကောက်နုတ်‌ဖော် ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့လထုတ် ပါစင်နယ်မဂ္ဂဇင်းမှာလဲ ဘားကမ့်အ‌ကြောင်းကို ‌ဖော်ပြထားပြီးဖြစ်ပါတယ်။ ဘားကမ့်အ‌ကြောင်းကို အကျဉ်းအားဖြင့် တင်ပြ ရလျှင် လွပ်လပ်‌ပေါ့ပါးပြီး ဘယ်သူမဆို ပါဝင်ဆင်နွွှဲနိုင်တဲ့ နည်းပညာဖလှယ်ပွဲတစ်ခုဖြစ်တယ်။ ဝက်ဘ် ၂.ဝ ‌ခေတ်မှာ လူ‌တွေလက်ခံလာတဲ့ ပူး‌ပေါင်းလုပ် ‌ဆောင်ခြင်း၊ အသိပညာဖလှယ်ခြင်းဆိုတာကို အ‌ခြေခံပြီး လူတစ်‌ယောက်နဲ့ တစ်‌ယောက်ကြား၊ ပညာရှင်ဟုတ်သူနဲ့ မဟုတ်သူ‌တွေကြား အသိပညာကွာခြားချက် ကို ကျဉ်း‌မြောင်းလာ‌အောင် လုပ်‌ဆောင်ကြတဲ့ ပွဲတစ်ခုလဲဖြစ်တယ်။ တစ်‌ယောက်တည်းက ‌ပြောဆို‌နေတာကို ကျန်တဲ့သူ‌တွေက နား‌ထောင်ရတာမျိုး မဟုတ်ပဲ ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်‌တွေကို ကိုယ့်အ‌နေနဲ့လည်း ဖွင့်ဟ‌ပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ထိ‌တွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း ရရှိ‌စေမှာဖြစ် တယ်။ ဘားကမ့်ရန်ကုန်ကို မြန်မာ့ဆက်သွယ်‌ရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးပြီး ပြည်တွင်းအိုင်တီအလွွှာ ‌ပေါင်းစုံက လူငယ်အများစုပါဝင်တဲ့ Barcamp Organizer Team ကအ‌ကောင်အထည်‌ဖော် ကျင်းပတယ်လို့ သိရတယ်။ ပွဲရက်နှစ်ရက်အတွင်းမှာ အသုံးပြုမယ့် မြန်နှုန်းမြင့် ဝိုင်ယာလက်အင်တာနက်ဆက်သွယ်‌ရေးစနစ်‌တွေကို Red Link Company က ပံ့ပိုး‌ပေးထားတယ်လို့လဲ သိရတယ်။

ကိုမင်းဦး(မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

(Barcamp Orgainzer Team’s General Team Leader)

ကိုမင်းဦး
ကိုမင်းဦး

MCPA အ‌နေနဲ့က‌တော့ အရင်က Free Talk ဆိုတာ စီစဉ်‌ပေးခဲ့တယ်။ Free Talk ရဲ့ ‌နောက်ပိုင်းရည်ရွယ်ချက်က လာတက်တဲ့ သူ‌တွေကိုပါ ပြန်ပြီး‌ဆွေး‌နွေး‌စေ ချင်တယ်။ အမှု‌ဆောင်‌တွေ ‌ပြော‌နေတာ‌တွေပဲ နား‌ထောင်‌နေမယ့်အစား၊ လာတက်တဲ့သူ‌တွေကလည်း သူ့နယ်ပယ်‌လေး‌တွေမှာ ‌လေ့လာ‌နေတဲ့ ကဏ္ဍ‌လေး‌တွေမှာ ‌တော့ သူတို့သိထားတာ‌လေး‌တွေရှိကြတယ်။ အိုင်တီကအရမ်းကျယ်ပြန့်တယ် တစ်‌ယောက်နဲ့တစ်‌ယောက်သိ တာ‌တွေမတူကြဘူး။ အဲဒါ‌လေး‌တွေကို လာပြီး‌တော့ ‌ဆွေး‌နွေး‌စေချင်တယ်။ ဒါ‌ကြောင့်မို့လဲ Barcamp ဆိုတဲ့ဟာကို အ‌ကောင်အထည်‌ဖော်‌ပေးတဲ့ သ‌ဘောပါ။ အ‌ကောင်အထည်‌ဖော်‌ပေးတဲ့အတွက် အသင်းက‌နေပြီး အခမ်းအနားအတွက် လိုအပ်တဲ့‌နေရာတို့ အချိန်တို့ အသင်းက‌နေ ပံ့ပိုးကူညီ‌ပေးတယ်။ တစ်ခြား‌သောအပြင်က ကုမ္ဋဏီ‌တွေ၊ လုပ်ငန်းရှင်‌တွေကိုလည်း ဝိုင်းဝန်း ကူညီ‌ပေးဖို့ ဖိတ်‌ခေါ်‌ပေးတယ်။ အိုင်တီနယ်ပယ်အတွက် ‌ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုလဲဖြစ်တယ်။ ပြီး‌တော့ လွပ်လွပ်လပ်လပ်‌ပြောလို့ဆိုလို့လဲရတယ်။ တစ်ချို့အခမ်းအနား‌တွေမှာ ‌ပြောဖို့တွန့်‌နေကြတယ်။ အဲလိုမျိုး အခန်းငယ်‌လေး‌တွေမှာ တစ်‌ယောက်က‌ပြော‌နေတဲ့ဟာကို ‌နောက်လူ‌တွေက တစ်နာရီအချိန်‌ပေး လိုက်ရင် နာရီဝက်‌လောက်တစ်‌ယောက်က‌ပြောမယ်။ ကျန်တဲ့ နာရီဝက်မှာ ကျန်တဲ့လူက ဝိုင်း‌ပြောကြမယ်။ အဲဒါမျိုးကို(ဘားကမ့်မှာ)‌ပေး ‌ပြောလို့ရသွားပြီ။ ‌ပြောရင်‌ပြောရင် ဒီအ‌တွေ့အကြုံရသွားပြီဆိုရင် ‌နောက်တစ်ခါ သူကိုယ်တိုင်‌ပြောချင်‌ပြောမယ်။ ဒါမှမဟုတ် သူ‌ပြောချင်တဲ့ဟာ ရှိလာမယ်။ ဒါဆို သူဟာ (ဘားကမ့်မှာ)လွတ်‌နေတဲ့ အခန်းနဲ့ အချိန်ရှိရင် သွားပြီး‌နေရာယူလိုက်‌ပေါ့။ အခု‌လော‌လောဆယ် ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာပညာရှင်အသင်းဝင်‌တွေ အားလုံးကို ဖိတ်ထားတယ်။ လာပါကိုယ်သိတဲ့ ဟာ‌တွေလာပြီးဖလှယ်ပါ။ လာနား‌ထောင်ပါလို့ အားလုံးကို ဖိတ်‌ခေါ်ထားတယ်။ အိုင်တီပညာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် စာနယ်ဇင်း‌တွေ ဝိုင်းဝန်းကူညီဖို့လည်း ဖိတ်‌ခေါ်ပါတယ်။

ပထမဆုံးပွဲကို ဘားကမ့်ရန်ကုန်ဆိုပြီ‌တော့စလုပ်‌ပေး လိုက်တယ်။ ပထမအကြိမ်က အ‌ရေးအကြီးဆုံးပါ။ ပထမအကြိမ်‌အောင်မြင်‌အောင်လုပ်လိုက်ရင် ဘားကမ့် အ‌ကြောင်းသိ သွားမယ်။ အထူးသလဲလိုက်ပြီး‌တော့ ‌ပြောစရာမလို‌တော့ဘူး။ ဒါဆို‌နောက်လူ‌တွေက လိုက်လာမှာ‌ပေါ့။ မန္တ‌လေးတို့၊ ‌တောင်ကြီးတို့မှာလဲ ‌နောက် ပိုင်းမှာ ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ စဉ်းစားထားတယ်‌ပေါ့။ သူ့သက်ဆိုင်ရာအသင်းက ဦး‌ဆောင်လုပ်မယ်‌ပေါ့။ ဒီဘက်က‌နေလိုအပ်တာ‌လေး‌တွေ ပံ့ပိုး‌ပေး မယ်။ ‌ဆောင်ရွက်ပုံ‌ဆောင်ရွက်နည်း‌တွေ လုပ်ငန်းစဉ်‌တွေ ဘာလိုအပ်တယ်၊ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ ဟာ‌တွေကို ဒီဘက်က‌နေ ပံ့ပိုး‌ပေးပါမယ်။ သူတို့လည်း သူတို့အသင်းလုပ်နိုင်တဲ့ အချိန်‌ပေါ်မှာမူတည်ပြီး လုပ်‌ပေးမှာ‌ပေါ့။

အသင်းက ပုံမှန်လုပ်‌နေတဲ့ ‌ဟော‌ပြောပွဲ‌တွေ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌တွေကို စိတ်ဝင်စားမှုက‌တော့ တက်‌နေတယ်။ ပုံမှန်လုပ်‌နေတဲ့ ‌ဟော‌ပြောပွဲ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ‌တွေဟာ တစ်ကြိမ်မှာတစ်ခုပဲ သိမယ်။ ‌ပြောတာပဲ နား‌ထောင်သွားရမယ်။ ပြန်‌ဆွေး‌နွေးဖို့ များများစားစားမရနိုင်ဘူး။ ဘားကမ့်က တစ်ကြိမ်ထဲ တစ်ပြိုင်ထဲမှာ ‌ခေါင်းစဉ်‌တွေများမယ်။ ‌ပေါင်းစုံဖြစ်မယ်။ လာတဲ့လူ‌တွေလဲ လာကြည့်ပြီး ဘယ်အချိန်မှာ ဘယ်‌ခေါင်းစဉ် သွားနား‌ထောင်မလဲ။ ဘယ်ဟာ‌တွေ သူကျွမ်းကျင် တာရှိမလဲဆိုပြီး ‌ခေါင်းထဲ‌ပေါ်လာတဲ့အခါ သွားနား‌ထောင်လို့ရမယ်။ ပြန်‌ဆွေး‌နွေးလို့ရမယ်။ နှစ်ရက်အတွင်းမှာ အများကြီးတစ်ပြိုင်တည်းရမယ်။ ‌ဟော‌ပြောပွဲ၊ ‌ဆွေး‌နွေးပွဲဆိုတာ တစ်ခါမှ တစ်နာရီခွဲ၊ နှစ်နာရီပဲဖြစ်မယ်။ ကွာခြားမှုအ‌နေနဲ့ ဘားကမ့်က နှစ်ပတ်တစ်ခါလုပ်လို့ရတဲ့ ပွဲမျိုးမဟုတ်ဘူး။ အားလုံးစုစည်းပြီး‌တော့ မှ တစ်ကြိမ်လုပ်နိုင်တယ်။

အရင်တုန်းက ဒါမျိုး‌တွေမရှိခဲ့‌တော့ အိုင်တီ‌လောကမှာ အ‌ပြောင်းအလဲတစ်ခု အ‌ကွေ့တစ်ခုလို့ မြင်တယ်။ ထူးခြားတဲ့ အ‌ပြောင်းအလဲတစ်ခုပါ။ လူငယ်‌တွေ အချင်းချင်းမှာ အရင်က ကိုယ့်အုပ်စု‌လေး‌တွေနဲ့ ဖလှယ်ကြတယ်။ သူငယ်ချင်း ‌လေးငါးဆယ်‌ယောက် လက်ဖက်ရည်ဆိုင်ထိုင်မယ်။ လက်ဖက်ရည်ဆိုင်မှာပဲ သိတာ ‌လေး‌တွေ ဝိုင်း‌ဆွေး‌နွေးမယ်။ အဲလိုဟာမျိုးကို ဒီလိုတစ်‌နေရာထဲမှာ စုစည်း‌ပေးပြီး‌တော့ လုပ်‌ပေးလိုက်တာပဲ။ အရင်က ‌လေးငါးဆယ်‌ယောက်ပဲ ‌ပြော လို့ရမယ်။ အခုဆိုရင် လူ‌တွေအများကြီးလာ နား‌ထောင်လို့ရမယ်။ အွန်လိုင်းမှာ အွန်လိုင်းဖိုရမ်နဲ့ သွားတူတယ်။ ဖိုရမ်‌ပေါ်မှာ ‌ခေါင်းစဉ်‌တွေ အများကြီးရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ‌ခေါင်းစဉ်မှာ ဝင်‌ပြော‌နေယုံပဲ။ အဲဒီသ‌ဘောကို ဒီမှာလာစု‌ပေးလိုက်တာပဲ။ ဒါဟာ အရင်က အိုင်တီ‌လောကမှာ မရှိခဲ့ဘူး။ ပြန့်ကျဲ‌နေတာ ‌တွေကို တစ်‌နေရာထဲမှာ တစ်ပြိုင်နက်ထဲ စုစည်း‌ပေးလိုက်တဲ့ သ‌ဘောပါပဲ။

ကိုညီလင်းဆက်(မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

(Barcamp Orgainzer Team’s Public Relation)

ကိုညီလင်းဆက်
ကိုညီလင်းဆက်

ဘားကမ့်ကို စပြီး‌တော့ ဖတ်မိ‌နေတယ်။ သိပ်နားမလည်ဘူး။ သူ့တို့ ဝက်ဘ်ဆိုဒ်‌တွေကို သွားကြည့်တယ်။ အာရှတိုက်ထဲမှာ ဘယ်သူ‌တွေလုပ်‌နေသလဲဆိုတာ ကြည့်‌နေရင်းနဲ့ ဗီယက်နမ် အဖွဲ့‌တွေရယ်၊ ထိုင်းဘားကမ့်လုပ်‌နေတဲ့ အဖွဲ့‌တွေရယ် ချိတ်မိတယ်။ သူတို့ရဲ့ လုပ်တဲ့ပုံစံကို မသိ‌သေးတဲ့အခါကျ‌တော့‌လေ့လာသူ အ‌နေနဲ့ လာမယ်‌ပေါ့။ ဘယ်လိုစီစဉ်‌ပေးနိုင်မလဲဆို‌တော့ သူတို့က အဲလို ဖိတ်တာမျိုးမရှိဘူး။ MCPA နဲ့ ညှိလိုက်တယ်။ MCPA ရဲ့ ကူညီမှုနဲ့ သွားပြီး‌တော့ ‌လေ့လာဖြစ်တယ်။ ‌လေ့လာဖြစ်တဲ့‌နေရာက ဖနွမ်ပင်မှာပါ။ ဒုတိယအကြိမ်‌မြောက်ပွဲပါ။ လူ‌ပေါင်း ရှစ်ရာ‌လောက် ရှိတယ်။ ပထမတစ်ရက်က‌တော့ ဘာလုပ်‌နေကြသလဲဆိုပြီး လုပ်တာ‌တွေကို မှတ်တယ်။ ညဖက်ဆိုရင်လဲ စီစဉ်သူ‌တွေက မနက်ဖြန်အတွက် ဘာ‌တွေလုပ်ကြမလဲဆိုတာ ဆက်‌ဆွေး‌နွေးတယ်။ သူတို့ဒီပွဲ တစ်‌လျှောက်လုံးကို ဘယ်လို‌မောင်းနှင်သွား သလဲဆိုတာမျိုး‌တွေ၊ ‌ဒေတာဖလှယ်တဲ့ အစီအစဉ်‌တွေ‌လေ့လာ ဖြစ်ခဲ့တယ်။ ဘားကမ့်ရဲ့ သ‌ဘောတရား က လွပ်လွပ်လပ်လပ်ပဲဗျာ။ ဝါသနာတူ‌တွေ စုပြီးလုပ်ကြတဲ့ပွဲကြီးပဲ။ သူမှာ အထူးသလဲဖိတ်ကြားထားတဲ့ အထူးဧည့်သည်မျိုးဆိုတာမရှိဘူး။ သူတို့ဆီမှာ လုပ်ကြတာအားလုံးက ‌ပျော်‌ ပျော်‌ပါးပါးပဲ။ ကျွန်‌တော်ကိုယ်တိုင်လဲ ‌ပျော်တယ်။

ဘားကမ့်လုပ်ဖို့အတွက် အ‌ရေးကြီးဆုံးက အင်တာနက်ကို အဓိကထားရတယ်။ MCPA အ‌နေနဲ့ ကြီးမှူးပြီးလုပ်နိုင်မလား‌ပေါ့။ MCPA မှာလုပ်နိုင်တဲ့ အမှု‌ဆောင်အ‌ရေအတွက်က နည်းတယ်။ လုပ်မယ်ကိုင်မယ့်အဖွဲ့လိုအပ်တယ်။ အဲဒါ‌တွေကို အ‌သေးစိတ်‌ဆွေး‌နွေးပြီး‌တော့ MCPA ကြီးမှူးတဲ့ Organizer Team ‌လေးဖွဲ့တယ်။ ဘားကမ့်ဟာ တကယ်‌ကောင်းတဲ့ ဟာမျိုးဖြစ်တဲ့အတွက် အားလုံး‌ပေါင်းပြီးလုပ်ကြတာပါ။ ကိုယ်သိတဲ့ဟာ‌တွေကို Social Networking ‌ပေါ်မှာ ‌ဖော်ထုတ်ကြတယ်။ Social Networking ရဲ့ သ‌ဘောသဘာဝက ကျွန်‌တော်က ရန်ကုန်မှာ ရှိ‌ပေမယ့်၊ အင်္ဂလန်ကလူနဲ့ သူငယ်ချင်းဖြစ်ရင်ဖြစ်‌နေမယ်။ အ‌မေရိက လူနဲ့ သူငယ်ချင်းဖြစ်ရင် ဖြစ်‌နေမယ်။ အဲလို ဘားကမ့်က ဘယ်သူ့ကိုမှ ကန့်သတ်မထား ပဲလာကြတယ်။ ဘားကမ့်ရန်ကုန်ဟာ နယ်ကလူ‌တွေနဲ့ စပြီး ရင်းနှီးသွားပြီ။ အ‌တွေးအမြင်တူရင် အလုပ်‌ပေါင်းလုပ်လို့ရမယ်။ အကူအညီရနိုင်မယ်။ ကျွန်‌တော်တို့ရဲ့ Networking က ရန်ကုန်မှာပဲ ရှိ‌နေတာ မဟုတ်‌တော့ပဲ နယ်‌တွေအထိပါ အိုင်တီနဲ့ပတ်သက်ပြီး ရှိ‌နေနိုင်ပါတယ်။

ပြည်ပက‌နေ ဘားကမ့်ကို လာတဲ့လူ‌တွေဟာ အိုင်တီနယ်ထဲကပဲ။ အိုင်တီကုမ္ဋဏီကြီး‌တွေမှာ လုပ်‌နေကြတဲ့လူ‌တွေဖြစ်တယ်။ သူတို့ကိုယ်တိုင်ကလည်း ဘားကမ့်က လွပ်လပ်တယ် ‌ပေါ့ပါးတယ်။ ခရီးသွားရတယ်။ မတူတဲ့ ယဉ်‌ကျေးမှု‌တွေ ‌လေ့လာရတယ်။ မြန်မာကိုလည်း လာချင်တယ် ဘားကမ့်နဲ့လည်း ကြုံကြိုက်တယ်ဆိုရင် သူတို့အ‌တွေ့အကြုံ‌တွေကို အိုင်တီနဲ့ပတ်သက်ပြီး ရှင်းပြမယ်‌ပေါ့။ ဘားကမ့်ကို လာတဲ့ သူ‌တွေဟာ တစ်ကိုယ်ရည်စိတ်ဝင်စားမှုနဲ့ပဲ လာကြပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလာ‌ရောက်တာမျိုးမရှိပါဘူး။

အိုင်တီ‌လောကရဲ့ အ‌ေပြာင်းအလဲတစ်ခုလို့ ‌ပြောနိုင်တယ်ဆိုတာက တိုက်ရိုက်‌ပြောင်းတာ‌တော့ မဟုတ်ဘူးဗျ။ သွယ်ဝိုက်ပြီး‌တော့ ‌ပြောင်းနိုင်တယ်။ ဘားကမ့်က အ‌ပျော်အပါး‌လေးလဲပါတယ်။ Social Networking ရဲ့ သ‌ဘောတရားအရ ဝက်ဘ်ဆိုဒ်မှာသုံးရင် သူကိုယ်တိုင်သင်သွားတယ်။ အဲဒီမှာ သူပိုသိလာတယ်။ သာမန်အသုံးပြုသူက‌နေ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လာတယ်။ အဲသလို အသုံးပြုပုံ‌ပြောင်းလာတဲ့အခါ အိုင်တီလုပ်ငန်းကို ပိုပြီးစိတ်ဝင်စားလာတယ်။ သင်တန်း‌တွေအ‌နေနဲ့လဲ စိတ်ဝင်စားသူများလာ‌လေ သူတို့အတွက်‌အောင်မြင်‌လေ။ အဲဒီသင်တန်း‌တွေက‌နေပြီးသွားရင်လဲ တကယ်လုပ်ငန်းခွင်ဝင်လာတဲ့ လူ့အရင်းအြမစ်များလာတယ်။ လူ့အရင်းအမြစ်များလာတာနဲအမျှ တစ်ဖက်က ထုတ်ကုန်ပမာဏများလာတယ်။ အဲလိုသွယ်ဝိုက်တဲ့ နည်းလမ်းနဲ့‌ပြောင်းလဲပါ တယ်။

ကိုထူး‌တေဇာ

(Barcamp Orgainzer Team’s Web Development)

ကိုထူးတေဇာ
ကိုထူးတေဇာ

ဘားကမ့်ကို အ‌စောပိုင်းကာလ ၂ဝဝ၉ မှာ စပြီးလုပ်‌တော့မယ်ဆို‌တော့ ဝက်ဘ်ဆိုဒ်လုပ်‌ပေးတယ်။ အွန်လိုင်းက‌နေတဆင့် မှတ်ပုံတင်နိုင်‌အောင်လုပ်‌ပေးထား တယ်။ ပွဲ‌နေ့မှာ ဘယ်သူမဆို Live Update တင်တာ Auto Refresh လုပ်တာကို Projector နဲ့ ပြ‌ပေးမယ်။ twitter.com, facebook.com မှာ ဘားကမ့် နဲ့ပတ်သက်ပြီးတင်သမျှကို ပွဲ‌နေ့မှာ Projector နဲ့ တိုက်ရိုက်ပြ‌ပေးထားမယ်။ ပြည်ပက လူ‌တွေလဲ တိုက်ရိုက်ကြည့်လို့ရ‌အောင်လုပ်‌ပေးမယ်။ ပြပွဲရက်အတွင်းမှာ ဘားကမ့်ရန်ကုန်ဝက်ဘ်ဆိုဒ်မှာလဲ Live Update အတိုင်း တိုက်ရိုက်ကြည့်လို့ရပါမယ်။

ဘားကမ့်ရန်ကုန်ဟာ ပထမဆုံးအကြိမ်လဲဖြစ်တယ်။ ကျွန်‌တော်လဲ အရမ်းသ‌ဘောကျတယ်။ ပုံမှန်ဆိုရင် ‌ပြောတဲ့လူတစ်‌ယောက်ထဲ ‌ပြောတာကို နား‌ထောင်ပြီးမှ ခဏ‌လောက်‌မေးခွင့်ရတယ်။ ‌နောက်ပိုင်း ဒီလိုပွဲမျိုးလုပ်လာ‌တော့ လူတိုင်းပါဝင်နိုင်တယ်။ လူတိုင်းကိုယ်သိတဲ့အ‌ကြောင်းအရာကို သူများကို မျှ‌ဝေနိုင်တယ်။ ဘားကမ့်ရန်ကုန်ဟာ အိုင်တီ‌လောကအတွက် ထူးခြားမှုတစ်ခုပါ။ ကျွန်‌တော်တို့ဆီမှာ ကျွမ်းကျင်တဲ့သူ‌တွေရှိတယ်။ သိပ်ပြီး ‌ပေါ်‌ပေါ်ထင်ထင်မရှိကြဘူး။ ဒီလိုပွဲမျိုး‌တွေ လုပ်‌ပေးခြင်းအားဖြင့် ကျွမ်းကျင်တဲ့သူနဲ့ အိုင်တီလုပ်ငန်းရှင်‌တွေနဲ့ ချိတ်ဆက်မိလာပြီး‌တော့ အိုင်တီ‌လောက ပိုပြီးတိုးတက်လာနိုင်တယ်။ ရွက်ပုန်းသီးက‌နေပြီး ‌အောင်မြင်တဲ့အ‌ခြေအ‌နေ‌ရောက်လာ‌အောင် ဖန်တီး‌ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ရွက်ပုန်းသီး‌တွေရဲ့ လူမှုဆက်ဆံ‌ရေး‌ကောင်းမွန်မှုလည်း လိုအပ်ပါတယ်။ ဘာပဲလုပ်လုပ် လူမှုဆက်ဆံ‌ရေး‌ေကာင်မွန်မှုက လိုအပ်ပါတယ်။ ဒါမှပဲ တစ်ယောက်နဲ့တစ်‌ယောက်ရင်းနှီးလာမယ်။ အလုပ်အကိုင်အခွင့် အလမ်း‌တွေ ပို‌ပေါလာမယ်။ အိုင်တီမှာလဲ အွန်လိုင်းဆိုရှယ်တင်မဟုတ်ပဲ ဘားကမ့်လိုပွဲမျိုး‌တွေမှာ အချင်းချင်း‌ပေါင်းစည်းလုပ်နိုင်ရင် အိုင်တီ‌လောကဟာ ပိုပြီးတိုးတက်လာပါမယ်။

ဘားကမ့်ရန်ကုန်ဟာ အိုင်တီသမားတင်မဟုတ်ပဲ အိုင်တီနဲ့ပတ်သက်ဆက်နွယ်တဲ့ ကဏ္ဍအားလုံးပါဝင်နိုင်တာ‌ပေါ့‌နော်။  ဥပမာ ဆရာဝန်‌တွေမှာလဲ အိုင်တီ စိတ်ဝင်စားတာရှိနိုင်တယ်။  သူတို့‌တွေလဲ အိုင်တီ‌လောကနဲ့ချိတ်ဆက်မိလာပြီး ‌ဆေးနဲ့သက်ဆိုင်တဲ့ ‌ဆော့်ဖ်ဝဲလ်မျိုး‌တွေဟာ ဒီလိုပွဲ‌တွေမှာ အတူတကွပူး‌ပေါင်း ခြင်း အားဖြင့် ‌ပေါ်ထွက်လာနိုင်တယ်။ ဘားကမ့်မှာ ဘယ်သူက ဘယ်အ‌ကြောင်းအရာကို ‌ပြောမယ်ဆိုတာ မရှိ‌တော့ဘူး။ အားလုံးသည် ပါဝင်သူပဲ။ အားလုံး သည် ‌ဟော‌ပြောသူပဲ။ ဒီကိုလာမယ်ဆိုရင် အကုန်လုံးနဲ့ မျှ‌ဝေမယ်။ ဘားကမ့်က‌နေ ပွဲပြီးလို့ ပြန်သွားပြီဆိုရင် ကမ္ဘာအနှံနဲ့ ပြန်ပြီး မျှ‌ဝေကျမယ်။ ကမ္ဘာအနှံမှာ ဘားကမ်ဘား‌တွေရှိတယ်‌လေ။ သူတို့‌တွေလည်း ဘယ်နိုင်ငံလုပ်လုပ်စိတ်ဝင်စားတယ်။ ဘားကမ့်က လူတိုင်းကို စွဲ‌ဆောင်နိုင်တယ်။ သူတို့ဆီမှာ လုပ်ပြီးသွား ရင်လည်း ဘယ်နိုင်ငံမှာ လုပ်ဦးမလဲဆိုပြီး နားဆွင့်‌နေကြတယ်။ Live Update လုပ်ရင် သူတို့လည်း ‌စောင့်ကြည့်‌နေကြတယ်။

ကိုကိုရဲ

(Knowledgebridge Magazine’s Editor)

ကိုကိုရဲ
ကိုကိုရဲ

ဘားကမ့်မှာ ပါမယ်။ တစ်ခြား‌ပြောမယ့် လူရှိလဲနား‌ထောင်မယ်။ ကိုယ်ဝါသနာပါတဲ့ အပိုင်းဆိုလဲ နား‌ထောင်မယ်။ ကျွန်‌တောf Ubuntu အ‌ကြောင်း‌ပြောမယ် ဆိုလဲ တစ်ခြားတစ်‌ယောက်က အားနည်းချက်‌ထောက်ပြမယ်။ ဟုတ်ပြီ။ သူ‌ပြောတာ တကယ်ပဲ အားနည်းသလား။ အဲဒီအားနည်းချက်ကို ကျွန်‌တော် ‌ဖြေရှင်းနိုင်တယ်ဆိုရင် ‌ဖြေရှင်း‌ပေးလိုက်မယ်။ အဲဒီအတွက် လိုအပ်တဲ့ အချက်အလက်မျိုး ကျွန်‌တော်မှာရှိရင် တစ်ခါထဲ မျှ‌ဝေ‌ပေးနိုင်မယ်။ တစ်‌ယောက်ထဲ လုပ်တဲ့ ‌ဟော‌ပြောပွဲထက်စာရင် ဒါဟာအများကြီးထိ‌ရောက်ပါတယ်။ တစ်‌ယောက်ထဲ ‌ပြောတာမဟုတ်တဲ့အတွက် တစ်‌ယောက်ထဲရဲ့ အမြင်မဟုတ်‌တော့ဘူး။ တစ်‌ယောက်ထဲ‌ပြောတာကို နား‌ထောင်ပြီး‌တော့ လက်ခံလိုက်ရတဲ့ ပုံစံမဟုတ်ဘူး။ ကျွန်‌တော်ကိုယ်တိုင်က သုံး‌နေတာကြာ‌ပေမယ့် မရှင်းနိုင်တဲ့ အခက်အခဲ ရှိရင်ရှိ‌နေမယ်။ လာနား‌ထောင်တဲ့ လူထဲက ရှင်းနိုင်တဲ့ လူရှိရင်လည်း ရှိ‌နေမယ်။ တစ်‌ယောက်ထဲ လုပ်‌နေတာထက်စာရင် ဒီမှာလာလိုက်တာက အများကြီးရနိုင်တယ်။ လမ်းစတစ်ခု ရနိုင်သလို။ အသစ်တစ်ခုကိုလည်း ရသွားနိုင်ပါတယ်။

Ubuntu File Sharing အတွက် အင်တာနက်ဆိုင် ၁ဝ ဆိုင် ‌လောက်ကို ခွင့်‌တောင်းပြီး File Sharing ထား‌ပေးတယ်။ ဘယ်ဆိုင်‌တွေ ဘယ်မှာရှိလဲ သူတို့သိချင်မှ သိမယ်။ ‌ရောက်ပြီး‌တော့ ‌မေးရမှာ အားနာလို့၊ ရမှန်းမသိလို့ မ‌မေးခဲ့တာလည်း ရှိမယ်။ ‌နောက်ဖိုင်‌တွေ ကူးဖို့ အခက်အခဲရှိနိုင်သလို၊ တစ်ချို့‌ဆော့်ဖ်ဝဲလ်ကို ဆိုင်မှာ ဝယ်လို့မရဘူး။ တကယ်ဝါသနာပါတဲ့သူ‌တွေ စု‌ဆောင်းထားတာကdk File Server မှာ ထည့်‌ပေးထားမယ်။ အဲဒီမှာ အလွယ်တကူ ကူးနိုင်မယ်။

ဘားကမ့်ဟာ ရိုးရိုး‌ဆွေး‌နွေးပွဲတစ်ခုထက် အားသာချက်‌တွေရှိပါတယ်။ လူတစ်‌ယောက်က ဘာမှစိတ်မဝင်စားဘူးဆို ရင်‌တောင်လာခဲ့လိုက်ပါ။ သူ့အတွက် အကျိုးရှိတယ်။ သင်တန်းတစ်ခုတက်လိုက်တာမျိုးကို ရစရာ‌တွေရှိပါတယ်။ ‌ပြောတဲ့ သူက‌ပြောယုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ အဲဒီသုံးတဲ့ ‌ဆော့ဖ်ဝလ်‌တွေကို File Server မှာ သွားကူးလို့ရမယ်။ ‌နောက်ပြီး ဒီအ‌ခြေက‌နေ လက်ရှိလုပ်‌နေသူ‌တွေထက်‌တော်တဲ့လူ ထွက်လာနိုင်တယ်။ လုံးဝမသိ‌သေးတဲ့ လူတစ်‌ယောက်က လည်း ဒီပွဲက‌နေစပြီး စိတ်ဝင်စားခဲ့ရင် ပညာရှင်တစ်‌ယောက်ထွက်လာနိုင်တယ်။

မခိုင်ဦးလွင်(နန်းညီ)

(Graphic Designer)

မနန်းညီ
မနန်းညီ

ဘားကမ့်ရန်ကုန်မှာ လုပ်အား‌ေပးအ‌နေနဲ့ ဒီဇိုင်းပိုင်းမှာ ကူညီတယ်။ ပွဲမှာ ဝက်ဘ်ဆိုဒ်နဲ့အ‌ရောင်အ‌ကြောင်းကို ‌ပြောမယ်။ ‌ကျောင်းမှာ သင်ခဲ့ရတဲ့ အ‌ရောင်သီအိုရီအ‌ခြေခံ‌တွေ၊ အ‌ရောင်အ‌ကြောင်း‌တွေကို ဝက်ဘ်ဆိုဒ်‌တွေ၊ ကိုယ်ပိုင်စာမျက်နှာ‌တွေ လုပ်တဲ့အခါမှာ အ‌ရောင်ဘယ်လိုသုံးတယ်ဆိုတာ‌ပြောချင် တယ်။ သိချင်တာက သူတို့ ဘယ်လိုစိတ်ကူး‌တွေနဲ့ အ‌ရောင်‌တွေကို သုံး‌နေတာလဲဆိုပြီ ပြန်လာမယ့်အ‌ကြောင်းအရာ‌တွေ ကိုလည်း စိတ်ဝင်စားတယ်။ ကိုယ်အတွက်‌ရော သူငယ်ချင်း‌တွေအတွက်‌ရော ဘားကမ့်ကို သ‌ဘောကျတယ်။ ‌ဟော‌ပြောပွဲ‌တွေမှာ သိချင်တာ ရှိလည်း သိပ်မ‌မေးဖြစ်ဘူး။ အခုလို အချင်းချင်းအပြန်အလှန် ‌ဆွေး‌နွေးတဲ့ဟာမျိုးဆို‌တော့ ပိုပြီး‌တော့ အဆင်‌ပြေတယ်‌ပေါ့။  ကိုယ်‌ပြောချင်တာ‌တွေလဲ အကုန်‌ပြောလို့ရတယ်။ အခုဆိုရင် အိုင်တီပိုင်းကမဟုတ်တဲ့ သူငယ်ချင်း‌တွေကိုလည်း လာပါ‌ပေါ့။  အကုန်လာလို့ ရပါတယ်‌ပေါ့။ သူတို့‌တွေလည်း အရင်က အိုင်တီနဲ့ အလှမ်း‌ဝေ‌နေရာက‌နေ အခုကျ‌တော့ ဒီကိုလာရင် ဗဟု သုတရမယ်‌ပေါ့။ သူများနိုင်ငံမှာ လုပ်လာတာကြာပြီဆို‌တော့ ဒီမှာအခုမှလုပ်တာနည်းနည်း‌နောက်ကျ‌နေတယ်လို့ထင်တယ်။

ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းရဲ့ ‌မေးမြန်းမှုကို စိတ်ရှည် လက်ရှည်‌ဖြေဆို‌ပေးခဲ့တဲ့ ကိုမင်းဦး၊ ကိုညီလင်းဆက်၊ ကိုထူး‌တေဇာ၊ ကိုကိုရဲနဲ့ မခိုင်ဦးလွင် (နန်းညီ)တို့ကို ‌ကျေးဇူးတင်မှတ်တမ်းထားပါတယ်။

ဟန်‌ဇော်

ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း

၂ဝ၁ဝ ပြည့်နှစ်၊ ‌ဖေ‌ဖော်ဝါရီ

Category: Book
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme