Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ကိုယ့်ပုံတူ | Self-Portrait

Posted on September 21, 2015 by Han Sann

ကိုယ့်ပုံတူ | Self-Portrait

ဓာတ်ပုံကင်မရာဖြင့် မိမိကိုယ်ကို မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ခြင်းကို ပြုလာကြ သည်။ ဆဲလ်ဖီဟု ခေါ်ကြသည်။ ဆဲလ်ဖီခေတ်ဟု ဆိုနိုင်ကောင်းသည်။ ဆဲလ်ဖီများခေတ် မရောက်သေးချိန်က အမေရိကန်ဓာတ်ပုံဆရာ ရောဘတ်ကော်နီလပ်သည် သူ၏ ကိုယ်တိုင်ရိုက်ဓာတ်ပုံကို ၁၈၃၉ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့ သည်။ ထိုဓာတ်ပုံသည် ကမ္ဘာ့ပထမဦးဆုံး ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဖြစ်လာသည်။

In these days, people do selfie, taking one’s own picture by oneself. Maybe we are living in the age of selfie. Before this modern selfie, Robert Cornellas, an American photographer, started taking  self-portrait since 1839 and that is the very first selfie of the world.

Exhibitions Views
Exhibitions Views
Exhibitions Views
Exhibitions Views

 

 

 

 

 

 

 

ထို့အတူ ကမ္ဘာ့အစောဆုံး ကိုယ်တိုင်ရေးပုံတူပန်းချီကို ၁၄၃၃ ခုနှစ်တွင် ရေးဆွဲခဲ့သည်ဟု ဆိုသည်။ လီယိုနာဒို ဒါဗင်ချီကလည်း သူ၏ ကိုယ်တိုင်ရေးပုံတူကို ၁၅၁၂ ခုနှစ်တွင် ရေးဆွဲခဲ့သည်ဟု ဆိုကြသည်။ ၁၅၂၄ ခုနှစ်တွင် မှန်ခုံးထဲ က ကိုယ်တိုင်ရေးပုံတူ(Self-Portrait in a convex mirror)ဆိုသော ကိုယ်တိုင်ရေးပုံတူကို အီတလီပန်းချီဆရာတစ်ဦးက ရေးဆွဲခဲ့သည်။ ၁၉ ရာစုနှစ်ကို ရောက်လာသောအခါ အမေရိကန် ကဗျာဆရာတစ်ဦးက မှန်ခုံးထဲက ကိုယ်တိုင်ရေးပုံတူ(Self-Portrait in a convex-mirror)ဆိုသောအမည်ဖြင့် ကဗျာရှည်တစ်ပုဒ်ကို ရေးဖွဲ့ပြန်သည်။ ထိုကဗျာသည် ထင်ရှား ကျော်ကြားခဲ့ပြီး ပူလစ်ဇာဆုကို ရရှိခဲ့သည်။

Likewise, the world’s first self-portrait painting is said to be first drawn in 1433. It is also said that Leonardo Da Vinci started drawing his very first self-portrait in 1512. In 1524 again, an Italian artist came out with his piece know as “Self-portrait in a Convex Mirror”. Then again in the 19th century, an American poet produced a poem titled as “Self-portrait in a Convex Mirror”, which became the famous Pulitzer Prize Winning poem.

Exhibitions Views
Exhibitions Views
Exhibitions Views
Exhibitions Views

 

 

 

 

 

 

 

ကိုယ်တိုင်ရေးပန်းချီများကို အနုပညာရှင်များက ကိုယ်တိ်ုင်ပြုကြသည်။ ဗင်းဆင့်ဗန်ဂိုး၊ ဖရီဒါကာလို၊ ဒါလီ၊ ဦးဘဉာဏ်၊ ပေါ်ဦးသက် အစရှိသည့် ကိုယ်တိုင်ရေးပုံတူပန်းချီများသည် ထင်ရှားကျော်ကြားသလို ထင်ရှားကျော်ကြားသည့် သူများ၏ ကိုယ်တိုင်ရိုက်ဓာတ်ပုံများကိုလည်း အထင်အရှားတွေ့ရနိုင်သည်။

Artist do their  self-portraits. Self-portraits of Vincent Van Goh, Ferrida Carlo, Dali, U Ba Nyan and Paw Oo Thet are well know. There are also famous selfies of celebrities.

Self Portrait_2015_02
Exhibition Views
Exhibitions View
Exhibitions View

 

 

 

 

 

 

 

သင်သည် သင်ကိုယ်တိုင်၏ ပုံတူကို အနုပညာပြခန်းတစ်ခုအတွင်းရှိ မီဒီယံတစ်ခုပေါ်တွင် တွေ့မြင်ရမည်ဆိုလျှင် မည်သို့သော စိတ်ခံစားမှုမျိုးကို သင်ရရှိမည်နည်း။ နှစ်သက်မည်လား။ ထို့အပြင် သင်တို့၏ ရုပ်သွင်ကို ပြသမည့် မျက်နှာပြင်မဟုတ်သည့် နောက်ကျောတစ်ခုကို ကိုယ်တိုင်ရေးပုံတူအဖြစ် မြင်တွေ့ရမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ နှစ်သက်မည်လား၊ နှစ်သက် နိုင်မလား

How might if feel for you to see your portrait in a form in an art gallery? Would you like it? Can you be pleased with it? How do you think you might feel to see a portrait of a person with his back turning to the viewer? Do you think you might like it? Do you think you will enjoy it?

Artist Statement
Artist Statement

ကိုယ့်ပုံတူကို ကိုယ်တိုင်ပြုရန် ဆန္ဒရှိနေသလား။

Do you wish to do your self-portrait your self?

ကိုယ့်ပုံတူကို ကိုယ်တိုင်ပြုခဲ့ဖူးသလား။

Have you done it before?

မည်သို့ပင်ဆိုစေ။ သင့်ပုံတူကို သင်ကိုယ်တိုင်ပြုရန် ကြားခံတစ်ခု မဖြစ်မနေ လိုအပ်မည်။

However, you must certainly use a particular medium to create your own portrait.

ထိုကြားခံသည် ကင်းဗတ်၊ ဓာတ်ပုံကင်မရာ တစ်စုံတရာမဟုတ်ဘဲ စီစီတီဗီတစ်ခုဖြစ်နေခဲ့မည်ဆိုလျှင် ထိုကြားခံက ပေးသည့် ရလာဒ်ကို . . .။

What if the medium you use is a CCTV instead of a canvas or a camera? What result would be coming out?

from Min Lwin Facebook
from Min Lwin Facebook
from Nay Myo Wn Facebook
from Nay Myo Wn Facebook
from Mekong Kyaw Swar Facebook
from Mekong Kyaw Swar Facebook
from Khin Thet Htar Latt Facebook
from Khin Thet Htar Latt Facebook

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ့်ပုံတူအနုပညာလက်ရာတွင် ကိုယ်တိုင်ပါဝင်ရိုက်ကူးပြီး ဖေ့ဘွတ်ခ်စာမျက်နှာသို့ လွှင့်တင်ခဲ့ကြသူများထံမှ ရယူထားသည့် ပုံရိပ်အချို့။

A lot of audiences are participating with the artworks and taking picture themselves and upload to their Facebook at the exhibition that screen shot from there Facebook.

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme