
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို ၁၉၉၃ ခုနှစ်က စတင်၍ သတ်မှတ်ခဲ့သည်။ သတင်းလွတ်လပ်ခွင့်၏ အခြေခံဥပဒေသများကို ထင်ရှားပေါ်လွင်စေရန်၊ ကမ္ဘာအဝှမ်းရှိ သတင်းလွတ်လပ်ခွင့်အခြေအနေအား အကဲဖြတ်သတ်မှတ်ရန်၊ လွတ်လပ်မှုအား ထိခိုက်ခံရသော မီဒီယာများအား ကာ ကွယ်ရန်နှင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ကြသော သတင်း သမားများအား ဂုဏ်ပြုချီးမြှောက်ရန် တို့ကိုအဓိကရည်ရွယ်၍ ကမ္ဘာ့သတင်းလွတ် လပ်ခွင့်နေ့ကို နှစ်စဉ်ကျင်းပကြသည်။ ထိုနေ့ကို ၁၉၉၃ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်က ပြုလုပ်ခဲ့သည့် ယူနက်စကို၏ အထွေထွေညီလာခံက သတင်းလွတ်လပ် ခွင့် အတွက်ထောက်ခံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခြင်းလည်းဖြစ်သည်။
လူတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်
အပိုဒ် ၃ဝ ပါရှိသည့် လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ တွင် ”လူတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်”ဆိုသော အချက်သည် အထင်အရှားပါရှိသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် သတင်းစာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ၊ စာပေဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူများ၊ အနုပညာရှင်များ နှင့်သက်ဆိုင်သကဲ့သို့ လူသားတိုင်းနှင့်လည်း အချိုးညီမျှစွာ သက်ဆိုင်ပေသည်။ အသားအရောင်မရွေး၊ နေရာဒေသမရွေး၊ အယုတ်အလတ်အမြတ်မရွေး၊ ကိုးကွယ် သည့် ဘာသာအယူဝါဒမရွေး၊ မည်သူမဆို၊ မည်သည့်အသက်အရွယ်မဆို ရရှိအပ် သည့် ရရှိပြီးဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် တစ်ခုဖြစ်သည်။ လူ့ အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပြီး ကြေညာခဲ့သည်။ ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့သည် လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ ကို လေးစား လိုက်နာရန်၊ ကာကွယ်ရန်နှင့် မြှင့်တင်ရန်လည်း ဖြစ်သည်။
ကောင်းမွန်သောအနာဂတ်အတွက် သတင်းလွတ်လပ်ခွင့်
၂ဝ၁၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၏ အဓိကရည်ရွယ်ရင်းအဖြစ် ”ကောင်းမွန်သောအနာဂတ်အတွက် သတင်းလွတ်လပ်ခွင့်၊ ၂ဝ၁၅ အလွန် ဖွံ့ဖြိုးမှု အစီအစဉ်ကို ဖော်ဆောင်ရေး”ဟု ြွေကးကြော်ထားသည်။ ထြွေိုကးကြော်သံနှင့် အတူ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို မေ ၅ နှင့် ၆ ရက်နေ့တို့တွင် ယူနက်စကို ရုံးချုပ်တည်ရှိရာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ အခမ်းအနားများကျင်းပမည်ဟု သိရ သည်။ ထိုအခမ်းအနားနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားများကို ကျင်းပမည်ဟု မျှော်လင့်ရပါသည်။
”သူ့စကားသံတွေကို မကြားနိုင်ခဲ့ရင် ဘာတွေဖြစ်မလဲ”နှင့် ”ဒီမိုကရေစီ ကို တိတ်ဆိတ်မှုဖြင့် သုတ်သင်နေသော်လည်း လွတ်လပ်သောအသံများက ကျယ် လောင်စွာပြောဆိုနေမည်”ဟုအဓိပ္ပါယ်ရသောစာသားပါ ပိုစတာများကို ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမဂန္ဒီ၊ နယ်ဆင်မန်ဒဲလားနှင့် မာတင်လူသာကင်း တို့၏ဓာတ်ပုံများဖြင့် ထုတ်ဝေသည်။ ဓာတ်ပုံရှင်များ၏ နှုတ်ခမ်းကို ပလပ်စတာ ဖြင့်နှုတ်ပိတ်ထားသောဓာတ်ပုံများဖြစ်ပြီး ကမ္ဘာ့သတင်းစာများနှင့်သတင်းစာ ထုတ်ဝေသူများအသင်း က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ကိုဂုဏ်ပြု၍ ၂ဝ၁၄ ခုနှစ်အတွက် ထုတ်ဝေခဲ့သည်။ ကမ္ဘာ့ သတင်းစာများနှင့်သတင်းစာထုတ်ဝေသူ များအသင်း ကို ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ နိုင်ငံအသီးသီးမှ သတင်းစာများနှင့် သတင်းအဖွဲ့အစည်းများပါဝင်၍ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ခြင်း၊ သတင်းစာဖွံ့ဖြိုးရေးကို အားပေးကူညီခြင်း၊ ကမ္ဘာ့ကုလ သမဂ္ဂ၊ ယူနက်စကို၊ ဥရောပကောင်စီအစရှိသည့်တို့နှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။
သတင်းလွတ်လပ်ခွင့်၊ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆို ခွင့်တို့ကို ကာကွယ်နေစဉ်၊ မြှင့်တင်နေစဉ်၊ အားပေးထောက်ကူ နေစဉ်နှင့်တစ်ပြိုင် နက်တည်းတွင် လွတ်လပ်စွာထုတ်ဖော်သူများ၊ သတင်းစာဆရာများကို ထောင် သွင်းအကျဉ်းချခြင်း၊ ဖိနှိပ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တားမြစ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုလည်း သတင်းလွတ်လပ်ခွင့် မြတ်နိုးသူများ ခံစားရလျက်ရှိသည်။ CPJ(Committee to Protect Journalists) ၏ အဆိုအရ ၂ဝ၁၃ ခုနှစ်အတွင်း သတင်းစာဆရာ ၇ဝ ခန့်အသတ်ခံခဲ့ရပြီး ယခုနှစ်ဆန်းပိုင်းမှ မေလအထိ ၁၄ ဦးအသတ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ စာရင်း အသေးစိတ်ကို CPJ ၏ အင်တာနက်စာမျက်နှာဖြစ်သည့် www.cpj.org တွင် ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရပါသည်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့၏ ညွှန်းကိန်း
နယ်စည်းမထားသတင်းထောက်များအဖွဲ့က သတင်းလွတ်လပ်ခွင့်နှင့် သက် ဆိုင်သော ညွှန်းကိန်းများကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။ ၁။ မီဒီယာ အမြင် ပေါင်းစုံပါဝင်နိုင်ရေးဗဟုဝါဒ၊ ၂။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်စစ်ရေး ကဏ္ဍများတွင် မီဒီယာ၏လွတ်လပ်မှု၊ ၃။ မီဒီယာဆိုင်ရာ ဥပဒေများ၏ အရည် အသွေး၊ ၄။ မီဒီယာထိန်းကျောင်းရေးအဖွဲ့များ၏ ထင်သာမြင်သာရှိမှု၊ ၅။ မီဒီယာ အထောက်အကူပြု အခြေခံအဆောက်အအုံဖော်ဆောင်ရေး၊ ၆။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် စသည့် အချက် ၆ ချက်ကို အခြေခံ၍ သတင်းလွတ်လပ်ခွင့်ကို နယ်စည်းမထားသတင်းထောက်များအဖွဲ့က အကဲဖြတ်သည်။
ထိုအကဲဖြတ်ချက်များမှရလာသည့် ညွှန်းကိန်းများဖြင့် ကမ္ဘာ့မြေပုံအပေါ် တွင် အရောင် ၅ ရောင်ခွဲ၍ သတင်းလွတ်လပ်ခွင့်ကို သရုပ်ဖော်ပြလေ့ရှိသည်။ ထိုအရောင် ၅ ရောင်၏ ညွှန်းဆိုချက်အရ အမည်းရောင် သည် အန္တရာယ်အရှိဆုံး အခြေအနေဖြစ်ပြီး အနီရောင် သည် သတင်းလွတ်လပ်ခွင့်အတွက် ခက်ခဲနေသော အခြေအနေဖြစ်သည်။ အဖြူရောင် သည် သတင်းလွတ်လပ်ခွင့် အကောင်းဆုံး အခြေအနေဖြစ်သည်။ အရောင်များဖြင့် ဖော်ပြထားသောညွှန်းကိန်းအရ သတင်း လွတ်လပ်ခွင့်ကမ္ဘာ့မြေပုံကို လေ့လာကြည့်လျှင် အဖြူရောင်အဆင့်သည် နည်းပါး လွန်း၍ သတင်းလွတ်လပ်ခွင့်အတွက် ခက်ခဲနေသောအခြေအနေ အနီရောင်အဆင့် သည် ရဲရဲတောက်နီနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈ဝ ရှိသည့်အနက် အဆင့် ၁၄၅၊ အနီရောင်အဆင့် သတင်းလွတ် လပ်ခွင့်တွင်ရှိပြီး ခက်ခဲနေသောအခြေအနေ၌သာ ရှိနေသေးကြောင်း တွေ့ရသည်။ အဆင့် ၁၄၅ ညွှန်းကိန်းသည် ယခင်နှစ်ညွှန်းကိန်းထက် အဆင့် ၆ ဆင့်ခုန်တက် ခဲ့သော်လည်း ယခုနှစ်အတွင်း မြန်မာအစိုးရ၏လုပ်ဆောင်ချက်များကြောင့် မီဒီယာ ပြုပြင်ပြောင်းလဲမှုအခြေအနမှာ စိုးရိမ်ပူပန်နေရကြောင်း နယ်စည်းမထားသတင်း ထောက်များအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
အယောင်ဆောင်သတင်းလွတ်လပ်ခွင့်
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းအာဏာသိမ်းအစိုးရတက်လာသည်။ ၁၉၆၅ ခုနှစ်တွင် ပုဂ္ဂလိကသတင်းစာများကို နိုင်ငံပိုင်အဖြစ် ပြည်သူပိုင် သိမ်းခဲ့သည်။ ထိုအချိန်မှစတင်၍ သတင်းလွတ်လပ်ခွင့်သည် ထိပါးခြင်း စတင်ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အလွန်ကာလများတွင် ဆင်ဆာဖြတ်တောက်ခြင်းနှင့် စာအုပ်ထုတ်ဝေ ခွင့်များကို ပိတ်ပင်ခြင်းများဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တား လာပြန်သည်။ ရိုက်နှိပ်ထုတ်ဝေပြီးစာအုပ်များကို ပိတ်သိမ်းခြင်းနှင့် ဆင်ဆာဖြတ် တောက်ကြောင်းသက်သေဖြစ်သည့် ငွေမှင်ရောင်၁ တို့သည် လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို တိတိပပထိပါးလာကြောင်းပြသခဲ့သည့် သက်သေများဖြစ် သည်။ ထိုအချိန်မှစတင်ပြီး စာရေးဆရာများ၊ သတင်းစာဆရာများ၊ အနုပညာ ရှင်များနှင့် အများပြည်သူတို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆုံးရှုံး လိုက်ကြရသည်။ ထို့အတူ စာရေးဆရာများနှင့်သတင်းစာဆရာများကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ကြသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာသောအခါတွင် မောင်သော်က၊ ဟံသာဝတီ ဦးဝင်းတင်၊ မောင်ကိုယု၊ မောင်မိုးသူ အစရှိသည့် စာရေးဆရာကြီးများကဦးဆောင်၍ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ဦးထိပ်ထားကာ အများပြည်သူသိသင့်သိထိုက်သော သတင်းများ၊ အများပြည်သူသိရှိလို သော သတင်းမှန်များကို ဖွင့်ထုတ်ရေး သားခဲ့ကြသည်။ နည်းမှန်လမ်းမှန်ဖြင့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်း နိုင်ရန် သတင်းလွတ်လပ်ခွင့် ကို ခွန် အားပြု၍ အရေးတော်ပုံကာလတွင် လွတ်လပ်စွာထုတ်ဖော်ခွင့် ကို ပုံဖော်ခဲ့ ကြသည်။ထိုသို့ကြိုးပမ်းအားထုတ်နေ ရင်း ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ် အစိုးရကြောင့် အများပြည်သူတို့၏ အထွေထွေရပိုင်ခွင့်များ၊ လွတ်လပ်ခွင့် များနှင့်အတူ သတင်းလွတ်လပ်ခွင့် များပါ ဆုံးရှုံးသွားခဲ့ရပြန်သည်။ ကမ္ဘာ့ အလယ်တွင် မျက်စိသူငယ်နားသူငယ် ဖြင့် လူလားမြောက်ရသော ပြည်သူများ နှင့်အတူ စာရေးဆရာ၊ သတင်းစာဆရာနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို မြတ်နိုး သူများ ထောင်သွင်းအကျဉ်းချခံလိုက်ရသည်။
ထိုသို့ဖမ်းဆီးနှိပ်စက်မှု ဒဏ်ရာဒဏ်ချက်များကို နှစ်ပေါင်းများစွာ ခံစားခဲ့ ရခြင်းနှင့်အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း ထပ်ဆင့်၍ ဆိတ်သုဉ်းသွားခဲ့ရသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လက်သည်းခွံခွာ၊ အရေဆုတ်၊ နောင်ကြဉ်အောင် ရိုက်နှက်သကဲ့သို့ဆုံးမတတ်သည့် စာပေကင်ပေ တိုင် ခေါ် စာပေစိစစ်ရေး၏ ခြယ်လှယ်ရာအဝဝကို သတင်းလွတ်လပ်ခွင့်မြတ်နိုး သူများ ခါးစည်းခံခဲ့ရသည်။ ပြည်သူများ၏ သိပိုင်ခွင့်ကို မျက်စိပိတ်၊ နားပိတ် ပြုပြီး အသိÓဏ်ကိုပါ အမှောင်ချပိတ်ပင်ခဲ့သည်။ ပုဂ္ဂလိကသတင်းစာ ထုတ် ပိုင်ခွင့်မရှိခဲ့ဘဲ အုပ်ချုပ်သူစစ်အာဏာရှင်၏ အလိုတော်အတိုင်း ဝါဒဖြန့်၍ အာဏာ ရှင်မလိုလားသူများကို စောင်းချိတ်ခွင့်ရခဲ့သည့် နိုင်ငံပိုင်သတင်းစာ ကြေးမုံ၊ မြန်မာ့အလင်း ဖြင့် မြန်မာနိုင်ငံသားများ ချွေးသိပ်လှည့်ဖြားခံခဲ့ရသည်။ စာရေး ဆရာ၊ အယ်ဒီတာနှင့် စာနယ်ဇင်းဆရာများသည် ဆင်ဆာအဆင့်ဆင့်ဖြတ် တောက်ခံထားရသော၊ သမိုင်းအမှန်ကို ဖြတ်တောက်ခံထားရသော၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးခံထားရသော စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းများဖြင့် မိမိတို့၏အသက်ငွေ့ငွေ့ကို အသက်ဆက်၍ ခေတ်ဆိုးစနစ်ဆိုး၌ သတင်းလွတ် လပ်ခွင့်ကို စိတ်ကူးအိပ်မက်၍သာ ဖြတ်သန်းခဲ့ကြရသည်။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအလွန်၊ အရပ်သားအစိုးရဟုခေါ်ဆိုနေကြသော ကာလ၊ ၂ဝ၁၄ ခုနှစ် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းသည် အဆင့် ၆ ဆင့်ကို ကျော်တက်နိုင်ခဲ့သည်ဆိုသော် လည်း ပြုပြင်ပြောင်းလဲရေးအသွင်ယူထားသည့် အယောင်ဆောင်သတင်းလွတ်လပ် ခွင့်အဖြစ်သာ ယူဆနိုင်ပေမည်။ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော စာပေစိစစ်ရေး အဆင့်များကို ဖြေလျှော့၊ ပုဂ္ဂလိသတင်းစာများ ထုတ်ဝေခွင့်ပေး၊ ဆင်ဆာဖြတ် တောက်မှုကို အလုံးစုံရုပ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့် အပြည့်အဝရရှိနေ သည့်ပမာ မျက်လှည့်ပြလိုက်နိုင်သဖြင့် ယခင်နှစ်များထက် တိုးတက်လာပါ သည်ဆိုသော ညွှန်းကိန်းအဆင့်များတက်လာခြင်းပင် ဖြစ်သည်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့်အပေါ် အကဲဖြတ်သည့် အချက် ၆ ချက်အရသော်လည်းကောင်း၊ လက်ရှိကာလအတွင်း ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ကို ထိပါးခံနေရသည့် ကိစ္စရပ်များတွင် သတင်းထောက် မခိုင် ကို အသရေဖျက်မှု ဖြင့် အရေးယူခြင်း၊ ယူနတီအပတ်စဉ်ထုတ်သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့်သတင်းထောက် ၄ ဦး ကို နိုင်ငံတော်လျှို့ဝှက် ချက်များဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းထောက် ဦးဇော်ဖေ (ခေါ်)သူရသက်တင် အား ရာဇဝတ်မှုဖြင့် အရေးယူ ခြင်းနှင့် စာရေးဆရာအချို့၏ဟောပြောမှုများကို ဟန့်တားနှောင့်ယှက်ခြင်း စသည် များကို ထိရောက်စွာအကာအကွယ်မပေးနိုင်ခြင်း အခြေအနေများအရလည်း ကောင်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့်လွတ်လပ်စွာသတင်းရယူခွင့်တို့သည် မှန်ကန်စွာဖွံ့ဖြိုးလျက်မရှိသေးကြောင်း သက်သေပြနေသည့် သက်သေပြချက်များပင်ဖြစ်သည်။
ကျယ်လောင်စွာပြောဆိုနေရမည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၏ ရည်ရွယ်ရာသည် ”ကောင်းမွန် သော အနာဂတ်အတွက် သတင်းလွတ်လပ်ခွင့်၊ ၂ဝ၁၅ အလွန်ဖွံ့ဖြိုးမှုအစီအစဉ်ကို ဖော်ဆောင်ရေး” ဖြစ်သည်။ ထိုဆိုလိုရင်းအရ လူသားတိုင်း၏ အနာဂတ်သည် ကောင်းမွန်စေရမည်။ ၂ဝ၁၅ အလွန် ဖွံ့ဖြိုးမှုအစီအစဉ်များသည် လူသားတိုင်း အတွက် ဖြစ်သည်။ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ အရ ”လူတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်”ဆိုသောကြောင့် ထိုရပိုင်ခွင့်ကို မည်သူ တစ်ဦးတစ်ယောက်မှ တားဆီးပိုင်ခွင့် မရှိ။
သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို စာရေး ဆရာများ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များက ကျယ်လောင်စွာပြောဆို လေ့ရှိသလို လူသားတိုင်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်သော မွေးရာပါရပိုင်ခွင့်ဖြစ် သည်။ ထို့ကြောင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ပြမြေပုံ ပေါ်ရှိ မည်းနက်နေသော နေရာများ၊ နီရဲနေသောနေရာများ၊ လိမ္မော်ရောင်နေရာများနှင့် အဝါရောင်နေရာ များကို ဖွေးဖွေးဖြူသော အဖြူရောင်ဒေသများဖြစ်လာစေရန်အတွက် မိမိတို့၏ရပိုင် ခွင့်များကို အသေအချာဆုပ်ကိုင်၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဤ ကမ္ဘာမြေတွင် ဟိန်းထွက်နေရန် ကျယ်လောင်စွာ ပြောဆိုနေရမည်ဖြစ်သည်။
ဟန်ဇော်
၁။ ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ထုတ်ဝေသည့်စာအုပ်များတွင် အာဏာ ရှင်အစိုးရက မဖော်ပြလိုသောအကြောင်းအရာများကို ငွေမင်ရောင်ဖြင့် ပိတ်ပေးရသည်။ ထိုသို့ငွေမင်ဖြင့် ပိတ်ပြီးမှသာလျှင် အများပြည်သူသို့ ဖြန့်ချိရသည်။
ပဲ့တင်သံဂျာနယ်၊ အမှတ် ၄၂၊ ၁ မေ ၂၀၁၄ ခုနှစ်