Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

အေသင် ဗီဒီယိုအနုပညာပွဲတော် ၂၀၁၄

Posted on February 15, 2014 by Han Sann

Athens Video Art Fesitval_2အေသင် ဗီဒီယိုအနုပညာပွဲတော် ၂၀၁၄ ကို ဂရိနိုင်ငံ၊ အေသင်မြို့၌ ၂၀၁၄ ခုနှစ် မေလတွင် ကျင်းပမည်ဟု သိရသည်။ အဆိုပါ အနုပညာပွဲတော်သို့ နိုင်ငံတကာမှ ခေတ်ပြိုင်အနုပညာရှင်များကို ဖိတ်ခေါ်လေ့ရှိသည်။ ယင်းသို့ ဖိတ်ခေါ်သည့်အစီအစဉ်ကို ဇန်နဝါရီနောက်ဆုံးအပတ်က စတင်ခဲ့ပြီး အနုပညာပွဲတော်တွင် ပါဝင်ဆင်နွှဲလိုသူများသည် ၂၀၁၄ ခုနှစ် မတ် ၁၀ မတိုင်မီ ဝင်ခွင့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားရမည့် အင်တာနက်လိပ်စာမှာ http://www.athensvideoartfestival.gr/2014-edition/ ဖြစ်သည်။ အဆိုပါအနုပညာပွဲတော်တွင် ဗီဒီယိုအနုပညာ၊ အန်နီမေးရှင်း၊ တပ်ဆင်မှုအနုပညာ၊ တင်ဆက်မှုအနုပညာ၊ ဂီတ၊ ဝက်ဘ်အနုပညာ၊ ဒီဂျစ်တယ်အနုပညာစသည့် မီဒီယာအသစ်အနုပညာလက်ရာများ ပါဝင်ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။

အေသင် ဗီဒီယိုအနုပညာပွဲတော်သည် နိုင်ငံတကာမှ ခေတ်ပြိုင်အနုပညာရှင်များ ဆုံစည်းရာပွဲတော်တစ်ခုလည်း ဖြစ်သည်။ ဒီဂျစ်တယ်အနုပညာရှင်များ၊ မီဒီယာအသစ်အနုပညာရှင်များနှင့် ခေတ်ပြိုင်အနုပညာရှင်များ တက်ရောက်လေ့ရှိသည်။ ထို့အပြင် နိုင်ငံတကာမှ အောင်မြင်ကျော်ကြားသည့် အနုပညာရှင်များနှင့်အနုပညာလက်ရာများကို ဖိတ်ခေါ်၍ ပါဝင်ဆင်နွှဲစေ သည်။ အနုပညာလက်ရာများကို ပြသသည့်အပြင် အနုပညာလေ့လာမှုအကြောင်းတင်ပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို လည်း ထည့်သွင်းလေ့ရှိကြောင်း သိရသည်။

ဗီဒီယိုအနုပညာဆိုသည်မှာ ဗီဒီယိုရိုက်ကူးထုတ်လုပ်ရေးနည်းပညာကို အသုံးပြုထားသော အနုပညာပုံစံတစ်ခုဖြစ်ပြီး ရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတို၊ စမ်းသပ်မှုရုပ်ရှင် အစရှိသည့် ရုပ်ရှင်အတတ်ပညာတို့နှင့် မတူညီသောအနုပညာပုံစံ တစ်ခုဖြစ်သည်။ မီဒီယာအသစ်အနုပညာ ဆိုသည်မှာ အီလက်ထရောနစ်နှင့်နည်းပညာကြောင့်ဖြစ်ပေါ်လာသော ကြား ခံအလွှာ (medium)များကိုအသုံးပြု၍ ဖန်တီးထုတ်လုပ်သော အနုပညာလက်ရာများကို ဆိုလိုခြင်းဖြစ်သည်။ အေသင် နိုင်ငံတကာ ဒီဂျစ်တယ်အနုပညာနှင့် မီဒီယာအသစ်အနုပညာပွဲတော်ကို ၂၀ဝ၅ ခုနှစ်မှစတင်၍ ကျင်းပခဲ့ သည်။ ၂၀၁၄ ခုနှစ်သည် အဆိုပါ ပွဲတော်၏ ၁၀ ပြည့်ပွဲတော်ဖြစ်သည်။

ဟန်ဇော်

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme