Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: အိုင်စီတီ

ဖိုတိုဗုံး

Posted on December 3, 2018 by Han Sann

‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို…

Read more

ကလစ်စာချခြင်း

Posted on November 20, 2018 by Han Sann

ကလစ်တစ်ချက်၏ တန်ဖိုးသည် ဒီဂျစ်တယ်‌ခေတ် တနည်း အွန်လိုင်းယဉ်‌ကျေးမှုတွင် အလွန်အ‌ရေးပါ‌သော တန်ဖိုးတစ်ခုဖြစ်လာ သည်။ အင်တာနက်စာမျက်နှာတစ်ခု၏ ကလစ်ရရှိမှုကြိမ်နှုန်းသည် ထိုအင်တာနက်စာမျက်နှာကို တည်‌ထောင်ထားသူ လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု၏ ‌ငွေ‌ကြေးအားဖြင့် အကျိုးအမြတ်‌သော်လည်းကောင်း၊ ‌ငွေ‌ကြေးမဟုတ်‌သော အခြားတန်ဖိုး တစ်ခုကို‌သော်လည်း‌ကောင်း အလွန်အ‌ရေးပါ‌သော အခန်းကဏ္ဍတွင် တည်ရှိလာသည်။ ထို့‌ကြောင့် အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများအတွင်း ကလစ်ရရှိမှုအ‌ရေအတွက် ရရှိ‌စေရန် ကြိုးပမ်းအားထုတ်လာကြ‌တော့သည်။ ထိုသို့ကြိုးပမ်းရာတွင် တရားသဖြင့် အားထုတ်ကြိုးပမ်းကြသကဲ့သို့ မသမာ‌သောနည်း လမ်းများဖြင့် မိမိစာမျက်နှာသို့ လာ‌ရောက်လည်ပတ်‌စေရန် အားထုတ်ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ ထို့အတွက် လူကြိုက် သူကြိုက်များ‌သော အ‌ကြောင်းအရာများကို လွှင့်တင်လာကြသည်။ လူကြိုက်သူကြိုက်များသော အ‌ကြောင်းအရာများတွင် အညှီအ‌ဟောက်ပါဝင်သော အ‌ကြောင်းအရာများ အများစုဖြစ်‌နေတတ်သည်။ လိင်မှုဆိုင်ရာကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများ၊ ကျန်းမာ‌ရေးအ‌ယောင်ပြ လိင်မှုကိစ္စဆိုင်ရာအ‌ကြောင်းအရာ များနှင့်လူစိတ်ဝင်စားမှုမြင့်တက်စေရန်စသည့်အ‌ကြောင်းအရာများကို ပုံစံဖျက်ထုတ်လွှင့်‌သော သတင်းအတုအ‌ယောင်များသည်…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme