လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် စာအုပ်သည် စာရေးဆရာ ဟန်ဆန်း၏ စာပေလက်ရာကိုးပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ၁။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် ၂။ ထွေသူ၏ မှတ်စု ၃။ ကိုယ့်ပုံတူ ၄။ နိုင်ငံတော်သမ္မတဖတ်စာ ၅။ မွေးရပ်မြေ ၆။ ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး ၇။ ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက်နေပါစေ ၈။ အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး ၉။ မင်းလူ ညနေခင်းများဟု အမည်ရသည့် စာပေလက်ရာကိုးပုဒ်ပါဝင်ပြီး စာရေးသူ ဟန်ဆန်း၏ ပင်ကိုယ်ရေးစာပေလက်ရာများစုစည်းမှု စာအုပ်ဖြစ်ပါသည်။ စာအုပ်နှင့်ပတ်သက်သော အမှာစာကို ကဗျာဆရာ ဇေယျာလင်း၊ အယ်ဒီတာ မျိုးမြင့်ညိမ်းနှင့် စာရေးဆရာ ဟန်ဆန်းတို့က ရေးသားထားပါသည်။ ထိုစာအုပ်နှင့်ပတ်သက်၍…
Tag: ဟန်ဆန်း
ဗီဒီယိုအနုပညာဆိုသည်မှာ
ဗီဒီယိုအနုပညာ(Video Art)ဆိုသည်မှာ ဗီဒီယိုရိုက်ကူးမှုနည်းပညာကို အသုံးပြုပြီးဖန်တီးထုတ်လုပ်ထားသော အနုပညာလက်ရာကို ခေါ်ဆိုခြင်း ဖြစ်သည်။ ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်း၊ စမ်းသပ်ရိုက်ကူးထုတ်လုပ်မှုရုပ်ရှင်