‘စသည်၊ စသည်ဖြင့်’စာအုပ်သည် ရွှေအမြုတေမဂ္ဂဇင်းတွင် မြင့်သန်းရေးသားခဲ့သည့် စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့်အရေးအသားများနှင့်ပတ်သက်သော ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း ‘စသည်၊ စသည်ဖြင့်…၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေး အသားများ’ဟုအမည်ပေးထားသည်။ ‘စသည်၊ စသည်ဖြင့်’စာအုပ်တွင် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အထောက်အထားမဲ့၊ အကိုး အကားမဲ့ ဖော်ပြသည့်အပြင် သေချာရေးရာသည် သုတေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့် ဘောင် တစ်ခုအတွင်းမှ ရေးသားဖော်ပြခဲ့သည့် စာတမ်းများနှင့်ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်ထောက်ပြရှင်းလင်းထား…