ဆရာမကြီး ကြည်အေး၏ ၀တ္ထုဖြစ်သော “မီ” ကို ဒါရိုက်တာ ဏကြီးက ပိုင်ဖြိုးသု၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက်နှင့်သားညီတို့ ကို အဓိကသရုပ်ဆောင်များအဖြစ်ထားရှိပြီး “မီ” အမည်ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထုတ်လုပ်ပြသခဲ့ပါသည်။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်မပြသမီကပင် ရုပ်ရှင်မြတ်နိုးသူများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ရုပ်ရှင်ပြသနေစဉ်ကာလတွင် လည်း“မီ”ရုပ်ရှင်နှင့်ပတ်သက်၍ အမျိုးမျိုးသောအသံများဖြစ်သည့် ပြစ်တင်သံ၊ ဝေဖန်သံ၊ အားပေးသံ၊ ချီးကျူးသံ၊ ငြင်းခုန်သံ၊ ကန့်ကွက် သံ၊ ထောက်ခံသံ စသည်စသော မတူကွဲပြား၊ အမျိုးစုံလင်လှသော အသံပေါင်းများစွာကို ကြားရ မြင်ရ သိရပါသည်။ မတူကွဲပြားသော သဘောထားများနှင့်စုံလင်များပြားလှသော အသံပေါင်းများစွာကို ကြားရ မြင်ရနေသည်ကို အပေါင်းလက္ခဏာ၊ အပြုသဘောအဖြစ် မြင်မိ ပါသည်။ “မီ”အကြောင်းကို အလွှာအသီးသီး၊ အသိုင်းအဝိုင်းအသီးသီက ပြောနေကြပါသည်။ ပြောကြဆိုကြသော…