Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: နှစ်ကာလများစာပေ

နေမျိုးကြီး ကဗျာတွေ ဖတ်မလား

Posted on November 9, 2018 by Han Sann

‘‘‌နေမျိုးကြီး ကဗျာ‌တွေ ဖတ်မလား’’ဆို‌သော စာသားအစုအဖွဲ့သည် ကဗျာဆရာ‘‌နေမျိုး’၏ ‘လက်‌ရွေးစင်ကဗျာများ’ စာအုပ်တွင် ‌ဖော်ပြပါရှိခဲ့‌သော ‘‘လူဖြစ်ရတာ ‌ကောင်းတယ်’’ကဗျာအတွင်းမှ ဖြစ်ပါသည်။ ‘‌နေမျိုး၏ လက်‌ရွေးစင်ကဗျာ များ’စာအုပ်ကို နှစ်ကာလများစာ‌ပေက ၂ဝ၁၇ ခုနှစ် မတ်လတွင် ထုတ်‌ဝေလိုက်ပါသည်။ ‘‘၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်‌တွေမှာ ကြီးပြင်းခဲ့တဲ့ စာ‌ပေဝါသနာပါသူ လူငယ်‌တွေအတွက် ‌နေမျိုးရဲ့ ‌ရေးဟန်‌တွေဟာ ဆန်းသစ်မှု‌တွေ အပြည့်နဲ့။ တစ်လ၊ တစ်လ မဂ္ဂဇင်းမှာ ‌နေမျိုးရဲ့ ဝတ္ထုပါ‌လေမလား၊ ကဗျာပါ‌လေမလားဆိုပြီး ‌စောင့်ဖတ်ခဲ့ရတဲ့ အ‌နေအထားတစ်ခု’’ဟု နှစ်ကာလများစာ‌ပေ၏ ထုတ်‌ဝေသူလည်းဖြစ်၊ ကဗျာဆရာတစ်ဦးလည်းဖြစ်‌သော မိုး‌ဝေးက ‘‌နေမျိုး၏ လက်‌ရွေးစင်ကဗျာများ’စာအုပ်တွင် မှတ်ချက်ပြုထားခဲ့သည်။ စာအုပ်တွင် ‌နေမျိုး၏ ကဗျာလက်ရာ ၅၈ ပုဒ်ကို ‌ဖော်ပြထားသည်။ ‘လက်‌ရွေးစင်ကဗျာများ’ဟု စာအုပ်အမည်ကို‌ပေးထား၍ ‌နေမျိုး၏ ကဗျာလက်ရာများအနက်မှ ၅၈ ပုဒ်သာဖြစ်သည်ဟု…

Read more

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)

Posted on September 25, 2018 by Han Sann

Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ‘‘နှစ်ကာလများ’’စာအုပ်တိုက်က ၂ဝ၁၅ ခုနှစ် မေလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေခဲ့သည်။ မူရင်းစာအုပ်ကို ထုတ်ဝေသည့်နှစ် ၁၉၇၃ ခုနှစ်မှစတင်၍ ရေတွက်လျှင် မြန်မာဘာသာသို့ နှစ်ပေါင်း ၄ဝ ကျော်ကြာမှာသာ ဘာသာပြန်ဆိုနိုင် ခဲ့သည်။ နှစ် ၄ဝ ခန့်နောက်ကျသည့် သဘောဖြစ်သည်။ သို့သော်လည်း စာပေရေးဟန်ပညာရပ်နှင့်ပတ်သက်၍ အားကိုးအားထားပြုလောက်သည့် စာအုပ်စာတမ်းရှားပါးသော မြန်မာနိုင်ငံအတွက် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ ‘‘အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme