Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: ဇာတ်လမ်းတိုရုပ်ရှင်

နှင်မထုတ်ခဲ့ပေမဲ့

Posted on November 12, 2018 by Han Sann

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျမအမျိုးသားအခန်းကို လမ်းထဲမှ အိမ်နီးနားခြင်းတစ်ဦးသည် တံခါးလာခေါက်၍ ပရိတ်ရေဗူး လာပေးသည်။ “နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ပရိတ်ရေဖြန်းပက်လိုက်ပါ။ မကောင်းဆိုးဝါးတွေ ဘေးကနေ ကင်းသွားလိမ့်မယ်” ဟု အိမ်နီးနားခြင်း အမျိုးသားက ကျမအမျိုးသားကို ပြောခဲ့သည်။ ကျမတို့ လမ်းထဲက ကလေးတွေကလည်း မကောင်းဆိုးဝါး များကို နှင်ထုတ်ရန်နှင့်မကောင်းဆိုးဝါးများ ထိတ်လန့်ကြောက်ရွံစေရန် ဆူညံသံများပေးပြီး တောထုတ်မောင်းထုတ်ခဲ့ကြသည်။ ကျမ အမျိုးသားကို ပရိတ်ရေဗူးဝေမျှခဲ့သည့် မိတ်ဆွေကလည်း “မကောင်းဆိုးဝါးတွေ ထွက်။ မကောင်းဆိုးဝါးတွေ ထွက်”ဟု နှုတ်မှ တတွတ်တွတ်ရေရွတ်၍ လှေကားထစ်များမှတဆင့် အပေါ်ထပ်များဆီသို့ လှမ်းတက်သွားသည်။ × × × × × × ကျမအမျိုးသားက ပရိတ်ရေဗူးကို တွေတွေကြီး ကြည့်နေသည်။ ပရိတ်ရေဗူးကို သူဘယ်လိုများ လုပ်လေမလဲဟု ကျမငေးကြည့် နေမိသည်။…

Read more

ရင်မှာ ဟာတာတာ

Posted on October 29, 2018 by Han Sann

မြို့ပြ၊ အထပ်မြင့်၊ ဘေးချဉ်းကပ်တိုက်ခန်းနှစ်ခန်းတွင် သူတို့သုံးဦး နေထိုင်ကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် အခန်းတစ်ခန်းတွင် အကြင်လင်မယားအဖြစ်နေထိုင်ကြသည်။ အခြားတစ်ဖက်ခန်းတွင် အမျိုးသားတစ်ဦးသည် တစ်ဦးတည်းနေထိုင်သည်။ တိုက်ခန်း၏ အနောက်ဘက် ဝရန်တာတွင် ဆေးလိပ်ထွက်သောက်နေသော တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်ခန်း၏ ရေချိုးခန်းအတွင်း မှ ရေသံကို ကြားရသည်။ သူသည်တစ်ဖက်ခန်းရေချိုးခန်း၏ လေဝင်လေထွက်ပေါက်မှတစ်ဆင့် ရေချိုးနေသူကို ချောင်းကြည့်သည်။ ရေချိုးနေသူမှာ အမျိုးသမီးဖြစ်သည်။ ချောင်းကြည့်ခံလိုက်ရကြောင်း သူမသည် ကောင်းကောင်းသိလိုက်သည်။ ရေချိုးပြီးစ အမျိုးသမီးသည် တဘက်ရင်လျားဖြင့် တိုက်ခန်းအနောက်ဖက်ဝရန်တာသို့ ထွက်ခဲ့ပြီး သူမ၏ အတွင်းခံများကို လှမ်းနေသည်။ တစ်ဖက်ခန်းမှ အမျိုးသားသည် ဆေးလိပ်ပြာနှင့်အစီခံများကို တိုက်ခန်းနောက်ဖက်တွင် လာရောက်စွန့်ပစ်သည်။ သူမကို တွေ့ပြန်သည်။ တွေ့ဆုံမှုတွင် ပြုံးရယ်နှုတ် ဆက်ခြင်းအပါအဝင် တစ်စုံတရာရင်းနှီးသော ဆက်ဆံရေးကို မတွေ့ရပါ။ သာမန်တွေ့ဆုံမူတစ်ခုသာ ဖြစ်ခဲ့သည်။ တစ်ဦးတည်းနေထိုင်သူ…

Read more

အာရုံနွမ်းချိန်

Posted on October 22, 2018 by Han Sann

ဓာတ်ပုံဆရာတစ်ဦးသည် ပြတင်း‌ပေါက်တစ်ခုအနားတွင်ထိုင်၍ ဂက်(စ်)မီးခြစ်တစ်လုံးကို ‌ထောက်ထောက် မြည်‌အောင် လှည့်ခါ‌ဆော့‌နေသည်။ သူစိတ်‌ညောင်း‌နေဟန်တူသည်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုကို ‌တွေး‌တော‌နေသည်။ ပြတင်းအနီး ပတ်ဝန်း ကျင်တွင် ဓာတ်ပုံများကို အဝတ်လှန်းသလို ချိတ်ဆွဲထားသည်။ ကင်မရာအချို့ရှိသည်။ စားပွဲတင်နာရီတစ်လုံးရှိသည်။ မွန်းလွဲ ၂ နာရီထိုးရန် ၁၅ မိနစ်လို‌သေး‌ကြောင်း နာရီက ပြသ‌နေသည်။ ဓာတ်ပုံဆရာသည် ‌ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ မီးခိုး‌ငွေ့များကို မှုတ်ထုတ်‌နေသည်။ ‌ဆေးလိပ်ပြာခွက်ထဲတွင် ‌သောက် ပြီးသည့် ‌ဆေးလိပ်တို ရှစ်ခုရှိ‌နေခဲ့သည်။ သူထိုင်၍ ‌ငေးငိုင်‌နေချိန်သည် အ‌တော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် ကျေးငှက်တို့ ‌တေးသီ‌နေသည်။ ဓာတ်ပုံဆရာသည် တိတ်ဆိတ်ငြိမ်သက်‌နေသည်။ ချိတ်ဆွဲထား‌သော ဓာတ်ပုံတစ်ပုံကို ဖြုတ်ကြည့် လိုက်သည်။ ကင်မရာတစ်လုံးကို ‌ကောက်ယူ၍ ဓာတ်ပုံဆရာသည် ‌လေးလံ‌နေ‌သော ‌ခြေလှမ်းများဖြင့် အခန်းထဲမှ လမ်းမ‌ပေါ်သို့ ထွက်ခဲ့သည်။…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme