Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: စာအုပ်

အိုဘယ့်… အို…တေးမြုံငှက်

Posted on May 6, 2020August 9, 2023 by Han Sann

စတူဒီယိုခေတ် မြန်မာ့ဂီတလောကအကြောင်းကို နောက်ခံထားပြီး ရေးဖွဲ့ထားသော လုံးချင်းဝတ္ထုဖြစ်ပါသည်။ ၀တ္ထုအမည်မှာ တေးမြုံ ငှက်ဖြစ်သည်။ ရေးသူမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး မောင်သစ်မင်း ဖြစ်ပါသည်။ တေးမြုံငှက်၀တ္ထု၏ ဇာတ်လမ်းမှာ ထူးထူး ထွေထွေ ဆန်းဆန်းပြားပြား မဟုတ်ပါ။ ဂီတလောကနောက်ခံ အချစ်၀တ္ထုတစ်ပုဒ်သာဖြစ်သည်။ ချစ်ကွဲညား၊ ညားကွဲချစ်၊ ဂုဏ်မတူ အဆင့်အတန်းမတူ၊ မြင့်လွန်းသည့် ပန်း၊ ဆင်းရဲသားအနုပညာသမားဖြင့် မတူတော့ပြီ၊ မတန်တော့ပြီ၊ ခွဲကြဟဲ့၊ ဖျက်ကြဟဲ့ ဆိုသော သာမန်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ “ခင်ဗျားက ဇာတ်လမ်းဖတ်တဲ့ သူဆိုရင်တော့ တေးမြုံငှက်ဟာ ဇာတ်လမ်းအဓိကမဟုတ်တဲ့ အတွက် ခံတွင်းတွေ့ချင်မှ တွေ့မှာပေါ့လေ။ တေးမြုံငှက်ဟာ လူငယ်တွေကို နားလည်ဖို့၊ ဂီတသစ်ကို ထိစမ်းနိုင်ဖို့၊ ဂီတသစ်သမားတွေရဲ့ ဘ၀စစ်ကို မြင်တွေ့ရဖို့၊ ဒဿနသစ်တွေကို သဘောပေါက်ဖို့၊ တစ်ဆက်တည်းမှာ…

Read more

လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်(စာအုပ်)

Posted on January 9, 2019 by Han Sann

လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် စာအုပ်သည် စာရေးဆရာ ဟန်ဆန်း၏ စာပေလက်ရာကိုးပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ၁။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် ၂။ ထွေသူ၏ မှတ်စု ၃။ ကိုယ့်ပုံတူ ၄။ နိုင်ငံတော်သမ္မတဖတ်စာ ၅။ မွေးရပ်မြေ ၆။ ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး ၇။ ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက်နေပါစေ ၈။ အသိဉာဏ်ရှိသော လက်ကိုင်ဖုန်းတစ်လုံး ၉။ မင်းလူ ညနေခင်းများဟု အမည်ရသည့် စာပေလက်ရာကိုးပုဒ်ပါဝင်ပြီး စာရေးသူ ဟန်ဆန်း၏ ပင်ကိုယ်ရေးစာပေလက်ရာများစုစည်းမှု စာအုပ်ဖြစ်ပါသည်။ စာအုပ်နှင့်ပတ်သက်သော အမှာစာကို ကဗျာဆရာ ဇေယျာလင်း၊ အယ်ဒီတာ မျိုးမြင့်ညိမ်းနှင့် စာရေးဆရာ ဟန်ဆန်းတို့က ရေးသားထားပါသည်။ ထိုစာအုပ်နှင့်ပတ်သက်၍…

Read more

အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ

Posted on July 21, 2016 by Han Sann

သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် မဂ္ဂဇင်းဝတ္ထုများ စုစည်းမှုစာအုပ်ကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သဲအိမ်မောင်နေဝါ၏ ဝတ္ထု ၃၅ ပုဒ်ပါဝင်ပြီး ရှုမဝ၊ မိုးဝေ၊ မဟေသီ၊ သောင်းပြောင်းထွေလာရယ်စရာ၊ ရနံ့သစ်နှင့်ဟန်သစ်မဂ္ဂဇင်းတို့တွင် ဖော်ပြပါရှိသော မဂ္ဂဇင်းဝတ္ထုများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ထိုစာပေလက်ရာများသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလအတွင်းရေးသားခဲ့ပြီး မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ရသည့် ဝတ္ထုများလည်း ဖြစ်သည်။ ဝတ္ထုများကို တစုတစည်းတည်းဖတ်ရှုရခြင်း ကြောင့် စာရေးဆရာ၏ အရေးအသားနှင့်ရေးဟန်ပြောင်းလဲလာပုံများကို လေ့လာသိရှိခွင့်ရခဲ့ပါသည်။ သဲအိမ်မောင်နေဝါသည် မြန်မာ့ဝတ္ထုလောက အတွက် အရေးပါသော စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သူ၏ အရေးအသားများကို သတိထား လေ့လာမိခဲ့ပါသည်။ ထိုသို့ လေ့လာမိရာမှ တွေ့ရှိ သည့် တွေ့ရှိချက်များကို တင်ပြလိုပါသည်။…

Read more

စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ

Posted on January 7, 2016 by Han Sann

စာ‌ရေးသူ၊ စာအုပ်ထုတ်‌ဝေသူနှင့် စာအုပ်အ‌ရောင်းဆိုင်တို့၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာ‌ပေဗိမာန်အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ‌ဆွေး‌နွေးပွဲ၌ မူပိုင်ခွင့်ဥပ‌ဒေနှင့်ဆက်စပ်စာချုပ် များအ‌ကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်‌ဆောင်မှုအ‌ကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်‌ထောင်စု၏ အခွန်အ‌ကောက်ဥပ‌ဒေနှင့်စပ်လျဉ်း သည့်အ‌ကြောင်း၊ Royal Shop Online အ‌ကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တ‌လေး-‌နေပြည်‌တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ် ဆိုင်များအ‌ကြောင်းတို့ကို အသီးသီး‌ဆွေး‌နွေးခဲ့ကြသည်။ ထိုသို့‌ဆွေး‌နွေးရာတွင် မူပိုင်ခွင့်ဥပ‌ဒေနှင့်ပတ်သက်၍ ဦးမင်းတေဇညွန့်တင်(MN Associates)က ‌ဆွေး‌နွေးခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပ‌ဒေသည် ၁၉၁၄ ခုနှစ်ဥပ‌ဒေသာရှိပြီး ‌ခေတ်ကာလနှင့်ကိုက်ညီမှုမရှိ‌တော့‌ကြောင်း၊ မူပိုင်ခွင့်တွင် မူရင်းတီထွင်သူ (Author)နှင့်ပိုင်ဆိုင်သူ(Owner)ဟူ၍ရှိ‌ကြောင်း၊ မူရင်းတီထွင်သူသည်  Economic Right နှင့်Moral Right တို့ကို ပိုင်ဆိုင်ခွင့်ရရှိထား‌ကြောင်း၊ ထိုသို့ရရှိထား‌သောပိုင်ဆိုင်ခွင့်ကို စာ‌ရေးသူများအ‌နေဖြင့် သိရှိထားပြီး စာချုပ်စာတမ်းများချုပ်ဆိုသည့်အခါ မိမိရရှိမည့်…

Read more

သံမဏိနှင်းဆီ

Posted on January 5, 2016 by Han Sann

ကျေးလက်‌နေ က‌မ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်‌ရေး ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူ‌နေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုး‌တော်စပ်သည်ဆိုသူက ‌ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်‌သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်း‌သောအပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။

Read more

ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း

Posted on October 18, 2015 by Han Sann

‘‘ဉာဏ်‌ရှေ့သွားအနုပညာနှင့်အ‌ကြောင်းစပ်သည့်အ‌ရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာ‌ပေနှင့်ပတ်သက် သည့်ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် ‌အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ‌ဆွေး‌နွေးပွဲကို စာ‌ရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်‌ဆွေး‌နွေးခဲ့သည်။ ‌ဆွေး‌နွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အ‌ကြောင်းအရာများနှင့်အနုပညာလက်ရာများအ‌ကြောင်းကို ဉာဏ်‌ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ‌ဆွေး‌ နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအ‌ကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အ‌ကြောင်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။ စာ‌ပေအ‌ရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အ‌ကြောင်းများကို အခြား‌သောက‌လောင်အမည်များဖြင့်‌ရေးသားခဲ့‌ကြောင်း၊ အနုပညာလက်ရာများအ‌ကြောင်း ‌ရေးသားရာတွင် ပြည်တွင်းမှ စာ‌ပေအနုပညာလက်ရာများဖြင့် အားဖြည့်‌ ရေးသားခဲ့‌ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်‌တွေ့မြင်ခဲ့‌ကြောင်းနှင့် ဉာဏ်‌ရှေ့သွားအနုပညာသည်…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme