Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: စာပေရေးရာ

စသည်၊ စသည်ဖြင့်…(စာအုပ်)

Posted on December 27, 2018 by Han Sann

‘စသည်၊ စသည်ဖြင့်’စာအုပ်သည် ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေ၊ ဘာသာ စကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ  စသည့်အ‌ရေးအသားများနှင့်ပတ်သက်‌သော ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာ‌ပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်‌ဝေခဲ့‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း ‘စသည်၊ စသည်ဖြင့်…၊ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အ‌ရေး အသားများ’ဟုအမည်‌ပေးထားသည်။ ‘စသည်၊ စသည်ဖြင့်’စာအုပ်တွင် စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အ‌ထောက်အထားမဲ့၊ အကိုး အကားမဲ့ ‌ဖော်ပြသည့်အပြင် ‌သေချာ‌ရေးရာသည် သု‌တေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့် ‌ဘောင် တစ်ခုအတွင်းမှ ‌ရေးသား‌ဖော်ပြခဲ့သည့် စာတမ်းများနှင့်‌ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်‌ထောက်ပြရှင်းလင်းထား…

Read more

စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာပေအမြင် (စာအုပ်)

Posted on November 16, 2018 by Han Sann

စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်သည် မဂ္ဂဇင်းများတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေဆိုင် ရာ‌ဆောင်းပါး(၁၈)ပုဒ်ကိုစုစည်း၍ နှစ်ကာလများ စာအုပ်တိုက်က ၂ဝ၁၄ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ၌ ထုတ်‌ဝေခဲ့‌သော စာအုပ်ဖြစ် သည်။ ထိုစာအုပ်သည် စာ‌ပေဆိုင်ရာအယူအဆ၊ အ‌ကောက်အယူ၊ နားလည်မှုနှင့်ပညာရည်မပြည့်ဝခြင်း‌ကြောင့် ခံစားရသည့် အကျိုးဆက်များကို ‌ဝေဖန်‌ထောက်ပြထား‌သော ‌ဆောင်းပါးများစုစည်းမှု စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်ကို စာအုပ်စီစဉ်သူ(စာအုပ်တိုက်)က တူညီရာအ‌ကြောင်း အရာနှင့်အမျိုးအစားအလိုက် အမျိုးအစားခွဲခြင်း၊ ကဏ္ဍခွဲခြင်းနှင့်ဖွင့်ဆိုရှင်းလင်းခြင်းများကို မပြုထား‌သော်လည်း (က)ဘာသာ ပြန်ခြင်းနှင့်ပတ်သက်၍ (ခ)တက်ကျမ်းများနှင့်ပတ်သက်၍ (ဂ)‌မော်ဒန်/ပို့စ်‌မော်ဒန်နှင့်ပတ်သက်၍ (ဃ)စာ‌ရေးဆရာနှစ်ဦး၏ စာ‌ပေလက်ရာများနှင့်ပတ်သက်၍ ဟူ‌သောအ‌ကြောင်းအရာများကို တင်ပြထား‌သော၊ ‌ထောက်ပြ‌ဝေဖန်ထား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့စာ‌ပေအမြင်စာအုပ်တွင် ဘာသာပြန်ခြင်းနှင့်ပတ်သက်၍ ဗမာဘာသာစကား မဟုတ်‌သော ‌ဝေါဟာရ၊ စကားလုံးများကို အသံဖလှယ်ယူရာတွင် မူမမှန်သည့် ကိစ္စများ၊ လွဲမှားခြင်းများ၊…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme