Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

Tag: ခင်အောင်အေး

သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

Posted on February 7, 2020 by Han Sann

တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။ အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး စာဖတ်သူအားထုတ်ရခြင်း             “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ သည်။ စာဖတ်သူကို အလုပ်ပေးထားသော၊ စာဖတ်သူပါဝင်ခွင့် ရရှိနေသောကဗျာအဖြစ် မြင်မိပါသည်။ အစ၊ အလယ်၊ အဆုံးကွင်းဆက်များကို မိအောင် အားထုတ်ရတော့မည်ဆိုသည့်အသိကို ကဗျာဖတ်သူသည် ကဗျာဖတ်ရင်း သိလာရပါသည်။ ကဗျာဆရာ၏ ကဗျာက ကဗျာဖတ်သူကို မောင်းနှင်နေပြီဆို သည့်အသိကို ရရှိခံစားရပါသည်။ ကဗျာဆရာ၊ ဘာလုပ်မလဲဆိုသော လိုလား ချက်နှင့်အတူ ကဗျာ၏ရသကို အတူတကွ လိုက်လံရှာဖွေရခြင်းသည် အလွန်ကျေနပ်ဖွယ်ကောင်းသော အရသာတစ်ခုအဖြစ် ရရှိပါသည်။…

Read more
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme