စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ မူပိုင်ခွင့်ဥပဒေနှင့်ဆက်စပ်စာချုပ် များအကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်ဆောင်မှုအကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း သည့်အကြောင်း၊ Royal Shop Online အကြောင်းမိတ်ဆက်ခြင်းနှင့် ရန်ကုန်-မန္တလေး-နေပြည်တော်တို့တွင် ဖွင့်လှစ်မည့်စာအုပ် ဆိုင်များအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် မူပိုင်ခွင့်ဥပဒေနှင့်ပတ်သက်၍ ဦးမင်းတေဇညွန့်တင်(MN Associates)က ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေသည် ၁၉၁၄ ခုနှစ်ဥပဒေသာရှိပြီး ခေတ်ကာလနှင့်ကိုက်ညီမှုမရှိတော့ကြောင်း၊ မူပိုင်ခွင့်တွင် မူရင်းတီထွင်သူ (Author)နှင့်ပိုင်ဆိုင်သူ(Owner)ဟူ၍ရှိကြောင်း၊ မူရင်းတီထွင်သူသည် Economic Right နှင့်Moral Right တို့ကို ပိုင်ဆိုင်ခွင့်ရရှိထားကြောင်း၊ ထိုသို့ရရှိထားသောပိုင်ဆိုင်ခွင့်ကို စာရေးသူများအနေဖြင့် သိရှိထားပြီး စာချုပ်စာတမ်းများချုပ်ဆိုသည့်အခါ မိမိရရှိမည့်…
ကွန်ပျူတာစကားလုံးကပြောသော ကွန်ပျူတာ
ကွန်ပျူတာသည် တွက်ချက်ရေးစက်ကိရိယာတစ်ခုဖြစ်သည်။ လက်တင်ဝေါဟာရမှ ဆင်းတက်လာသော စကားလုံးတစ်လုံး လည်းဖြစ်သည်။ ကွန်ပျူတာစကားလုံးကို ၁၆၄ဝ နှောင်းပိုင်းကာလများကတည်းက အသုံးပြုခဲ့သည်ဟု လေ့လာသိရှိရသည်။
ကျွန်တော်နဲ့ GOOC 2010 ASIA & AFRICA ခရီးစဉ်
လက်နက်နဲ့ အဝတ်အစားတွေကို ထုတ်ယူတဲ့အခါ အဝတ်အစားထုတ်ပေးတဲ့ လူတွေက စာရေးသူကို အင်ဒိုနီးရှားနိုင်ငံသားလားလို့ မေးလာပြန်တယ်။ မဟုတ်ဘူး။ မြန်မာနိုင်ငံကလို့ ဖြေလိုက်တော့။ သူဘယ်လို အတွေးပေါက်သွားတယ် မသိဘူး။ သူ့လူတွေကို မင်းတို့ မြန်မာလာလို့ လိုက်မေးနေလေရဲ့။
သံမဏိနှင်းဆီ
ကျေးလက်နေ ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်ရေး ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူနေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုးတော်စပ်သည်ဆိုသူက ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်းသောအပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။
Open Source နှင့်ပတ်သက်၍
Open Source က Web Server ပိုင်းမှာဆို လုံးဝလွွှမ်းမိုးနေတယ်။ Microsoft Server လိုဟာမျိုး နှိုင်းယှဉ်လို့ကို မရဘူး။ OS ဆိုလဲ Linux သုံးမယ်။ Web Server ဆို Aperche ပေါ့။ အားလုံးက Open Source တွေပဲ။
ဘားကမ့်ရန်ကုန်ပုံရိပ်မှ ဒေသအလိုက် ကိုယ်ထူကိုယ်ထ ဘားကမ့်များသို့
နိုင်ငံတကာမှာပြုလုပ်တဲ့ Barcamp တွေကို လေ့လာကြည့်တဲ့အခါ နိုင်ငံအမည်များနဲ့ပြုလုပ်တဲ့ Barcamp များကို မတွေ့ရပဲ Barcamp London, Barcamp New York City, Barcamp Los Angeles, Barcamp Boston စသဖြင့် မြို့အမည်များကို အစွဲပြုပြီး ပြုလုပ်ကြတာကို တွေ့ရတယ်။
လိုကယ်လိုက်ဇေးရှင်းလုပ်ဖို့ ဘာကြောင့် လိုအပ်သလဲ
လူတိုင်းရနိုင်ခွင့်ရှိတဲ့ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ကွန်ပျူတာအသုံးပြုပြီးလုပ်ကိုင်နိုင်တဲ့ လုပ်ငန်းဆောင်တာများဟာ ဘာသာစကားအခက်အခဲကြောင့် အဟန့်အတားမဖြစ်စေတော့ပဲ မိခင်ဘာသာစကားတတ်မြောက်သူတိုင်းဟာ အိုင်စီတီရဲ့ အသီး အပွင့်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဘားကမ့်ရန်ကုန် ၂ဝ၁၂ နဲ့ ကျွန်တော့်ရှုထောင့်
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဘားကမ့်ရန်ကုန် ၂၀၁၂ နှင့် ပတ်သက်သည့် သတင်းဆောင်းပါးကို မှတ်တမ်းမှတ်ရာအဖြစ် လွှင့်တင်ပါသည်။
ဘယ်သူ့ကိုမှ ဖိတ်မထားဘူး စိတ်ဝင်စားရင် လက်ရည်တူကစားနိုင်တယ်
ဘားကမ့်ရန်ကုန် ၂၀၁၀ အတွေ့အကြုံများနှင့် လူမှုကွန်ရက်အသုံးပြုမှုအကြောင်း စကားဝိုင်းကို ၂၀၁၀ ပြည့်နှစ်၊ မတ်လထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတွင် ပြခဲ့သည်ကို မှတ်တမ်းမှတ်ရာအဖြစ် လွှင့်တင်ပါသည်။
ကိုယ်တိုင်ပါဝင်နိုင်မည့် ဘားကမ့် သို့မဟုတ် ဘားကမ့်ရန်ကုန် ၂ဝ၁ဝ
၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော ဘားကမ့်ရန်ကုန် ၂၀၁၀ အကြောင်း နည်းပညာဆိုင်ရာ အင်တာဗျူးဆောင်းပါးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဘားကမ့်၏ မှတ်တမ်းအစိတ်အပိုင်းတစ်ခုအဖြစ် ရည်ရွယ်၍ အကိုးအကားပြုနိုင်ရန် လွှင့်တင်ပါသည်။