“ကျွန်မဆီမှာ မှတ်တမ်းအနေနဲ့ နောက်ထပ်ရှိနေတာကတော့ ဒေါ်ဒေါ်ချောနဲ့ သူ့သူငယ်ချင်း ကော်လင်းဆိုသူတို့က ဒီစာမူအကြောင်း အပြန်အလှန် ဆွေးနွေးထားတဲ့ စာနှစ်စောင်ပါ။ ကော်လင်းက ကျွန်မရဲ့ စာမူဟာ ခရီးစဉ်မှတ်တမ်းဆိုတာထက် စာပေလက်ရာတစ်ခု ဖြစ်နေတယ်လို့ အဲဒီစာထဲမှာ ဆိုထားပါတယ်”ဆိုသော မသီတာ(စမ်းချောင်း)၏ အမှာစာပါ “စာပေလက်ရာတစ်ခုဖြစ်နေတယ်”စကားရပ်ကြောင့် “ရာမည၊ ဧရာ ၀တီ(၁၉၈၈-၈၉)” စာအုပ်ကို စိတ်ဝင်စားမှု ပိုမိုတိုးပွားရပါသည်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သွားခဲ့ပါသည်။ ထိုခရီးများအနက် မွန်နှင့် ဧရာ၀တီခရီးစဉ်များသည် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် စာရေးဆရာမ မသီတာ(စမ်းချောင်း) သည် ပြန်ကြားရေးတာဝန်ဖြင့် ခရီးကို လိုက်ပါခဲ့ရသည်။ ခရီးစဉ်ကို မှတ်တမ်းတင်ခဲ့ရပါသည်။ ထိုမှတ်တမ်းကို ခရီးစဉ်အပြီးတွင် ပြုစုရေးသားနိုင်ခဲ့ သော်လည်း နှစ်ပေါင်း ၃၀ ကြမှသာ…
“ဂီလာ”ရုပ်ရှင်ဇာတ်ကားနှင့်တိုင်းရင်းသားရုပ်ရှင်ကဏ္ဍ
တိုင်းရင်းသားများထဲမှ မျိုးနွယ်စုတစ်ခုဖြစ်သည့် ရဝမ်တိုင်းရင်းသားလူမျိုးစုအကြောင်းကို အခြေပြုရိုက် ကူးတင်ပြထားသည် “ဂီလာ”ဆိုသော ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ရွှေတောင်ကြားလမ်းရှိ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာတွင်ပြသခဲ့၍ ကြည့်လိုက်ရပါသည်။ ထိုဇာတ်ကားသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးတို့၌သာ ရုံတင်ပြသခွင့်ရထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသခွင့်မရသေးပါ။ “ဂီလာ”ရုပ်ရုပ်ဇာတ်ကားကြီးသည် ရဝမ်သရုပ်ဆောင်၊ ရဝမ်ဒါရိုက်တာတို့က ရဝမ်မျိုးနွယ်စုအကြောင်းကို အခြေပြု၍ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားများထဲတွင်မှ ထူးခြားသောရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါသည်။ “ဂီလာ”ရုပ်ရှင်ဇာတ်ကားတွင် ပထမဦးစွာ သတိထားမိသည့် ထူးခြားမှုမှာ ရဝမ်တိုင်းရင်းသားလူမျိုးစုများ၏ ၁၈ ရာစုနှစ်မှ လူမှုဘ၀နေထိုင်မှု များနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရဝမ်လူမျိုးစုများသည် ယနေ့ကာလတွင် ယနေ့ ခေတ်ကာလအတိုင်း ဝတ်စားဆင်ယဉ်နေထိုင်နေကြ၍ လူမျိုးစု၏ ထူးခြားမှုဝိသေသကို ပြသရန်ခက်ခဲသောကြောင့် ရဝမ်ရိုးရာနှင့်နီးကပ်မှုရရှိစေ ရန် ၁၈ ရာစုနှစ်များဆီသို့ နောက်ဆုတ်၍ ဇာတ်လမ်းဆင်ရိုက်ကူးခဲ့သည်ဟု…
စသည်၊ စသည်ဖြင့်…(စာအုပ်)
‘စသည်၊ စသည်ဖြင့်’စာအုပ်သည် ရွှေအမြုတေမဂ္ဂဇင်းတွင် မြင့်သန်းရေးသားခဲ့သည့် စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့်အရေးအသားများနှင့်ပတ်သက်သော ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း ‘စသည်၊ စသည်ဖြင့်…၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေး အသားများ’ဟုအမည်ပေးထားသည်။ ‘စသည်၊ စသည်ဖြင့်’စာအုပ်တွင် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အထောက်အထားမဲ့၊ အကိုး အကားမဲ့ ဖော်ပြသည့်အပြင် သေချာရေးရာသည် သုတေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့် ဘောင် တစ်ခုအတွင်းမှ ရေးသားဖော်ပြခဲ့သည့် စာတမ်းများနှင့်ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်ထောက်ပြရှင်းလင်းထား…
ပြောနေသည် အိုက်ဝေဝေ(စာအုပ်)
တရုတ်နိုင်ငံသား အနုပညာရှင် အိုက်ဝေဝေ၏ အင်တာဗျူးနှစ်ခုနှင့် အိုက်ဝေဝေ၏ အတွေးအခေါ်အယူအဆများကို ‘‘ပြောနေသည် အိုက်ဝေဝေ’’ဟု အမည်ပေး၍ ထုတ်ဝေထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ အင်တာဗျူးဆရာ ဟန်ယူရစ် အော့ဘ်ရစ်က အိုက်ဝေဝေကို မေးမြန်းထားသည့် အင်တာဗျူး နှင့် လယ်ရီ ဝါ့ရု စုဆောင်းတည်းဖြတ်ထားသည့် အိုက်ဝေဝေအတွေးအခေါ်များကို ဖော်ပြထားခြင်းဖြစ်သည်။ အိုက်ဝေဝေသည် စိတ်ဝင်စားဖွယ်ကောင်းသောသူ တစ်ဦးဖြစ်သည်။ ထို့အတူ အိုက်ဝေဝေ၏ ဖခင်ဖြစ်သူ အိုက်ကျင့်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းသူ တစ်ဦးဖြစ်သည်။ အိုက်ကျင့်ကို စိတ်ဝင်စားခြင်းအားဖြင့် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလ(၁၉၆၆)ကိုလည်း စိတ်ဝင်စားရပါသည်။ ထို့အတူ နယူးယောက်ခ်အသိုက်အဝန်းနှင့် ကမ္ဘာကလည်း အိုက်ဝေဝေကို ဘာကြောင့်စိတ်ဝင်စားရသလဲဆိုသည်ကိုလည်း စိတ်ဝင်စားရသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးဖြစ်သူ မှတ်တမ်းရုပ်ရှင်သမား စိုးမိုးအောင်ပြောခဲ့ဖူးသကဲ့သို့ အိုက်ဝေဝေသည် တရုတ်အစိုးရ၏ နယ်ရုပ်ကလေးတစ်ရုပ် လည်း ဖြစ်နိုင်သည်။ တရုတ်အစိုးရ၏ ပြယုဂ်လည်းဖြစ်နိုင်သည်။ အိုက်ဝေဝေသည်…
ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု
‘‘ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို ကဗျာဆရာဇေယျာလင်းကဦးဆောင်၍ တက်ရောက်လာသူများနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့ကြသည့် အကြောင်းအရာများမှအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် အောက်ပါအတိုင်း ပြုစုပါသည်။ ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ကြိုက်ရသည့်အကြောင်းအရင်း၊ မကြိုက်ရသည့်အကြောင်းအရင်းနှင့် ကဗျာဖတ်သူတစ်ဦး၏ ကြိုက်နှစ် သက်မှုများအကြောင်းတို့ကို နမူနာပြကဗျာများဖြင့် အပြန်အ လှန်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးသည့် အပေါ်တွင်မူတည်၍ ကဗျာဖတ်သူတစ်ဦးနှင့် တစ်ဦးသည် ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်သည့်ပုံစံ မတူညီနိုင်ကြောင်း၊ ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို အချက် ၅ ချက် ဖြင့် ဆွေးနွေးလိုကြောင်း ကဗျာဆရာဇေယျာလင်းက ဆွေးနွေးသည်။ အဆိုပါအချက် ၅…
ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု
‘‘ကျွန်တော်က တွေ့ချင်တာ’’အမည်ဖြင့် ကဗျာဆရာအောင်ချိမ့်နှင့်တွေ့ဆုံသော ကဗျာအကြောင်း ဆွေးနွေးပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၃ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲကို ပဲန်မြန်မာက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကဗျာဆရာ အောင်ချိမ့်၏ ပထမဦးဆုံးသော တွေ့ဆုံဆွေးနွေးပွဲလည်းဖြစ်သည်။ ဆွေးနွေးပွဲမှ ဆွေးနွေးပြောဆိုချက်များကို မှတ်တမ်းအဖြစ် အောက်ပါအတိုင်း မှတ်စုထုတ် ရေးသားအပ်ပါသည်။ ၁။ ၁၉၇ဝ ပြည့်နှစ်တွင် မြန်မာ့ကဗျာ အချိုးအပြောင်းဖြစ်ပေါ်သည်။ ၁၉၆၂ ခုနှစ်နှောင်းပိုင်းကာလများတွင် တော်လှန်ကဗျာ၊ ခေတ်ပေါ်ကဗျာအစရှိသည့် ကဗျာအမျိုးအစားများ ထွက်ပေါ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင်သာနိုး ရေးသားသည့် ‘‘ထင်းရှုးပင်ရိပ်’’စာအုပ်ထွက်ခဲ့သည်။ ထိုစာအုပ်သည် ခေတ်ပေါ်ကဗျာဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ နိုင်ငံရေးလှုံဆော်သော သုံးကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်ပေါ်ခဲ့သည်ဟု…
အမှာစာ၊ အမှာစာဆိုနှင့် သူ၏ နေရာ၊ သူ၏ တန်ဖိုး
စာတစ်အုပ်၏ အိမ်ဦးခန်းတွင် နေရာယူလေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလိုသော အလယ်တန်းကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို မေးခွန်းထုတ် မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အဖြေပေးခဲ့သည်။ စာအုပ်နှင့်ပတ်သက်၍၊ စာရေးသူနှင့်ပတ်သက်၍၊ စာရေးဆရာရေးသားသည့် အကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်ပေးသည့် စာသည် အမှာစာ မည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သဘောထားကိုက်ညီသည်၊ မကိုက်ညီသည် ကို အကဲဖြတ်စစ်ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလိုသော အကြောင်းအရင်း အကောင်းအဆိုးကို ထပ်မံစူးစမ်း နိုင်ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။ (က) မြန်မာစာပေလောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်ဝေရန် ပြင်ဆင်ကြချိန်တွင်…
သံမဏိနှင်းဆီ
ကျေးလက်နေ ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦး၏ ကိုယ်တိုင်ရေး ဖြစ်ရပ်မှန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် သူ၏ အပျိုစင်ဘဝကို ရပ်ရွာအတွင်းအတူနေထိုင်သူ အမျိုးသားတစ်ဦးထံ အဖိုးတော်စပ်သည်ဆိုသူက ရောင်းချခဲ့သည်။ လိင်မူကိစ္စကို မသိတတ်သေးသည့် သူမသည် ထိုအမျိုးသား၏ ကြမ်းတမ်းသော အပြုအမှုကို ပြင်းထန်စွာခံစားရပြီး မိမိမည်သို့ ပြုမူခံရသည်ကိုပင် မသိခဲ့ပါ။ ထို့အပြင် အမျိုးသမီးတို့၏ သဘာဝရာသီပေါ်ခြင်းကိုပင် ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ ရပ်ရွာတွင် အတူနေထိုင်သူ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုဖြင့် ရာသီပေါ်ခြင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။ အသက်ဆယ့်ငါးနှစ်အရွယ်တွင် အတင်းအကျပ်အိမ်ထောင်ချပေးခြင်းခံရသည်။ အိမ်ထောင်သည်ဘဝတွင် အမျိုးသားနှင့်သာယာသည့် အိမ်ထောင်တစ်ခု ကို ထူထောင်ရခြင်းမဟုတ်ဘဲ အနိုင်ကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်းအစရှိသည့် လိင်ကျေးကျွန်ဘဝကို ရင်ဆိုင်ရပြန်သည်။ ထို့နောက် ပြည့်တန်ဆာအိမ်သို့ ရောင်းချခြင်း ခံရပြန်သည်။ ပြည့်တန်ဆာအိမ်တွင်လည်း နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရခြင်း၊ ဧည့်သည်ပေါင်းများစွာဖြင့် နေ့စဉ်ထိတွေရပြီး လူ့ငရဲခန်းတွင်…
ဖိုတိုဗုံး
‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဓာတ်ပုံရိုက်ကူးမှုမြင်ကွင်း အတွင်းသို့ လျှပ်တပြက်ဝင်ရောက်လာသောလူ၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုများ နှောက်ယှက်ဝင် ရောက်ခံရခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖိုတိုဗုံးဆိုသော ဝေါဟာရကို ၂ဝဝ၈ ခုနှစ်တွင် စတင်အသုံးပြုသည်ဟု မှတ်တမ်းပြုစုထားသည်။ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်တွင် ဖိုတိုဗုံးဆိုသောဝေါဟာရကို အသုံးပြု၍ ရှာဖွေခြင်းပြုလုပ်မှုကို ၂ဝဝ၈ ခုနှစ်တွင် စတင်ပြုလုပ်လာကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာသည်။ ထို ကာလတွင် ဖိုတိုဗုံးဓာတ်ပုံများကို ရှာဖွေကြည့်ရှုမှု အလွန်မြင့်မားလာခဲ့သည်။ ဂျနီဖာလောရင့်၊ တေလာဆွစ်နှင့် ယူတူ အစရှိသူတို့၏ ဖိုတိုဗုံး ဓာတ်ပုံများကို…
လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း
သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယနေ့ကာလတွင် ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်ဝေါဟာရအားဖြင့် misinformation ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation ဟု ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။ တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း) (disinformation) လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်ပေါ်ခြင်း၊ လုပ်ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်သော ပုံစံရရှိအောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့အောင်အကောင်အထည်ဖော်ဆောင်လိုက်သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အခြေအနေကို ပုံစံဖျက်၍ မိမိအလိုရှိသောသဏ္ဍာန်အတိုင်း လုပ်ကြံကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်သော သတင်းအချက်အလက်များကို…