လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည် စာပေပုံစံတစ်ခုတည်း ရှိသည်မဟုတ်ဘဲ အခြားသောအနုပညာပုံစံများဖြစ် သည့် သီချင်း၊ ရုပ်ရှင်၊ ပြဇာတ် အစရှိသည့်ပုံစံများဖြင့်လည်း ရှိနေပြန်သည်။ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းကြီးများဖြင့် ဘောင်ခတ်မထားဘဲ ပွင့်လင်းစွာဖွင့်၍ ရေးသားနိုင်သည်မှာ သရော်စာပင်ဖြစ်သည်။ သရော်စာဆိုသည်မှာ ပေါက်ကွဲပွင့်ထွက်တော့မည့် ဘွိုင်လာအိုးမှ လေဘားကို ဖွင့်ပေးခြင်းဖြစ်သည်ဟု ဆရာမောင်သော်က ကဆို ခဲ့သည်။ လက်ခုပ်နှင့်လက်သီးအကြား ပါးပါးကလေးရေးရသည်မှာ သရော်စာဖြစ်သည်ဟု ဆရာမင်းလူကလည်း ဆိုခဲ့ဖူးသည်။ သူရဿဝါ၏ “သည်းခံတော်မူကြပါစ…
Tag: Literature | စာပေ
ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ
စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက ခွင့်ပြုခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု နက်ခ်ဖလစ်က ပြောခဲ့ပါသည်။ နက်ခ်ဖလစ်သည် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ဗီအိုဒီ(VOD, Video On Demand)စနစ်ဖြင့် ရုပ်သံများကို ထုတ်လွှင့်နေပါသည်။ One Hundred Years of Solitude လုံးချင်း၀တ္ထုကို စပိန်နိုင်ငံ၌ ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါ သည်။ ထိုစာအုပ်သည် မားကွက်စ်၏…
ဂါစီယာ မားကွက်စ် ဆိုသူမှာ
ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း သတင်းစာဆရာဘဝကို စတင်ခဲ့ သည်။ ဒေသအတွင်း ထုတ်ဝေသည့် သတင်းစာတစ်ခုတွင် ပင်တိုင်ရေးသားခဲ့သည်။ ထိုသို့ရေးသားနေရင်း ကိုလံဘီယာ၏ စာရေးဆရာများ၊ သတင်းစာဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြင့် စုစည်းထား သည့် Barranquilla Group ၏ တက်ကြွလှုပ်ရှားသောအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် ၂၀ ရာစု အလယ်ခေတ်၌ အသိပညာဆိုင်ရာနှင့်စာပေရေးရာများဖြင့် ထင်ရှား၍ အင်အားကြီးသောအဖွဲ့တစ်ခုဖြစ် သည်။ ထိုအဖွဲ့မှရရှိသော စိတ်ကူးစိတ်သန်းများနှင့်စေ့ဆော်မှုများသည် မားကွက်စ်ကို…
ဒေါရစ်လက်စင်း ဆိုသူမှာ
ဒေါရစ်လက်စင်း(Doris Lessing) ဆိုသူမှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိထားသူ ဗြိတိန်နိုင်ငံသား စာရေးဆရာမကြီးဖြစ်သည်။ ကမ္ဘာ့စာပေအသိုက်အဝန်းတွင် ထင်ရှားကျော်ကြားသော
ကွန်ပျူတာအနုပညာဆိုသည်မှာ
ကွန်ပျူတာအနုပညာဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ ဖန်တီးထားသော အနုပညာလက်ရာများကို ခေါ်ဆိုသည်။ အနုပညာလက်ရာတစ်ခုကို ကွန်ပျူတာဖြင့် ဖန်တီးရာတွင် ကွန်ပျူတာကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း အသုံးပြုကြသည်။ ထို့အပြင် အနုပညာလက်ရာကို တင်ဆက်ပြသရန်အတွက် ကြားခံအလွှာတစ်ခုအဖြစ် ကွန်ပျူတာကို အသုံးပြုကြသည်။