Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

အာရာဗင်း အဒီဂါ ဆိုသူမှာ

Posted on September 5, 2015September 3, 2025 by Han Sann

Aravind Adiga_02အာရာဗင်း အဒီဂါ(Aravind Adiga)ဆိုသူမှာ အိန္ဒိယနွယ်ဖွား ဩစ‌တေးလျနိုင်ငံသား စာ‌ရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သည်။ The White Tiger (ကျားဖြူ)စာအုပ်ဖြင့် ကမ္ဘာ့စာ‌ပေအသိုင်းအဝန်းတွင် ထင်ရှားလာသူဖြစ်သည်။ ထိုစာအုပ်သည် သူ၏ပထမဦးဆုံးလုံးချင်းစာအုပ်ဖြစ်ပြီး The Man Booker ဆုကို ၂ဝဝ၈ ခုနှစ်တွင် ရရှိခဲ့သည်။ The White Tiger စာအုပ်ကို စာ‌ရေးဆရာသင့်လူက ကျားဖြူအမည်ဖြင့် ဘာသာပြန်ခဲ့ပြီး ငါတို့စာ‌ပေမှ ထုတ်‌ဝေခဲ့သည်။ အာရာဗင်း အဒီဂါကို ၁၉၇၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ‌မွေးဖွား ခဲ့သည်။ ၁၉၉ဝ ခုနှစ်‌နောက်ပိုင်းတွင် ဩစ‌တေးလျနိုင်ငံသို့ ‌ပြောင်းရွှေ့နေထိုင်ခဲ့သည်။ နယူး‌ယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် အင်္ဂလိပ်စာ‌ပေကို ‌လေ့လာသင်ယူခဲ့ပြီး ‌အောက်စဖို့စ်တက္ကသိုလ်တွင်လည်း သင်ယူခဲ့သည်။

Financial Time သတင်းစာ၏ သတင်း‌ထောက်အဖြစ် လုပ်ဆောင်ခဲ့သည်။ စ‌တော့‌ဈေးကွက်သတင်း၊ ရင်းနှီးမြုပ်နှံမှုသတင်းနှင့်စီးပွား‌ရေးဆိုင်ရာအင်တာဗျူးများကို Financial Time တွင် ‌ရေးသားခဲ့သည်။ ထို‌နောက် Time မဂ္ဂဇင်း၏ ‌တောင်အာရှ‌ဒေသတွင်း အလွတ်တန်းသတင်း‌ထောက်အဖြစ် ၃ နှစ်ခန့် အလုပ်လုပ်ခဲ့ သည်။ ထိုကာလအတွင်း The White Tiger စာအုပ်ကို ‌ရေးသားခဲ့သည်။ ထိုစာအုပ်ကို ၂ဝဝ၈ ခုနှစ်တွင် ထုတ်‌ဝေနိုင်ခဲ့သည်။ The Man Booker ဆုကိုလည်း ထိုနှစ်တွင်ပင် ရရှိခဲ့သည်။ အာရာဗင်း အဒီဂါသည် The Man Booker ဆုရရှိသည့် အ‌ယောက် ၄ဝ‌မြောက် အိန္ဒိယနွယ်ဖွားစာ‌ရေးဆရာအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

The White Tiger သည် အိန္ဒိယ၏ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့်‌ကျေးလက်‌နေနိုင်ငံသားများ ကြုံ‌တွေ့‌နေရသည့် အ‌ရေးကိစ္စများကို ‌ရေးသားထားခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ‌ရေးသမားများနှင့်စီးပွား‌ရေးသမားများ အကြားတွင် ကြီးထွားလှိုက်စား‌နေသည့် အဂတိလိုက်စားမှုများအ‌ကြောင်းကို တို့ထိသ‌ရောထားခြင်းဖြစ်သည်။ ထို့ အတူ အိန္ဒိယနိုင်ငံရှိ ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်‌နေသူများ ကြုံ‌တွေ့‌နေရ‌သော ဘဝရုပ်ပုံလွွှာများ၊ ဆင်းရဲချမ်း သာကွာခြားမှု၊ သခင်ကျွန်ဆက်ဆံ‌ရေးနှင့်လူမှုဘဝအတွင်း ခွဲခြားဆက်ဆံခံထားရမှုများကိုလည်းထည့်သွင်း‌ရေးဖွဲ့ခဲ့ သည်။ ထိုစာအုပ်ကို Alantic Books(UK) နှင့် Harper Collins(India) စာအုပ်တိုက်တို့က ၂ဝဝ၈ ခုနှစ်တွင် ထုတ်‌ဝေ‌ပေးခဲ့သည်။ ထိုစာအုပ်သည် အိန္ဒိယတစ်နိုင်ငံတည်းတွင်ပင် အုပ်‌ရေ ၂ သိန်းခန့်‌ရောင်းချခဲ့ရ သည်။

အာရာဗင်း အဒီဂါ ‌ရေးသားသည့် ဒုတိယစာအုပ်  Between the Assassinations ကို အိန္ဒိယတွင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာတွင် ထုတ်‌ဝေခဲ့ပြီး အ‌မေရိကနှင့်အင်္ဂလန်တို့တွင် ၂ဝဝ၉ ခုနှစ် နှစ်လည်ပိုင်းတွင် ထုတ်‌ဝေခဲ့ သည်။ Last Men in Tower  စာအုပ်ကို ၂ဝ၁၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ထုတ်‌ဝေခဲ့သည်။ ထို့အပြင် The Guardia, The Sunday Times, The Times နှင့် The New Yorker တို့တွင်လည်း ဝတ္ထုတိုများကို ‌ရေးသားလျှက်ရှိသည်။ www.aravindadiga.com သည် အာရာဗင်း အဒီဂါ၏ ကိုယ်ပိုင်အင်တာနက် စာမျက်နှာဖြစ်ပြီး ဝတ္ထုတိုများ၊ အက်‌ဆေးများနှင့် ‌ဆောင်းပါးများကို လွှင့်တင်ထားသည်။

ဟန်‌ဇော်

Category: Literature

Post navigation

← ယန် မာတဲလ် ဆိုသူမှာ
ကိုယ့်ပုံတူ | Self-Portrait →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme