Skip to content

ဟန်ဆန်း ~ Han Sann

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
Menu

ယန် မာတဲလ် ဆိုသူမှာ

Posted on August 24, 2015September 3, 2025 by Han Sann
Yann Martel
Yann Martel

ယန် မာတဲလ်(Yann Martel) ဆိုသူမှာ က‌နေဒါနိုင်ငံသား စာ‌ရေးဆရာတစ်ဦးဖြစ်သည်။ Life of Pi စာအုပ်သည် မာတဲလ်၏ ထင်ရှား‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို နိုင်ငံတကာတွင် ထုတ်‌ဝေ‌ရောင်းချခဲ့ရာ စာအုပ်အ‌ရေအတွက် ၁၂ သန်း‌ကျော် ကုန်ခဲ့သည်။ ကမ္ဘာအ‌ရောင်းရဆုံးနံပါတ်တစ်စာအုပ်ဖြစ်ခဲ့ပြီး နယူးယောက်တိုင်းမ်သတင်းစာ၏ အ‌ရောင်းရဆုံး စာအုပ်စာရင်းတွင် ကာလကြာမြင့်စွာ ‌ဖော်ပြခြင်းခံခဲ့ရသည်။ ထိုစာအုပ်ကို ရုပ်ရှင်ဒါရိုက်တာအန်လီက ရုပ်ရှင်အဖြစ် ရိုက်ကူး ခဲ့ရာတွင်လည်း ‌အောင်မြင်မှု ရရှိခဲ့သည်။ Life of Pi စာအုပ်ဖြင့် ယန် မာတဲလ်သည် Man Booker Prize ကို ၂ဝဝ၂ ခုနှစ်၌ရရှိခဲ့ပြီး နိုင်ငံတကာတွင် ထင်ရှား‌ကျော်ကြားသည့် စာ‌ရေးဆရာတစ်ဦးဖြစ်လာခဲ့သည်။

မာတဲလ်ကို ၁၉၆၃ ခုနှစ်၌ စပိန်နိုင်ငံတွင် ‌မွေးဖွားခဲ့သည်။ သူ၏ မိဘများသည် ပြင်သစ်စကား‌ပြော က‌နေဒီယံများဖြစ်သည်။ ဖခင်သည် က‌နေဒါအစိုးရ၏ သံတမန်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူသည် ဘာသာပြန်စာ‌ရေးဆရာမတစ်ဦးဖြစ်သည်။ ဖခင်သည် လည်း စာ‌ရေးဆရာတစ်ဦးဖြစ်သည်။ ‌ကော်စတာရီကာ၊ ပြင်သစ်၊ မက္ကဆီကို၊ အလက်စကားနှင့်က‌နေဒါတို့တွင် ‌နေထိုင်၍ မာတဲလ် သည် ကြီးပြင်းခဲ့ရသည်။ အရွယ်‌ရောက်လာ‌သောအခါ မာတဲလ်သည် အီရန်၊ တူရကီနှင့်အိန္ဒိယတို့တွင် ‌နေထိုင်ခဲ့ရသည်။ ‌အော်တာ ရီတိုရှိ Trent တက္ကသိုလ်တွင် ဒဿနိက‌ဗေဒကို ‌လေ့လာခဲ့သည်။ ထို‌နောက် အိန္ဒိယတွင် ၁၃ လခန့်သွား‌ရောက်‌နေထိုင်ပြီး ဗလီများ၊ ခရစ်ယာန် ဘုရားရှိခိုး‌ကျောင်းများ၊ ဟိန္ဒီဘုရား‌ကျောင်းများနှင့် တိရိစ္ဆာန်ရုံများ သို့လည်ပတ်သွားလာခဲ့သည်။ ဘာသာ‌ရေးဆိုင်ရာစာ‌ပေများကို ၂ နှစ်ခန့်‌လေ့လာဖတ်ရှုခဲ့သည်။ သင်္ဘောပျက်၍ ‌ရေ‌မျောကမ်းတင်ဖြစ်ခဲ့ရသည့် ဇာတ်လမ်းများကိုလည်း ထိုကာလအတွင်းဖတ်ရှု‌နေခဲ့သည်။ ကိုးကွယ်ယုံကြည်မှုများနှင့်သင်္ဘောပျက်ကြောင့် ‌ရေ‌မျောကမ်းတင် ဖြစ်ရသည့် ဇာတ်လမ်းများ မှ ကွန့်မြူးဖန်တီးထားသည်များကို ယန် မာတဲလ်၏ Life of Pi စာအုပ်တွင် ‌တွေ့ရှိရသည်။ Life of Pi စာအုပ်ကို ၂ဝဝ၁ ခုနှစ်တွင် ထုတ်‌ဝေခဲ့သည်။ ထိုစာအုပ်သည် ယန် မာတဲလ်၏ ‌လေးအုပ်‌မြောက်စာအုပ်လည်းဖြစ်ခဲ့သည်။

Life of Pi ဇာတ်လမ်း၏ အဓိကဇာတ်‌ကောင်နှစ်‌ကောင်မှာ သင်္ဘောပျက်မှလွတ်‌မြောက်၍ ပင်လယ်ထဲ‌မျောပါ‌နေသည့် လူငယ် တစ်ဦးနှင့်ကျားတစ်‌ကောင်တို့ဖြစ်ပြီး အသက်ကယ်‌လှေ‌ပေါ်တွင် ‌နေထိုင်ရှင်သန်ရသည့် ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းထဲ တွင် ဘာသာ‌ရေးဆိုင်ရာအယူအဆနှင့်အ‌ကြောင်းအရာများပါဝင်ခဲ့သည်။

ဂျာမဏီနိုင်ငံ ဘာလင်ရှိ Free University သို့ ၂ဝဝ၂ ခုနှစ်တွင် မာတဲလ်သည် ဧည့်ပါ‌မောက္ခအဖြစ်သွား‌ရောက်ခဲ့ပြီး စာ‌ပေ ဖန်တီးမှုတွင် တိရစ္ဆာန်တို့၏အ‌ကြောင်းအရာများ ထည့်သွင်း‌ရေးသားသည်နှင့် ပတ်သက်‌သောသင်ရိုးညွွှန်းတမ်းတစ်ခုကို ‌ရေးဆွဲ‌ပေးခဲ့သည်။

ယန် မာတဲလ်၏ မိခင်ဘာသာစကားသည် ပြင်သစ်ဘာသာ စကားဖြစ်‌သော်လည်း စာ‌ပေ‌ရေးသားရာတွင် အင်္ဂလိပ်ဘာသာစကား ဖြင့် ‌ရေးသားသည်။ ၁၉၉၃ ခုနှစ်တွင် Seven Stories ဟုအမည်ရ ‌သောစာအုပ်ကို မာတဲလ်‌ရေးသားထုတ်‌ဝေခဲ့သည်။ ထိုစာအုပ်သည် မာတဲလ်၏ ပထမဦးဆုံး‌သောစာအုပ်ဖြစ်သည်။ ထို့‌နောက် The Facts Behind the Helsinki Roccamations(1993), Self(1996), Life of Pi(2001), We Ate the Children Last(2004)နှင့် Beatrice and Virgil(2010) အစရှိသည့် စာအုပ်များကို အသီးသီးထုတ်‌ဝေခဲ့သည်။ ထိုစာအုပ်များအနက် Life of Pi အပါအဝင် Beatrice and Virgil နှင့် Self တို့သည် မာတဲလ်၏ ထင်ရှား‌သောစာအုပ်များဖြစ်သည်။

ဟန်‌ဇော်

Category: Literature

Post navigation

← လက်ကိုင်ဖုန်း၊ မြန်မာ့ဟန်ဖြေလျှော့မှုနှင့်ပြားသောကမ္ဘာ
အာရာဗင်း အဒီဂါ ဆိုသူမှာ →

The philosophy of Buddhism has deeply influenced Myanmar literature because Burmese literature began with translations of the Buddha’s stories. Not only the Burmese but also some other ethnic groups believe in Buddhism, while others follow Christianity or Islam.

Photo by Han Sann
  • Art
  • Book
  • Film
  • Literature
  • Media
  • Tech

 “တေးမြုံငှက်၀တ္ထုသည် ယနေ့ခေတ်ပေါ် ဂီတလောကအတွက် စဉ်းစားစရာ အလင်းရောင်ယှက်ဖြာပေးသော နံရံကပ် ၀တ္ထုဖြစ်ပေသည်”

  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ ဆင်ဆာအဖွဲ့၏ ဖြတ်တောက်တည်းဖြတ်မှုနှင့်ဆင်ဆာခွင့်ပြုမှုရရှိခြင်းသည် ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသမှုအတွက် အရေးပါနေသည်။ ဆင်ဆာအဖွဲ့၏ ဆင်ဆာမူဝါဒဆိုသည် တိကျရေရာစွာမရှိပါဘဲ အလွန်ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်များဖြင့်သာ စိတ်ပျက်ဖွယ်ကောင်းနေမြဲဖြစ်ပါ သည်။

ရသစာပေစုစည်းမှုများ

 နိုင်ငံ‌ရေးလှုံ‌ဆော်‌သော သုံး‌ကြောင်းကဗျာများ သည်လည်း ၁၉၆၂ ခုနှစ်ကာလများက ထွက်‌ပေါ်ခဲ့သည်ဟု ကဗျာဆရာ‌အောင်ချိမ့်က‌ ပြောခဲ့သည်။

သုတစာပေစုစည်းမှုများ

 We need to show our solidarity to promote and protect literary freedom and indigenous languages.

ဟန်ဆန်းသည် စာရေးဆရာတစ်ဦးဖြစ်သည်။ ယခုစာမျက်နှာသည် ဟန်ဆန်း၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖြစ်သည်။ ဟန်ဆန်းသည် စာပေရေးသားခြင်းအပြင် အမြင်ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးလေ့ရှိသူဖြစ်သည်။ ဟန်ဆန်းအမည်ဖြင့် ပြည်တွင်းမဂ္ဂဇင်းများတွင် ရသစာပေများရေးသားခြင်း၊ စာအုပ်မျက်နှာဖုံးရေးဆွဲခြင်းနှင့် အမြင်ဆိုင်ရာအနုပညာလက်ရာများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

  • Art
  • Book
  • Film
  • Literature
  • Media
  • Tech
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Han Sann | ဟန်ဆန်း
© 2025 ဟန်ဆန်း ~ Han Sann | Powered by Minimalist Blog WordPress Theme